Category Archives: News
-
ဘေးသင့်ပြည်သူအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၄-၂၀၂၀) ရက်နေ့တွင် (၀၈၄၅) အချိန်ခန့်၌ ဖားကန့်မြို့နယ်မမုံကျေးရွာအနီး ရတနာရောင်ခြည်ကျောက်မျက် လုပ်ကွက်ဟောင်းအတွင်း မြေစာပြိုကျမှုဖြစ်ပွားခဲ့ရာ မြေစာပိ၍ ရေမဆေးရှာဖွေသူ (၁) ဦး သေ ဆုံးသွားသောကြောင့် ကျန်ရစ်သူမိသားစုထံသို့ ထောက်ပံ့ငွေ(၃၀၀၀၀ဝိ/-) ကျပ်အား (၁၀-၅-၂၀၂၀)ရက်နေ့ ၊(၁၂၀၀)နာရီအချိန်တွင် ကွင်းဆင်းထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_otr #kcn_may2020 Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ရောဂါ ကူးစက်ပျံ့ပွားမှုများ မဖြစ်ပွားစေရန်တွက် အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၅-၂၀၂၀) ရက်နေ့တွင် ဓနုဖြူ မြို့ နယ်၊ ထီကွေ့ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာခွဲ(၅)ရွာ၌ Covid-19 ရောဂါ ကူးစက်ပျံ့ပွားမှုများမဖြစ် ပွားစေရန်တွက် အများပြည်သူသိရှိလိုက်နာဆောင်ရွက်ရန်အချက်များအား လော်စပီကာ၊ ဟန်းစပီကာ များဖြင့် လှည့်လည်ဟောပြောခဲ့ကြောင်း သိရှိရပါသည်။ #ar #ayy_may2020 Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ ထောက်ပံ့မှုလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် ကျောက်ဖြူမြို့နယ်၊ဂုံး ချွိန်ကျေးရွာအုပ်စု၊ ကျောက်တစ်လုံး IDPစခန်းတွင် COVID -19 ရောဂါ ကာကွယ်ရေးပစ္စည်း များဖြစ်သည့် လက်ဆေးဘေစင်နှင့် ရေပုံး(ရေစင်အပါအဝင်) (၅) စုံ၊ Flowchart ဗီနိုင်း (၁)ချပ်၊ အသိပညာပေးနှိုးဆော်ချက်ဗီနိုင်း(၂)ချပ်၊ ထုံးအိတ် (၁၀)အိတ်တို့အား (၁၀- ၅-၂၀၂၀) ရက်နေ့ ၊ နံနက် (၁၁:၃၀) အချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #rke_may2020 Source: ကျောက်ဖြူခရိုင်ဦးစီးမှုးရုံး … Read more
-
COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ ပြည်သူများအားအသိပညာပေးနှိုးဆော်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၉-၅-၂၀၂၀) ရက်နေ့တွင် Covid-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်များ၊ အရေးယူမှုကိစ္စရပ်များကို သိရှိနားလည်လိုက်စေရန် သာစည်မြို့နယ်အတွင်းရှိ ဉာဏ်ကန်အုပ်စု၊ ဉာဏ်ကန်ကျေးရွာ၊ မောင်းတိုင်ကျေးရွာ၊ အင်းဝင်းအုပ်စု၊ အင်းဝင်းကျေးရွာ၊ ကုက္ကိုပေါက်ကျေးရွာ၊ အင်းကုန်းအုပ်စု၊ အင်းကုန်းကျေးရွာ၊ နွားတိုးကျေးရွာ၊ မန်ကျီးခွအုပ်စု၊ ချောင်းဆုံကျေးရွာ၊ ဘုံးတလုပ်ကျေးရွာ၊ မန်ကျီးခွကျေးရွာ၊ အင်းဂနက် တောင်/ မြောက် ကျေးရွာများသို့ ကွင်းဆင်း၍ အသိပညာပေးမှုများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mdy_may2020 Source: မိတ္ထီလာခရိုင်ဦးစီးမှူးရုံး … Read more
-
Covid-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လူမှုဝန်ထမ်းဦးစီးဌာန ၊ အခြားဌာနဆိုင်ရာများနှင့် ပူးပေါင်းပြီး (၁၀-၅-၂၀၂၀)ရက်နေ့၊ နံ့နက် (၈:၀၀)နာရီအချိန်မှ (၁၆:၀၀)နာရီအချိန်ထိ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၊ ဝမ်အဲန်ကျေးရွာ Covid-19 စစ်ဆေးရေး ဂိတ်တွင် ခရီးသွားမိဘပြည်သူများအား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (COVID-19 ) အသိပညာပေးခြင်း၊ ကိုယ်အပူချိန်တိုင်တာပေးခြင်း၊ စနစ်တကျလက်ဆေးရန် ညွှန်ကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_may2020 Source: