COVID-19ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၅-၂၀၂၀)ရက်နေ့ (ဝ၉:ဝ၀) နာရီအချိန်မှစ၍ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ လင်းဝန်းကြီးကျေးရွာအုပ်စု၊ လင်းဝန်းကြီးကျေးရွာ၊ နန်မျှား ကုန်းကျေးရွာ၊ ကြိမ်နီကုန်းကျေးရွာ၊ ကွက်ပြင်ကြီးကျေးရွာ၊ ပိတောက်ချောင်းကုန်းကျေးရွာ၊ ရေသိုးကုန်း ကျေးရွာ၊ လိန်ကုန်းကျေးရွာအုပ်စု၊ လိန်ကုန်းကျေးရွာ၊ သပြေပင်ကျေးရွာနှင့် လက်ပန် ကျေးရွာအုပ်စု၊ လက်ပန်ကျေးရွာ၊ ထိန်တန်းကျေးရွာ၊ အုပ်ဖိုကျေးရွာတို့၌ လတ်တလောနိုင်ငံအသီးသီးတွင် ကူးစက် ပြန့်ပွားလျက်ရှိသော COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ကျေးရွာနေပြည်သူများအား အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
#ar
#ayy_may2020
Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events