COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မီးသတ်ဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ (၁၁-၅-၂၀၂၀)ရက်နေ့၊နံနက်(၀၈:၀၀)နာရီချိန်မှ နေ့လည်(၁၁:၃၀)နာရီချိန်ထိ ကော့ကရိတ်မြို့၊ သမိန်ဒွတ်ကျေးရွာ အုပ်စုရှိ သမိန်ဒွတ်ကျေးရွာ၊ ခူမူကျေးရွာနှင့်ကမ္မရိုတ်ကလေးကျေးရွာတို့၌ COVID-19ကူးစက်မြန်အဆုတ်ရောင်ရောဂါ ပြန့်ပွားမှုများ မရှိစေရေးအတွက် ဆောင်ရန်/ရှောင်ရန်တို့အား အသံချဲ့စက်ဖြင့် ကျေးရွာနေပြည်သူတို့အား အသိပညာပေးဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar
#krn_may2020
Source: ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events