လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ သရက်ကုန်းကျေးရွာအုပ်စုဘ ဘုရားကြီးကျေးရွာ၊ ဆိပ်ကြီးကျေးရွာ၊ အလယ်စုကျေးရွာတို့၌ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ၊ ကျေးရွာရှိတာ၀န်ရှိသူများနှင့်အတူ (၁၁-၇-၂၀၂၀)ရက်နေ့၌ (၁၂၃၀)နာရီအချိန်၌ လက်တလောနိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိသော COVID-19 ကူးစက် ရောဂါနှင့် သဘာဝဘေးနှင့်ပတ်သတ်သည့် ဆောင်ရန်/ရှောင်ရန်များကို ကျေးရွာ/ရပ်ကွက်နေပြည်သူတို့အား ဒုတိယအကြိမ်အသိပညာပေးခြင်းနှင့် ကျန်းမာရေးအရေးပေါ်သုံး First Aid Kit များပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#ayy_jun2020
Source: သာပေါင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)