လွိုင်လင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပြည်သူအသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၅-၂၀၂၀)ရက်နေ့တွင် ညောင်တုန်းမြို့နယ်၊ ချောင်းကြီးကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ (၄)ရွာ၌ Covid-19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပြည်သူအသိပညာပေး အသံဖိုင်အား ဖွင့်လှစ်၍ အသိပညာ ပေးခြင်း၊ လှည့်လည်ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #ayy_may2020 Source: ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၅-၂၀၂၀)ရက်နေ့ (ဝ၉:ဝ၀) နာရီအချိန်မှစ၍ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ လင်းဝန်းကြီးကျေးရွာအုပ်စု၊ လင်းဝန်းကြီးကျေးရွာ၊ နန်မျှား ကုန်းကျေးရွာ၊ ကြိမ်နီကုန်းကျေးရွာ၊ ကွက်ပြင်ကြီးကျေးရွာ၊ ပိတောက်ချောင်းကုန်းကျေးရွာ၊ ရေသိုးကုန်း ကျေးရွာ၊ လိန်ကုန်းကျေးရွာအုပ်စု၊ လိန်ကုန်းကျေးရွာ၊ သပြေပင်ကျေးရွာနှင့် လက်ပန် ကျေးရွာအုပ်စု၊ လက်ပန်ကျေးရွာ၊ ထိန်တန်းကျေးရွာ၊ အုပ်ဖိုကျေးရွာတို့၌ လတ်တလောနိုင်ငံအသီးသီးတွင် ကူးစက် ပြန့်ပွားလျက်ရှိသော COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ကျေးရွာနေပြည်သူများအား အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar … Read more
-
Covid-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၅-၂၀၂၀) ရက် နေ့တွင် တာချီလိတ်မြို့၊ လွယ်တော်ခမ်းကျေးရွာ၌ Covid-19 ရောဂါ ကူးစက်ပျံ့နှံ့မှု မဖြစ်ပွား စေရန် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များကို ရှမ်းဘာသာ၊ မြန်မာဘာသာဖြင့် လှည့်လည် ဆော်သြခဲ့ပြီး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_may2020 Source: တာချီလိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်အထွေထွေ အုပ်ချုပ် ရေးဦးစီးဌာန၊ ပရဟိတအဖွဲနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ (၉-၅-၂၀၂၀) ရက်နေ့ ၊ (ဝ၈:၃၀) နာရီမှ (၁၇:၃၀) နာရီအချိန်ထိ လတ်တလောနိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိသည့် COVID-19 ရောဂါကြိုတင်ကာကွယ်ရေးအတွက် ဂန့်ဂေါခရိုင်အတွင်း ယာဉ် အဝင်/အထွက် အတွက် စီးနင်းလိုက်ပါလာသော ခရီးသည်များအား ကိုယ်အပူချိန်တိုင်းထွာပေးခြင်းနှင့် ပြည် တွင်း/ပမှ ပြန်လာသူများအား စာရင်းပြုစုခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_may2020 Source: … Read more
-
COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ ပြည်သူများအားအသိပညာပေးနှိုးဆော်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးမိတ်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မဘိမ်းမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပူးပေါင်း၍ (၁၀-၅-၂၀၂၀)ရက်နေ့၊ မဘိမ်းမြို့နယ်၊ စီပိန်းကျေးရွာ၊ ပင်ကြိမ်(အဟောင်း)ကျေးရွာနှင့် ပင်ကြိမ်(အသစ်)ကျေးရွာတို့တွင် အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါ(COVID-19) ကူးစက်ပျံ့နှံ့မှုများမဖြစ်စေရေးအတွက် လိုက်နာဆောင်ရွက်ရန် လိုအပ်ချက်များအား ပြည်သူသို့ ပန်ကြားခြင်းအစီအစဉ်ကို ဆောင်ရွက်ခြင်းနှင့် ဈေးဆိုင်များလိုက်နာရန် အသိပညာပေးလက်ကမ်းစာစောင်များ မျှဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_may2020 Source: မိုးမိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)









