လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လူမှုဝန်ထမ်းဦးစီးဌာန ၊ အခြားဌာနဆိုင်ရာများနှင့် ပူးပေါင်းပြီး (၁၀-၅-၂၀၂၀)ရက်နေ့၊ နံ့နက် (၈:၀၀)နာရီအချိန်မှ (၁၆:၀၀)နာရီအချိန်ထိ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၊ ဝမ်အဲန်ကျေးရွာ Covid-19 စစ်ဆေးရေး ဂိတ်တွင် ခရီးသွားမိဘပြည်သူများအား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (COVID-19 ) အသိပညာပေးခြင်း၊ ကိုယ်အပူချိန်တိုင်တာပေးခြင်း၊ စနစ်တကျလက်ဆေးရန် ညွှန်ကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#shn_may2020
Source: လွိုင်လင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)