လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၅-၂၀၂၀)ရက်နေ့၊ နံနက် (၀၇:၀၀) အချိန်မှ (၁၁:၀၀) အချိန်အထိ ဆိပ်ဖြူမြို့နယ်၊ ထိန်ကန ကျေးရွာ အုပ်စုရှိ ထိန်ကန်ကျေးရွာ၊ တမာချောင်ကျေးရွာနှင့် ခတက်ကုန်းကျေးရွာတို့တွင် လှည့်လည်၍ covid 19 ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန် ရှောင်ရန် အချက်များအား အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#mgy _may2020
Source: ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)