သောက်သုံးရေဖြန့်ဝေပေးမှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ ထန်းငယ်တောကျေးရွာ အုပ်စု၊ ကျောက်လှေခါးကျေးရွာရှိ အိမ်ခြေ (၁၇၅) လုံး၊ အိမ်ထောင်စု (၁၈၀) စု၊ လူဦးရေ (၁၀၁၀) ဦးတို့ အတွက် သောက်သုံးရေဂါလံ (၃၆၀၀) အား (၁၉-၅-၂၀၂၀) ရက်နေ့၊ (၁၁:၀၀) နာရီအချိန်တွင် ရင်ခွင်မဲ့ကလေးငယ်များလျေှာ့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း၊ လူငယ်လုပ်ငန်းအဖွဲ့တို့နှင့် ပူးပေါင်းကာ သွားရောက်ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_drg
#mgy_may2020

Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events