Category Archives: News
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သရက်မြို့နယ် ၊ ဆင်ကော် ကျေးရွာအုပ်စု၊ သီးကုန်းကျေးရွာနှင့် ညောင်လေးပင်ကေျးရွာတို့တွင် (၁၀-၅-၂၀၂၀)ရက်နေ့၊ (၁၆:၅၅)နာရီအချိန်တွင် လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့် လူနေအိမ် (၆) လုံး၊ အိမ် ထောင်စု (၆) စု၊ လူဦးရေ (၂၃) ဦးတို့အတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာထောက်ပံ့ငွေ (၄၈၃၀၀/-) ကျပ် ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၄၅၀၀ဝိ/-)ကျပ် ၊ စုစုပေါင်းရန်ပုံငွေ (၁၉၃၃၀၀/-)ကျပ် အား … Read more
-
ဂန့်ဂေါမြို့နယ်အတွင်း COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၅-၂၀၂၀) ရက်နေ့၊ (၀၈:၀၀) နာရီအချိန်မှ (၁၃:၃၀) နာရီအချိန်ထိ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ တဇန်းကျေးရွာ၊ ချိုင်းကျေးရွာနှင့် ခေါင်းတုံကျေးရွာများအတွင်း COVID-19 ရောဂါနှင့်ပတ်သက်၍ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပြည်သူလူထုအသိပညာပေးပန်ကြားချက်များကို လှည့်လည်ဟောပြောဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mgy_may2020 Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၅-၂၀၂၀) ရက်နေ့တွင် တာချီလိတ်မြို့၊ မိုင်းကိုးကျေးရွာအုပ်စု၊ မယ်ဖုံးလုံကျေးရွာ၊ ဟွေတာကျေးရွာတို့၌ Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရန် သိရှိလိုက်နာဆောင်ရွက်ရမည့် အချက်များကို ရှမ်းဘာသာ၊ မြန်မာဘာသာဖြင့် လှည့်လည်ဆောသြခဲ့ပြီးအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_may2020 Source: တာချီလိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၅-၂၀၂၀) ရက်နေ့တွင် ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်(၄၁)၊ တိုးချဲ့ရပ်ကွက် (၄၂၊၄၃၊၄၄၊၄၅၊၄၆၊၄၇၊၄၈) ရပ်ကွက်များတွင် Covid-19 အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးကြေငြာချက်များအား ရပ်ကွက်များအတွင်း အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ygn_may2020 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သောက်သုံးရေခက်ခဲသော မကွေးမြို့နယ်၊ ကြာကန်ကျေးရွာ(တောင်ပိုင်း၊ အနောက်ပိုင်း)နှင့် မြို့သစ်မြို့နယ်၊ လေးတိုင်စင်ကျေးရွာအုပ်စု၊ အင်တိုင်းရှည်(တဲတိုက်) ရှိအိမ်ခြေ (၁၁၂) လုံး၊ အိမ်ထောင် စု(၁၂၃) စု၊ လူဦးရေ (၅၆၃) ဦးတို့အတွက် သောက်သုံးရေဂါလံ (၆၀၀၀) အား ( ၁၁- ၅-၂၀၂၀) ရက်နေ့ ( ၁၁ : ၀၀ ) နာရီအချိန်တွင် သွားရောက်ဖြန့်ဝေပေးခဲ့ပါ ကြောင်းသတင်းရရှိပါသည်။ #ha_drg #mgy_may2020 Source: … Read more
-
သံတောင်ကြီးမြို့နယ်ရှိ ကျေးရွာများအတွင်း COVID-19 ကြိုတင်ကာကွယ်ရေးအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတောင်ကြီးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၅-၂၀၂၀) ရက်နေ့၊ (၀၈:၀၀) နာရီအချိန်မှ (၁၂:၀၀) နာရီအချိန်ထိ သံတောင်ကြီးမြို့နယ်အတွင်းရှိ စီပင်ကလေးကျေးရွာ၊ ဘာမိုးကျေးရွာ၊ ဆူးပုပ်မြောင်ကျေးရွာ၊ စိန်ကုန်းကျေးရွာ၊ သရဲယူးကျေးရွာနှင့် မဲကတုံးကျေးရွာများ၌ COVID-19 ကြိုတင်ကာကွယ်ရေးအသိပညာပေးလုပ်ငန်းများအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #krn_may2020 Source: သံတောင်ကြီးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ကြာအင်းဆိပ်ကြီးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၅-၂၀၂၀) ရက်နေ့ နံနက် (၀၈:၃၀) အချိန်မှ နေ့လည် (၁၂:၀၀) နာရီအချိန်ထိ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ကမော့ကျေးရွာ၊ ကျခတ်ချောင်းကျေးရွာ၊ နတ်ချောင်းကမ်းနားကျေးရွာ၊ နတ်ချောင်းအလယ်ကျေးရွာများသို့သွားရောက်၍ COVID – 19 ရောဂါပျံ့နှံ့မှုများ မဖြစ်ပွားစေရန်အတွက် အသံချဲ့စက်များဖြင့် အသိပညာပေး ဟောပြောခြင်း များ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #krn_may2020 Source: ကြာအင်းဆိပ်ကြီးမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၅-၂၀၂၀) ရက်နေ့တွင် မင်းဘူး(စကု)မြို့နယ်၊ ဆင်ခေါင်းကျေးရွာ၊ ဖြူကုန်းကျေးရွာ၊ ကုတင်ကုန်းကျေးရွာ၊ မြောင်းဦးကျေးရွာ၊ ကိုင်းတောကြီးကျေးရွာနှင့် ကိုင်းတောလေးကျေးရွာများအတွင်း Covid-19ရောဂါကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရန် သိရှိလိုက်နာ ဆောင်ရွက်ရမည့်အချက်များကို ခရိုင်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့် ပူးပေါင်း၍ အသိပေးဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_may2020 Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မီးသတ်ဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ (၁၁-၅-၂၀၂၀)ရက်နေ့၊နံနက်(၀၈:၀၀)နာရီချိန်မှ နေ့လည်(၁၁:၃၀)နာရီချိန်ထိ ကော့ကရိတ်မြို့၊ သမိန်ဒွတ်ကျေးရွာ အုပ်စုရှိ သမိန်ဒွတ်ကျေးရွာ၊ ခူမူကျေးရွာနှင့်ကမ္မရိုတ်ကလေးကျေးရွာတို့၌ COVID-19ကူးစက်မြန်အဆုတ်ရောင်ရောဂါ ပြန့်ပွားမှုများ မရှိစေရေးအတွက် ဆောင်ရန်/ရှောင်ရန်တို့အား အသံချဲ့စက်ဖြင့် ကျေးရွာနေပြည်သူတို့အား အသိပညာပေးဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #krn_may2020 Source: ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၅-၂၀၂၀) ရက်နေ့၊ (၇:၃၀) နာရီမှ (၁၂:၀၀) နာရီအချိန်ထိ မကွေးခရိုင်၊ ချောက်မြို့နယ် အတွင်းရှိ မြေသာကုန်းကျေးရွာ၊ ပခန်းငယ်ကျေးရွာ၊ အောက်လယ်ကျေးရွာများသို့ COVID-19 ရောဂါနှင့်ပတ်သက်၍ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပြည်သူလူထု အသိ ပညာပေးပန်ကြားချက်များကို လှည့်လည်ဟောပြောခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ #ar #mgy_may2020 Source: ချောက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)









