Category Archives: News
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တမူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၅-၂၀၂၀) ရက်နေ့တွင် (၀၇:၃၀)နာရီအချိန်မှ (၁၀:၀၀)နာရီအချိန်ထိ အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၊ ကျန်းမာရေး ဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ပြန်ကြားရေးနှင့်ဆက်သွယ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးကော်မတီ၊ လူငယ်ရေးရာကော်မတီ ပရဟိတအသင်းအဖွဲ့များနှင့် ပူးပေါင်း၍ စည်ပင်သာယာဈေးအနီးတွင် Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ လူတိုင်း Mask တပ်ကြ ရန်အသိပညာပေး ဆောင်ရွက်ခဲ့ပြီး မုန်တိုင်းအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေး ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg _may2020 Source: တမူးခရိုင်ဦးစီးမှူးရုံး … Read more
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၅-၂၀၂၀) ရက်နေ့၊ (၀၉:၃၀)နာရီအချိန်မှ၊ (၁၅:၃၀)နာရီအချိန်ထိ ထီးလင်းမြို့နယ်၊ ဒေါသာကျေးရွာအုပ်စု၊ ဒေါသာကျေးရွာနှင့် ကျိုင်းကျေးရွာ၊ ငါးဆင်းကျေးရွာအုပ်စု၊ ငါးဆင်းကျေးရွာ တို့တွင် Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရန် သိရှိလိုက်နာ ဆောင်ရွက်ရမည့်အချက်များကို အသိပေးဟောပြောလျက်ရှိကြောင်း သတင်းရရှိပါသည်။ #ar #mgy_may2020 Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မိုင်းရူးမြို့နယ်အတွင်းရှိ လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုင်းရူးမြို့နယ်အတွင်း၌ (၁၄-၅-၂၀၂၀) ရက်နေ့၊ (၁၉:၃၀) နာရီအချိန်တွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့် အမိုးလန် လူနေအိမ် (၁၄) လုံး၊ လူဦးရေ (၇၇) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၉၀၅,၀၀၀/-) ကျပ်တို့အား (၁၉-၅-၂၀၂၀) ရက်နေ့၊ (၁၀:၃၀) နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တဆင့် ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #shn_may2020 Source: လွိုင်လင်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အတွင်းရှိ လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညို မြို့နယ်၊ ကျေးရွာအုပ်စု (၅) စု၊ ကျေးရွာ (၆) ရွာတို့၌ (၁၈-၅-၂၀၂၀) ရက်နေ့၊ (၁၆:၀၀) နာရီ အချိန်တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ပြိုလဲနေအိမ် (၂) လုံးနှင့် အမိုးလန်နေအိမ် (၇) လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၇၀,၀၀၀/-) ကျပ်၊ ပြိုလဲအိမ်ထောင်စု (၂) စုရှိ လူဦးရေ (၇) ဦးတို့ အတွက် … Read more
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၅-၂၀၂၀)ရက်နေ့ (၁၆:၀၀)အချိန်၌ ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ အောင်းကုန်းကျေးရွာအုပ်စု၊ အောင်းကုန်းကျေးရွာတွင် ဖြစ်ပွားခဲ့သော လေပြင်း တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် အမိုးလန်နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၆၀၀၀၀/-)၊ ဘေးသင့်လူဦးရေ(၃) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၆၃၀ဝ/-)ကျပ်၊ စုစုပေါင်းထောင်ပံ့ငွေ (၆၆၃၀ဝ/-)ကျပ်တို့ကို (၁၉-၅-၂၀၂၀)ရက်နေ့ ( ၁၀:၃၀)အချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ) #ha_ sgw #npw_may2020
-
မြိတ်မြို့နယ်၊ ကွက်သစ်ရပ်၊ သာကေတရပ်နှင့် ဇေယျာသီရိ (၂) ရပ်တို့၌ COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေး ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၅-၂၀၂၀) ရက်နေ့တွင် မြိတ်မြို့နယ်၊ ကွက်သစ်ရပ်၊ သာကေတရပ်နှင့် ဇေယျာသီရိ (၂) ရပ်တို့၌ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုမရှိစေရေး အသိပညာပေးဆော်သြခြင်း၊ ဗီနိုင်းပိုစတာကပ်ခြင်းတို့အား ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #tny_may2020 Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း အမ်ဖန်(AMPHAN)နှင့်ပတ်သက်၍ ပြည်သူသို့ အသိပေးနှိုးဆော်ချက်
