လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၅-၂၀၂၀) ရက်နေ့ တွင် ဘိုကလေးမြို့နယ် ပျဉ်းမကုန်းကျေးရွာအုပ်စု၊ ပျဉ်းမကုန်းကျေးရွာတွင် (၁၀:၀၀)နာရီ၌ လည်းကောင်း ၊ကဇန်ဒေါင့်ကျေးရွာတွင်(၁၂:၀၀)နာရီ၌လည်းကောင်း၊ ကြံခင်းဝက်စုကျေးရွာတွင် (၁၄:၀၀)နာရီ၌လည်းကောင်း၊ Covid- 19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန် များနှိုးဆော်ခြင်းအား ကျေးရွာရှိအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများနှင့်အတူ ကျေးရွာနေပြည်သူတို့ အား အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#ayy_may2020
Source: ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)