Category Archives: News
-
COVID-19 ကူးစက်ရောဂါကြိုတင်ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန်များအား အသိပညာပေးနှိုးဆော်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၂-၇-၂၀၂၀) ရက်နေ့ (၁၀:၃၀)နာရီချိန်မှ (၁၄:၀၀) နာရီထိ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်၊ ကြူတောအုပ်စု (ကြူတော၊ ရွာသစ်ကုန်း၊ ညောင်တော၊ သရက်ပင်ဆယ်၊ ဗုန်းကြီးကုန်း၊ အိုင်းမ၊ သစ်ဆိမ့်တန်း)ကျေးရွာတို့တွင် လှည့်လည်ပြီး လတ်တလောဖြစ်ပွါးလျှက်ရှိသော COVID-19 ကူးစက်ရောဂါကာကွယ်ခြင်းနှင့် မိုးကြိုးဘေး၊ ရေဘေး၊ လေပြင်းဘေးနှင့် ပက်သတ်ပြီး ဆောင်ရန်/ ရှောင်ရန်များ၊ သဘာ၀ဘေးနှင့် ပတ်သက်သည့် လိုက်နာဆောင်ရွက်ရန်များကို ကျေးရွာနေပြည်သူလူထုအား အသိပညာပေးလှည့်လည်နိုးဆော်ပြီး လက်ကမ်းစာစောင်များကိုလည်း ဝေငှခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_jul2020 … Read more
-
COVID-19 ကူးစက်ရောဂါကြိုတင်ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန်များအား အသိပညာပေးနှိုးဆော်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၂-၇-၂၀၂၀)ရက်နေ့တွင် မအူပင်မြို့ပေါ်ရှိ ရပ်ကွက် (၃) နှင့် ရပ်ကွက်(၄) တို့၌ COVID -19 ရောဂါကူးစက်ပျံ့နှံ့မှု ဒုတိယလှိုင်း မဖြစ်ပွားစေရေးအတွက် အများပြည်သူ အလွယ်တကူသိရှိလိုက်နာဆောင်ရွက်ရန်အချက်များနှင့် မိုးရာသီတွင် ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ်များကို ကြိုတင်ပြင်ဆင်ရေး အသိပေးချက်များကို လှည့်လည်ဟောပြောခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_jul2020 Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 အသိပညာပေး ဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ (၁၂-၇-၂၀၂၀)ရက်နေ့တွင် ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်၊ ပျားရည်ကုန်းရပ်ကွက်၊ နတ်မောက်ရပ်ကွက်၊ ဘိုးလိန်းအောင်မင်္ဂလာရပ်ကွက်၊ ကျားကွက်သစ်ရပ်ကွက်၊ မလွှကုန်းဌေးကြွယ်ရပ်ကွက်၊ တာမွေကြီး(က/ဂ)ရပ်ကွက်တို့တွင် Covid-19 နှင့်ပတ်သက်၍ အများပြည်သူများ သိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အသိပညာပေးကြေငြာချက်များနှင့် မိုးကြိုးဘေး၊ ရေဘေးနှင့်စပ်လျဉ်း၍ ဌာနမှ ထုတ်ပြန်ထားသည့် လက်ကမ်းစာစောင်ပါ အချက်အလက်များ၊ သဘာဝဘေးအသိပညာပေးခြင်းများအား ရက်ကွက်များအတွင်း အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ygn_jun2020 Source: ညွှန်ကြားရေးမှူး (ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံ- ဘစမ)
-
သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သောက်သုံးရေခက်ခဲသော မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ကြူချောင်းရွာသစ် ကျေးရွာတွင် အိမ်ခြေ (၇၁) လုံး၊ အိမ်ထောင်စု(၇၁) စု၊ လူဦးရေ (၃၈၅) ဦးတို့အတွက် သောက်သုံးရေဂါလံ (၆၀၀၀) အား ( ၁၂- ၇-၂၀၂၀) ရက်နေ့ ( ၁၁ : ၀၀ ) နာရီအချိန်တွင် သွားရောက်ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_drg #mgy_jun2020 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
ရေဘေးအသိပညာပေးခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန်ဝေခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ (၁၂- ၇-၂၀၂၀) ရက်နေ့တွင် ကသာမြို့၏ ဧရာဝတီမြစ်ရေသည် (၉၄၃ စင်တီမီတာ) သို့ ရောက်ရှိနေပါသဖြင့် မြစ်ကမ်းနားတလျှောက်နေ ပြည်သူများနှင့် ရေဝင်ရောက်မှုများသော ရပ်ကွက်များသို့ ရေဘေးနှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်ရန်များအသိပညာပေးခြင်း၊ ရေဘေးလက်ကမ်းစာစောင် ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_jun2020 Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တနင်္သာရီတိုင်းဒေသကြီးအတွင်း စေတနာ့ဝန်ထမ်းအသိအမှတ်ပြု ဂုဏ်ပြုလွှာများပေးအပ်
