လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ ဟိုပန်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၅- ၂၀၂ဝ)ရက်နေ့တွင် ကျရောက်သည့် (၁၉၂) ကြိမ်မြောက် ကြက်ခြေနီနေ့အထိမ်းအမှတ်နေ့အဖြစ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီအသင်းတို့နှင့် ပူးပေါင်း၍ ဟိုပန်မြို့၊ ပန်လုံလမ်းရပ်ကွက်(မြို့လယ်အဝိုင်းပတ်)တွင် Masksများ ဝေငှခြင်း၊ ဟိုပန်မြို့ဝင်/ထွက်ဂိတ်ရှိ စစ်ဆေး ရေးဂိတ်တွင် ဝေငှနိုင်ရန်အတွက် Masksများ လွှဲပြောင်းပေးအပ်ခြင်း၊ Covid-19 ရောဂါ ကူးစက် ပျံ့နှံ့မှုများမဖြစ်ပွားစေရန်အတွက် ဆောင်ရန်/ရှောင်ရန်အချက်များအား ဟောပြောခြင်းနှင့် အဓိက သတင်းစကား(၁၀)ချက်အား ကြေငြာခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
Source: ဟိုပန်ခရိုင်ဦးစီးမှူးရုံး (ဘစမ)