လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတောင်ကြီးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၅-၂၀၂၀) ရက်နေ့၊ (၀၈:၀၀) နာရီအချိန်မှ (၁၂:၀၀) နာရီအချိန်ထိ သံတောင်ကြီးမြို့နယ်အတွင်းရှိ စီပင်ကလေးကျေးရွာ၊ ဘာမိုးကျေးရွာ၊ ဆူးပုပ်မြောင်ကျေးရွာ၊ စိန်ကုန်းကျေးရွာ၊ သရဲယူးကျေးရွာနှင့် မဲကတုံးကျေးရွာများ၌ COVID-19 ကြိုတင်ကာကွယ်ရေးအသိပညာပေးလုပ်ငန်းများအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: သံတောင်ကြီးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)