Category Archives: News
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ လပွတ္တာခရိုင်ဉီးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၅-၂၀၂၀) ရက်နေ့တွင်၊ နံနက် (၀၇:၃၀) နာရီမှ (၁၂:၃၀) နာရီအချိန် ထိလပွတ္တာမြို့နယ်၊ အုန်းတပင်ကျေးရွာအုပ်စု၊ အောင်ဖုန်းကျေးရွာ၊ အောင်လှ ကျေးရွာ၊ အောင်နက်ကျေးရွာ၊ နတ်ကတော်ကျေးရွာ ကြိမ်ချောင်းကျေးရွာနှင့် ချောင်းသာကြီးကျေးရွာ များသို့သွားရောက်၍ COVID-19 နှင့်ပတ်သက်၍ ဆောင်ရန်/ရေှာင်ရန်များအား လိုက်နာဆောင်ရွက် သွားကြရန် လှည့်လည်၍အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_may2020 Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၅-၂၀၂၀) ရက်နေ့တွင် ရွှေဘိုမြို့နယ်၊ စည်ပင်သာယာဈးအတွင်းတွင် covid-19 ရောဂါကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွား စေရန်အတွက် အများပြည်သူများ အလွယ်တကူသိရှိလိုက်နာ ဆောင်ရွက်ရန်များနှင့် သွေးလွန် တုပ်ကွေး ကာကွယ်ရေးအသိပညာပေးခြင်းများကို ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ အသိပေး ဆောင်ရွက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg _may2020 Source: ရွှေဘိုခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၅-၂၀၂၀) ရက်နေ့၊ နံနက် (၀၇:၀၀) အချိန်မှစတင်ပြီး မကွေးမြို့နယ်၊ လယ်ယားကျေးရွာအုပ်စု၊ လယ်ယား (တောင်) ကျေးရွာ၊ လယ်ယား (မြောက်) ကျေးရွာ၊ မကြီးတန်း(အရှေ့)ကျေးရွာ၊ မကြီးတန်း(အနောက်)ကျေးရွာနှင့် ပေါက်တောကျေးရွာများသို့လှည့်လည်ပြီး COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန် တို့ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့်အတူပူးပေါင်း၍ ရပ်ကွက်/ကျေးရွာနေပြည်သူတို့အား အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_may2020 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၅-၂၀၂၀)ရက်နေ့၌ လေးမျက်နှာမြို့နယ်၊ ဝက်ကုန်းအုပ်စု၊ စမ်းကုန်းကျေးရွာတွင် ဖြစ်ပွါးသော မီးဘေးကြောင့် မီးလောင်ကျွမ်းခဲ့သော တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စုတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀/-)ကျပ်၊ လူဦးရေ(၅)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ ဖိုးထောက်ပံ့ငွေ(၁၀၅၀၀/-)ကျပ်၊ စုစုပေါင်း ရန်ပုံငွေ (၁၁၀၅၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး (၁)အိမ်ထောင်စာ တို့အား (၁၉-၅-၂၀၂၀)ရက်နေ့ (၁၂:၃၀) နာရီအချိန်တွင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ လေးမျက်နှာမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၌ ဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_ fir #ayy_may2020 Source: … Read more
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၅-၂၀၂၀)ရက်နေ့၊ နံနက် (၀၇:၀၀) အချိန်မှ (၁၁:၀၀) အချိန်အထိ ဆိပ်ဖြူမြို့နယ်၊ ထိန်ကန ကျေးရွာ အုပ်စုရှိ ထိန်ကန်ကျေးရွာ၊ တမာချောင်ကျေးရွာနှင့် ခတက်ကုန်းကျေးရွာတို့တွင် လှည့်လည်၍ covid 19 ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန် ရှောင်ရန် အချက်များအား အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy _may2020 Source: ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
သောက်သုံးရေဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သောက်သုံးရေခက်ခဲသော မကွေး မြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာ (အရှေ့ပိုင်း၊ မြောက်ပိုင်း၊ ရွာလယ်ပိုင်း၊ တောင်ပိုင်း) ရှိ အိမ်ခြေ (၁၁၂) လုံး၊ အိမ်ထောင်စု (၁၃၃) စု၊ လူဦးရေ (၅၇၇) ဦးတို့အတွက် သောက်သုံးရေဂါလံ (၆၀၀၀) အား (၁၉-၅-၂၀၂၀) ရက်နေ့ (၁၁:၀၀) နာရီအချိန်တွင် သွားရောက် ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်း ရရှိပါသည်။ #ha_drg #mgy_may2020 Source: … Read more
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၅-၂၀၂၀) ရက်နေ့ (၁၄:၃၀) နာရီမှ (၁၇:၃၀) နာရီအချိန်ထိ မကွေးခရိုင်၊ ချောက်မြို့နယ်အတွင်းရှိ တောင်နောက်ကျေးရွာ၊ ဂွေးပင်ချိုကျေးရွာ၊ ကိုးဆူကျေးရွာများသို့ COVID-19 ရောဂါနှင့် ပတ်သက်၍ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပြည်သူလူထု အသိပညာပေးပန်ကြားချက်များကို လှည့်လည်ဟောပြော ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ချောက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mgy_may2020
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၅-၂၀၂၀) ရက်နေ့ တွင် (၀၈:၀၀) နာရီမှ စတင်၍ (၁၂:၀၀) အချိန်ထိ ရေစကြိုမြို့နယ်၊ မြေဖြူကျင်းကျေးရွာအုပ်စု၊ မြေဖြူကျင်း ကျေးရွာ၊ သဲပုံအရှေ့ကျေးရွာ၊ သဲပုံအနောက်ကျေးရွာနှင့်ကမ္မတောကျေးရွာတို့တွင် လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပူးပေါင်းကာ COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရန် များကို လော်စပီကာဖြင့် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_may2020 Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၅-၂၀၂၀) ရက်နေ့တွင် ညောင်တုန်းမြို့နယ်၊ ကညင်ကောက်ကြီး ကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာ(၇)ရွာသို့ Covid-19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပြည်သူအသိပညာပေး အသံဖိုင်အား ဖွင့်လှစ်၍ အသိပညာပေးခြင်း၊ လှည့်လည်ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_may2020 Source: ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
သောက်သုံးရေဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ ထန်းငယ်တောကျေးရွာ အုပ်စု၊ ကျောက်လှေခါးကျေးရွာရှိ အိမ်ခြေ (၁၇၅) လုံး၊ အိမ်ထောင်စု (၁၈၀) စု၊ လူဦးရေ (၁၀၁၀) ဦးတို့ အတွက် သောက်သုံးရေဂါလံ (၃၆၀၀) အား (၁၉-၅-၂၀၂၀) ရက်နေ့၊ (၁၁:၀၀) နာရီအချိန်တွင် ရင်ခွင်မဲ့ကလေးငယ်များလျေှာ့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း၊ လူငယ်လုပ်ငန်းအဖွဲ့တို့နှင့် ပူးပေါင်းကာ သွားရောက်ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_drg #mgy_may2020 Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)