ဇူလိုင် ၁၂ ၊ ထားဝယ် အမျိုးသားအဆင့်စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့အနေဖြင့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းစဉ်များတွင် ပါဝင်ကူညီကြသည့် စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့ဝင်များအား အသိအမှတ်ပြုဂုဏ်ပြုလွှာများ ပေးအပ်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီးအတွက် ဂုဏ်ပြုလွှာများကို ဦးဆောင်အဖွဲ့ အတွင်းရေးမှူး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ထားဝယ်မြို့၌ ပေးအပ်ခဲ့ပါသည်။ ထိုသို့ပေးအပ်ရာတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြင့်မောင်၊ တိုင်းဒေသကြီး လူမှုရေးဝန်ကြီး၊ လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူများ ပါဝင်ဆောင်ရွက်ခဲ့ကြပါသည်။ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် … Read more
-
သောက်သုံးရေလှူဒါန်းခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သောက်သုံးရေရှားပါးသော သရက်မြို့နယ်၊ ပိတောက်ပင်ကျေးရွာအုပ်စု၊ ငလှိုင်ခြုံရေနံနယ်မြေ၊ တောရကျောင်းဘုရားကုန်းရပ်ရှိ ဘုန်းတော်ကြီးကျောင်းသို့ သောက်သုံးရေဂါလန် (၃၂၀၀) အား (၁၂- ၇-၂၀၂၀) ရက်နေ့ (၁၂:၀၀ ) နာရီအချိန်တွင် သွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_drg #mgy_jun2020 Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါကြိုတင်ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန်များအား အသိပညာပေးနှိုးဆော်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၇-၂၀၂၀) ရက်နေ့၊ (၀၈:၀၀)နာရီ အချိန်မှစတင်၍ အမှတ် (၂)ရပ်ကွက်အတွင်းရှိ ရေပေါ်စျေး၊ ကမ်းနားစျေး၊ ဦးလူလမ်း၊ ကန်လမ်း၊ ရေတပ်၊ ရေစည်းခုံလမ်း၊ ရွှေနှင်းဆီလမ်း၊ စကားဝါလမ်းနှင့် စံစီဖိုးလမ်းတို့တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ကူးစက်မှု ဒုတိယလှိုင်းမဖြစ်စေရန် အသိပညာပေးခြင်းလုပ်ငန်းများနှင့် ဧရာဝတီတိုင်းဒေသကြီး COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ (၃၀-၆-၂၀၂၀)ရက်နေ့အထိ ထုတ်ပြန်ပြီးဖြစ်သည့် တားမြစ်မိန့်နှင့် ညွှန်ကြားချက်များအားလည်းကောင်း၊ ရာသီအလိုက် ဖြစ်ပွားတတ်သော သဘာဝဘေးများအန္တရာယ်များနှင့် ပတ်သက်သည့် … Read more
-
COVID-19 ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် ပြည်သူများသိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့်ပတ်သတ်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်နေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ သရက်ကုန်းကျေးရွာအုပ်စုဘ ဘုရားကြီးကျေးရွာ၊ ဆိပ်ကြီးကျေးရွာ၊ အလယ်စုကျေးရွာတို့၌ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ၊ ကျေးရွာရှိတာ၀န်ရှိသူများနှင့်အတူ (၁၁-၇-၂၀၂၀)ရက်နေ့၌ (၁၂၃၀)နာရီအချိန်၌ လက်တလောနိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိသော COVID-19 ကူးစက် ရောဂါနှင့် သဘာဝဘေးနှင့်ပတ်သတ်သည့် ဆောင်ရန်/ရှောင်ရန်များကို ကျေးရွာ/ရပ်ကွက်နေပြည်သူတို့အား ဒုတိယအကြိမ်အသိပညာပေးခြင်းနှင့် ကျန်းမာရေးအရေးပေါ်သုံး First Aid Kit များပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_jun2020 Source: သာပေါင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါကြိုတင်ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန်များအား အသိပညာပေးနှိုးဆော်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် ပူးပေါင်း၍ (၁၁-၇-၂၀၂၀) ရက်နေ့တွင် ကွင်းကောက်(မ) ကျေးရွာအုပ်စုရှိ ချောင်းခွကျေးရွာ၊ တလုပ်ကုန်းကျေးရွာ၊ ကွမ်းခြံကုန်းကျေးရွာ၊ ဂွေးတောက်ကွင်း ကျေးရွာ၊ အညာတန်းကျေးရွာ၊ အောင်ချမ်းသာကျေးရွာ၊ သာပေါင်းကျေးရွာများ၊ တလိုင်းကွင်း ကျေးရွာအုပ်စုရှိ သဲတောကျေးရွာ၊ ဒိုးတန်းကျေးရွာ၊ ရွာသစ်ကုန်းကျေးရွာများ၌ COVID-19 ရောဂါနှင့်ပတ်သက်၍ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အသိပညာပေး ဆောင်ရန်ရှောင်ရန်အချက် အလက်များနှင့်မိုးတွင်းကာလဖြစ်ပွာသောဘေးအန္တရယ်များနှင် ပတ်သက်၍ ဆောင်ရန်ရှောင်ရန်များကို ပြည်သူများ အလွယ်တကူသိရှိ လိုက်နာနိုင်ရေး အတွက်လှည့်လည်၍ … Read more









