Category Archives: News
-
COVID_19 ကူးစက်ရောဂါနှင့် ပတ်သက်၍ ပြည်သူများအားအသိပညာပေးနှိုးဆော်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၈-၅-၂၀၂၀)ရက်နေ့ (၁၅:၀၀) အချိန်၌ မိုးညှင်းမြို့နယ်၊ မော်ဟန်ကျေးရွာ၊ မော်ပင့်ကျေးရွာနှင့် မော်ဟဲကျေးရွာတို့တွင် COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များနှင့် လိုက်နာရမည့်အချက်များအား အသိပညာပေးနှိုးဆော် ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #kcn_may2020 Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၅-၂၀၂၀) ရက်နေ့ တွင် ဘိုကလေးမြို့နယ် ပျဉ်းမကုန်းကျေးရွာအုပ်စု၊ ပျဉ်းမကုန်းကျေးရွာတွင် (၁၀:၀၀)နာရီ၌ လည်းကောင်း ၊ကဇန်ဒေါင့်ကျေးရွာတွင်(၁၂:၀၀)နာရီ၌လည်းကောင်း၊ ကြံခင်းဝက်စုကျေးရွာတွင် (၁၄:၀၀)နာရီ၌လည်းကောင်း၊ Covid- 19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန် များနှိုးဆော်ခြင်းအား ကျေးရွာရှိအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများနှင့်အတူ ကျေးရွာနေပြည်သူတို့ အား အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_may2020 Source: ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လူမှုဝန်ထမ်းဦးစီးဌာန ၊ အခြားဌာန ဆိုင်ရာများနှင့် ပူးပေါင်းပြီး (၉-၅-၂၀၂၀)ရက်နေ့ နံ့နက် (၈:၀၀)နာရီ အချိန်မှ (၁၆:၀၀) နာရီအချိန်ထိ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၊ ဝမ်အဲန်ကျေးရွာ Covid-19 စစ်ဆေးရေးဂိတ်တွင် အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါ (COVID-19 )အသိပညာပေးခြင်း၊ ကိုယ်အပူတိုင်းတာပေးခြင်း၊ စနစ်တကျ လက်ဆေးရန် ညွှန်ကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #shn_may2020 Source: … Read more
-
Covid-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၅-၂၀၂၀) ရက်နေ့တွင် ရပ်ကျေးအဖွဲ့၊ အရန်မီးသတ်တပ်ဖွဲ့တို့နှင့် ပူးပေါင်း၍ ကျွန်းစုမြို့နယ်၊ ဇေးကမိကျေးရွာ၊ ပန်း တောင်ကျေးရွာ၊ တောင်ပုကျေးရွာ၊ ညောက်ဘီးကျေးရွာ၊ အညှင်းကျေးရွာ၊ ပဲယာကျေးရွာတို့တွင် COVID 19 ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး အသိပညာပေး ဆော်သြခြင်း၊ ဗီနိုင်းပိုစတာကပ် ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #tny_may2020 Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုများမဖြစ်ပွားစေရန်အတွက် အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုနှင့် Mask များ ဝေငှပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ ဟိုပန်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၅- ၂၀၂ဝ)ရက်နေ့တွင် ကျရောက်သည့် (၁၉၂) ကြိမ်မြောက် ကြက်ခြေနီနေ့အထိမ်းအမှတ်နေ့အဖြစ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီအသင်းတို့နှင့် ပူးပေါင်း၍ ဟိုပန်မြို့၊ ပန်လုံလမ်းရပ်ကွက်(မြို့လယ်အဝိုင်းပတ်)တွင် Masksများ ဝေငှခြင်း၊ ဟိုပန်မြို့ဝင်/ထွက်ဂိတ်ရှိ စစ်ဆေး ရေးဂိတ်တွင် ဝေငှနိုင်ရန်အတွက် Masksများ လွှဲပြောင်းပေးအပ်ခြင်း၊ Covid-19 ရောဂါ ကူးစက် ပျံ့နှံ့မှုများမဖြစ်ပွားစေရန်အတွက် ဆောင်ရန်/ရှောင်ရန်အချက်များအား … Read more
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၆-၅-၂၀၂၀)ရက်နေ့ (၁၃:၀၀) အချိန်ခန့်၌ မိုးညှင်းမြို့နယ်အတွင်း မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးနေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ(၅)ဦးအတွက် ဆန်ရိက္ခာဖိုး (၇)ရက်စာထောက်ပံ့ငွေ(၁၀,၅၀ဝ/-)ကျပ်နှင့် အိမ်ဆောက်ပစ္စည်း ဖိုးထောက်ပံ့ငွေ (၂၈,၀၀ဝ/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၃၈,၅၀ဝ/-)ကျပ်အား (၈-၅-၂၀၂၀)ရက်နေ့ (၁၄:၃၀) အချိန်တွင် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #kcn_may2020 Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၅-၂၀၂၀) ရက်နေ့တွင် ဒေးဒရဲမြို့နယ်၊ အုန်းပင်ကျေးရွာအုပ်စုမှ ဆားအိုးချောင်းကျေးရွာ၊ ဗန်ကျွန်းကျေးရွာ၊ မြင်းကကုန်း ကျေးရွာမှ တာဝန်ရှိသူတို့နှင့်အတူ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရေးအတွက် လိုက်နာဆောင်ရွက်ရန်များကို ကျေးရွာရှိပြည်သူများအား အသိပညာပေးခြင်းလုပ်ငန်းများနှင့် အသိပညာပေး ဗီနိူင်းပိုစတာများ ပေးအပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_may2020 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ ထောက်ပံ့မှုလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၅-၂၀၂၀) ရက်နေ့ တွင် Covid-19 နှင့် ပတ်သက်၍ မြစ်ကြီးနားမြို့နယ်ရှိ၊ နောင်နန်းတြီနတီ၊ နောင်နန်းဂျော်မဆပ် IDPs စခန်းများသို့ လက်သန့်ဆေးရေ (၆၄၀) ဘူး၊ Hand Speaker(၂)ခု၊ Memory Stick(၂)ခု၊ အဝတ် Mask(၂,၉၄၀) ခု တို့ အားသွားရောက်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #kcn_may2020 Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဉီးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (မှ ၈-၅-၂၀၂၀) ရက်နေ့ (၀၉:၀၀) မှ (၁၆:၃၀) ထိ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ခန္တီးမြို့နယ်အတွင်းရှိ လောင်ဆောက်ကြီးကျေးရွာ၊ သက်ကယ် တောင်ကျေးရွာနှင့် ပင်လုံဟတ္ထိကျေးရွာများတွင် COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ လှည့်လည်အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #sgg_may2020 Source: ခန္တီးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၅-၂၀၂၀) ရက်နေ့ ၊ (၀၈:၃၀) နာရီအချိန်မှ (၁၇:၃၀)နာရီအချိန်ထိ လတ်တလော နိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွား လျက်ရှိသော Covid-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဂန့်ဂေါခရိုင်အတွင်း ယာဉ်အဝင်အထွက် စီးနင်းလိုက်ပါလာသော ခရီးသည်များအား ကိုယ်အပူချိန်များ တိုင်းထွာ ပေးခြင်းနှင့် ပြည်တွင်းပြည်ပမှ ပြန်လာသူများအား စာရင်းပြုစုခြင်းတို့ကို ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများနှင့်အတူ ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_may2020 … Read more









