Category Archives: News
-
COVID-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၅-၂၀၂၀) ရက်နေ့ မြိတ်မြို့နယ်၊ ပြင်းငယ်ကျေးရွာအုပ်စု၊ ရင်းအုံး၊ ဆံလှတောင်၊ မော်တောင်၊ သစ်တောင်၊ ကျောင်းတောင်၊ ရှောင်ထဲကျေးရွာများတွင် COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအသိပညာပေးဆော်သြခြင်း၊ ဗီနိုင်းပိုစတာကပ်ခြင်းတို့ကို ရပ်ကျေးအဖွဲ့နှင့်ပူးပေါင်း၍ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #tny_may2020 Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါ အသိပညာပေး ဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြိုနယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၅-၂၀၂၀) ရက်နေ့ တွင် ဘိုကလေးမြို့နယ် လွှတောင်စုကျေးရွာအုပ်စု၊ လွှတောင်စုကျေးရွာတွင် (၁၀:၀၀)နာရီ၌လည်းကောင်း၊ ညံတောအင်းကျေးရွာတွင် (၁၁:၀၀)နာရီ၌လည်းကောင်း၊ တူးမြောင်းကျေးရွာတွင် (၁၂:၀၀)နာရီ၌လည်းကောင်း၊ ပိန်ကျော်ကျေးရွာတွင်(၁၃:၀၀)နာရီ၌လည်းကောင်း၊ ကွန်ပင်ကျေးရွာအုပ်စု၊ ကွန်ပင်ကျေးရွာတွင်(၁၅:၀၀)နာရီ၌လည်းကောင်း Covid-19 အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အသိပေးကြေညာချက်များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးမှုများကို အများပြည်သူများသိရှိလိုက်နာရန်ကွင်းဆင်း၍ အသံချဲ့စက်များဖြင့် လှည့်လှည်၍ အသိပညာပေးလုပ်ဆောင်မှုများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_may2020 Source: ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး- ဘစမ)
-
COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများ မဖြစ်ပွားစေရန်အတွက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၅-၂၀၂၀) ရက်နေ့ (၁၁:၀၀) အချိန်မှ (၁၅:၃၀) အချိန်အထိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိ လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့်ပတ်သက်၍ အသိပညာပေးခြင်းကိုတပ်ကုန်မြို့နယ်၊ ကြိုးကြာအင်းအုပ်စု၊ ကြိုးကြာအင်းကျေးရွာ၊ ပိတောက်ကုန်းကျေးရွာ၊ ပျော်ရွာကျေးရွာ၊ ဆည်ကြီးကျေးရွာများအတွင်း ပြည်သူများသို့ ထိရောက်စွာ လိုက်လံအသိပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #npw_may2020 Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်အိမ်ထောင်စုများအတွက်ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်တံခါးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၊ ကွင်းနောက်ရပ်ကွက်၊ နီလာလမ်း၌ (၂၆-၅-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ပျက်စီးခဲ့သည့်နေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၀၀၀၀၀)ကျပ်၊ အိမ်ထောင်စု(၃)စုရှိ လူဦးရေ(၂၁)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၄၄၁၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၉)မျိုး(ပလပ်စတစ်ပုံးအပါ)(၃)အိမ်ထောင်စာတို့အား (၂၇-၅-၂၀၂၀)ရက်နေ့၊ နေ့လည်(၀၂:၀၀)နာရီအချိန်တွင် သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူလက်၀ယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #bgo_may2020 Source: ကျောက်တံခါးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
