Covid-19 ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် ပြည်သူများသိရှိလိုက်နာဆောင်ရွက်ရမည့် အချက်များနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နေမှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၅-၂၀၂၀) ရက်နေ့၊ (၀၈း၀၀)နာရီအချိန်မှ၊ (၁၁း၃၀)နာရီအချိန်ထိ ဂန့်ဂေါမြို့နယ်၊ ခေါင်းတုံကျေးရွာ၊ မဲကျေးရွာ၊ လယ်မကျေးရွာ၊ ပြစ်မကျေးရွာတို့တွင် Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရန် သိရှိလိုက်နာ ဆောင်ရွက်ရမည့်အချက်များကို အသိပညာပေးဟောပြောခြင်းနှင့် ဗီနိုင်းပိုစတာပေးအပ်ခြင်းများဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

 

#ar

#mgy_may2020

Source:           ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events