
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၅-၂၀၂၀) ရက်နေ့၊ (၁၄:၀၀) နာရီအချိန်တွင် ဖာပွန်ခရိုင်၊ ကမမောင်းမြို့၊ အမှတ်(၂)ရပ်ကွက်၊ အလကခွဲ(၃) စာသင်ကျောင်းရှိ တိုက်ပွဲရှောင် အိမ်ထောင်စု(၅)စုမှ ကျား(၉)ဦး၊ မ(၁၅)ဦး၊ စုစုပေါင်း(၂၄)ဦးတို့အား ဆန်ရိက္ခာ (၇)ရက်စာဖိုးထောက်ပံ့ငွေ(၅၀,၄၀၀/-) ကျပ်တိတိအား သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
#otr
#krn_may2020