ဒီးမော့ဆိုမြို့နယ်၊ မြလဲကျေးရွာအုပ်စုအတွင်း COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၅-၂၀၂၀) ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ်၊ မြလဲကျေးရွာအုပ်စု၊ လွိုင်နန်းဖကျေးရွာ၊ တေးဂေခိုကျေးရွာ၊ စီစန်းခိုကျေးရွာ၊ လော်ခိုသာကျေးရွာ၊ လိုဘေခိုကျေးရွာနှင့် ဆိုလဖဲခိုကျေးရွာများရှိ ပြည်သူများအား COVID-19 ကူးစက်ရောဂါ ပျံ့နှံ့မှုမဖြစ်ပွားစေရန် သိရှိလိုက်နာရန်အချက်များနှင့် သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #kyh_may2020 Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ မအူအလယ်ကျေးရွာအုပ်စု၊ မအူအလယ်ကျေးရွာရှိ အိမ်ခြေ (၃၁၀) လုံး၊ အိမ်ထောင်စု (၃၃၅)စု၊ လူဦးရေ(၁၇၀၆)ဦးတို့အတွက် သောက်သုံးရေဂါလံ (၃၆၀၀)အား (၂၇-၅-၂၀၂၀)ရက်နေ့၊ (၁၄:၀၀)နာရီအချိန်တွင် ရင်ခွင်မဲ့ကလေးငယ်များလျော့ချရေးနှင့်ကာကွယ်စောင့်ရှောက်ရေးအသင်း၊ လူငယ်လုပ်ငန်းအဖွဲ့တို့နှင့်ပူးပေါင်းကာသွားရောက် ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_drg #mgy_may2020
-
လွိုင်ကော်မြို့နယ်၊ ထီးစဲခါးကျေးရွာအုပ်စုအတွင်း COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၅-၂၀၂၀) ရက်နေ့တွင် လွိုင်ကော်မြို့နယ်၊ ထီးစဲခါးကျေးရွာအုပ်စု၊ နာကွယ်ကျေးရွာ၊ မိုက်တိန်းကျေးရွာဆုံကျေးရွာနှင့် ဘုရားဖြူကျေးရွာများရှိ ပြည်သူများအား COVID-19 ကူးစက်ရောဂါ ပျံ့နှံ့မှုမဖြစ်ပွားစေရန် သိရှိလိုက်နာရန်အချက်များနှင့် သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #kyh_may2020 Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၂၇-၅-၂၀၂၀) ရက်နေ့ (၁၀:၃၀)နာရီအချိန်မှ (၁၅:၃၀) နာရီအချိန်ထိ မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၊ ဆင်ရွာကျေးရွာ၊ ရှမ်းကုန်းကျေးရွာ၊ ထန်းရွာကျေးရွာနှင့် အီဗြစ်ကျေးရွာတို့တွင် COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာ ပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_may2020 Source: သထုံခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
Covid_19ရောဂါကြိုတင်ကာကွယ်မည့် ပစ္စည်းများထောက်ပံ့မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၅-၂၀၂၀)ရက်နေ့တွင် ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ လွယ်ဂျယ်မြို့၊ ဆိုင်းဂျာ IDPစခန်း အိမ်ထောင်စု(၄၄)စု၊ လူဉီးရေ(၂၇၄)ဉီးတို့အတွက် parisဆပ်ပြာ(၂၇၄)ခဲ၊ အပူချိန်တိုင်းကိရိယာ (၂)ခု၊ hand speaker (၁)ခု၊ memory stick (၁) ခု၊ ဘေစင် (၁)စုံ၊ ထုံး (၁၀) အိတ်၊ Family care ဆပ်ပြာ (၈၈)ခဲ၊ လက်သန့်ဆေးရည်(၈၈)ဗူး၊ တစ်ခါသုံးmask (၈၈)ခု၊ အဝတ်mask (၅၄၈)ခု၊ ဗီနိုင်း(၁)ချပ်ကိုလည်းကောင်း၊ လွယ်ဂျယ်မြို့၊ … Read more
-
ညောင်တုန်းမြို့နယ်၊ ကျောင်းစုကျေးရွာအုပ်စုအတွင်း COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၅-၂၀၂၀) ရက်နေ့တွင် ညောင်တုန်းမြို့နယ်၊ ကျောင်းစုကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ (၆) ရွာ၌ Covid-19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပြည်သူအသိပညာပေးအသံဖိုင်အား ဖွင့်လှစ်၍ အသိပညာပေးခြင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_may2020 Source: ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)









