လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် ပူးပေါင်း၍ (၁၁-၇-၂၀၂၀) ရက်နေ့တွင် ကွင်းကောက်(မ) ကျေးရွာအုပ်စုရှိ ချောင်းခွကျေးရွာ၊ တလုပ်ကုန်းကျေးရွာ၊ ကွမ်းခြံကုန်းကျေးရွာ၊ ဂွေးတောက်ကွင်း ကျေးရွာ၊ အညာတန်းကျေးရွာ၊ အောင်ချမ်းသာကျေးရွာ၊ သာပေါင်းကျေးရွာများ၊ တလိုင်းကွင်း ကျေးရွာအုပ်စုရှိ သဲတောကျေးရွာ၊ ဒိုးတန်းကျေးရွာ၊ ရွာသစ်ကုန်းကျေးရွာများ၌ COVID-19 ရောဂါနှင့်ပတ်သက်၍ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အသိပညာပေး ဆောင်ရန်ရှောင်ရန်အချက် အလက်များနှင့်မိုးတွင်းကာလဖြစ်ပွာသောဘေးအန္တရယ်များနှင် ပတ်သက်၍ ဆောင်ရန်ရှောင်ရန်များကို ပြည်သူများ အလွယ်တကူသိရှိ လိုက်နာနိုင်ရေး အတွက်လှည့်လည်၍ အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများအား ဆောင်ရွက်ခဲ့ ပါကြောင်း သတင်းရရှိပါသည်။
#ar
#ayy_jul2020
Source: အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)