၁၈-၅-၂၀၂၀ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဉီးစီးဌာန၏ (၁၈-၅-၂၀၂၀)နေ့(၁၄:၀၀)အချိန် ထုတ်ပြန်သည့် စူပါဆိုင်ကလုန်းမုန်တိုင်း သတင်းအမှတ်စဉ် (၁၄/၂၀၂၀)အရ လည်းကောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရှိ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှု ဗဟိုဌာနမှ လေ့လာဆန်းစစ်တွေ့ရှိချက်များအရလည်းကောင်း ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်း တို့တွင်ဖြစ်ပေါ်နေသော စူပါဆိုင်ကလုန်းမုန်တိုင်း (Super Cyclonic Storm) အမ်ဖန် (AMPHAN)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့်အခြေအနေ မရှိဘဲ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ့်နိုင်ငံ ကမ်းခြေဒေသများကို ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း သိရှိရပါသည်။ အဆိုပါ အဖျက်စွမ်းအားကြီးမားသော စူပါဆိုင်ကလုန်းမုန်တိုင်း … Read more
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့ အတွင်းရေးမှူးရုံး၏ လုပ်ငန်းဆောင်ရွက်မှုများညှိနှိုင်းဆွေးနွေး
မေ၊ (၁၈) ၊နေပြည်တော် အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့ အတွင်းရေးမှူးရုံး၏ လုပ်ငန်းများ ဆောင်ရွက် တိုးတက်မှုနှင့်ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို အဖွဲ့၏အတွင်းရေးမှူး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် အတွင်းရေးမှူးရုံးအဖွဲ့တာဝန်ရှိသူများနှင့် ယနေ့မွန်းလွဲပိုင်းက Video Conference ဖြင့် ဆောင်ရွက်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင်ပြည်ထောင်စုဝန်ကြီးက COVID-19 ရောဂါအရေးပေါ်တုံ့ပြန်နိုင်ရေးအတွက် အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး အတွင်းရေးမှူးရုံးအဖွဲ့က လုပ်ငန်း ဆောင်ရွက်ထားရှိမှု ပထမအကြိမ်အစီရင်ခံစာကို တင်ပြပြီးဖြစ်ကြောင်း၊ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများတွင် ပြည်သူများက လုပ်အား၊ ငွေအားနှင့် … Read more
-
ဆိပ်ဖြူမြို့နယ် မြို့ပေါ်ရပ်ကွက်များအတွင်း COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၅-၂၀၂၀) ရက်နေ့၊ (၁၇:၀၀) အချိန်မှ (၂၀:၀၀) အချိန်အထိ ဆိပ်ဖြူမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များဖြစ်သော ယောဝရပ်ကွက်၊ အလယ်ပိုင်းရပ်ကွက်၊ အနောက်ပိုင်းရပ်ကွက်နှင့် ရွာသစ်ရပ်ကွက်များအတွင်း လှည့်လည်၍ COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန် ရှောင်ရန် အချက်များအား အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mgy_may2020 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
စမ်းချောင်းမြို့နယ်အတွင်း COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၅-၂၀၂၀) ရက်နေ့တွင် ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်၊ သံတံတားရပ်ကွက်၊ ရှင်စောပုရပ်ကွက်၊ အောင်ချမ်းသာရပ်ကွက်၊ သီရိခေမာရပ်ကွက်၊ မြေနီကုန်း(မြောက်)ရပ်ကွက်၊ မြေနီကုန်း(တောင်)ရပ်ကွက်နှင့် ဟုန်းလမ်းဘူတာရပ်ကွက်တို့၌ Covid-19 အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍ အများပြည်သူများသိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကြေငြာချက်များအား အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ygn_may2020 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)









