Category Archives: News
-
COVID-19 ကူးစက်မြန်ရောဂါနှင့်စပ်လျဉ်းသည့် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွမှုဦးစီးဌာန၊ ဘောလခဲခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉.၇.၂၀၂၀) ရက်နေ့တွင် ဘောလခဲမြို့နယ်၊ ဟော်ခမ်းကျေးရွာ၊ စောလုံကျေးရွာ၊ လယ်ဝိန်း ကျေးရွာများရှိ ပြည်သူများအား COVID-19 ကူးစက်ရောဂါ ပြန့်ပွားမှုမဖြစ်ပွားစေ ရန်အတွက် သိရှိလိုက်နာရန်အချက်များနှင့် သဘာဝဘေး အန္တရာယ်နှင့်စပ်လျဉ်းသည့် ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #kyh_jul2020 Source: ဘောလခဲခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19ကူးစက်မှု ဒုတိယလှိုင်းမဖြစ်ပွားစေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်း မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာပေါင်းမြို့နယ်၊ သပြေကျွန်းကျေးရွာအုပ်စု၊ သပြေကျွန်းကျေးရွာ၊ မကျည်းပင်စု ကျေးရွာ၊ တကူးကုန်းကျေးရွာတို့တွင် Covid-19 ဒုတိယလှိုင်းကူးစက်မှု မဖြစ်ပွားစေရန်နှင့် သဘာဝဘေးနှင့် ပက်သက်သည့် ဆောင်ရန်/ရှောင်ရန်များကို (၂၉-၇-၂၀၂၀) ရက်နေ့၊ (၁၂:၀၀) နာရီအချိန်တွင် ကျေးရွာ/ရပ်ကွက်နေ မိဘပြည်သူတို့အား အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_jul2020 Source: သာပေါင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၉-၇-၂၀၂၀)ရက်နေ့တွင် ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ ရိုးခွကျေးရွာ၊ ရေပေါ်သောင်ကျေးရွာ၊ ရေတွင်းကုန်းကျေးရွာ၊ သဘော့ချောင်းကျေးရွာ၊ ဒေါင့်ကြီးကျေးရွာ၊ နဲ့ဗျောကျေးရွာနှင့် ပက်အင်းကလေးကျေးရွာများ၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အများပြည်သူသိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အသိပေးကြေညာချက်များ၊ မိုးကြိုးဘေး၊ ရေဘေးတို့နှင့်စပ်လျဉ်း၍ ဦးစီးဌာနမှ ထုတ်ပြန်ထားသည့် လက်ကမ်းစာစောင်ပါအချက်များကို လှည့်လည်အသိပညာပေး နှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ygn_jul2020 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရေး အသိပညာပေးခြင်းနှင့် မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေး၊ မြေပြိုဘေးအန္တရာယ်များ ကြိုတင်ပြင်ဆင်ရေး အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သံဖြူဇရပ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၇-၂၀၂၀) ရက်နေ့၊ (၁၄:၀၀)နာရီအချိန်မှ (၁၆:၀၀) နာရီအချိန်ထိ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၊ ကြံ့ခိုင်ရေးရပ်ကွက်နှင့် ကျောင်းပိုင်းရပ်ကွက်တို့တွင် Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရေးနှင့် မိုးရာသီကာလအတွင်းဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေး၊ မြေပြိုဘေးအန္တရာယ်များ ကြိုတင်ပြင်ဆင်ရေး အသိပညာပေးခြင်းနှင့် လက်ကမ်း စာစောင် ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_jul2020 Source: သံဖြူဇရပ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး စစ်ကိုင်းမြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများ အား အားပေးထောက်ပံ့ခြင်းများ ဆောင်ရွက်မှုသတင်း
ဇူလိုင် ၂၉၊ စစ်ကိုင်းမြို့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် အနိမ့်ပိုင်းဒေသများရှိ ရပ်ကွက်၊ ကျေးရွာများမှ ရေဘေးသင့်အိမ်ထောင်စု (၁,၄၅၁) စု၊ လူဦးရေ (၆၅၁၆) ဦးတို့အား ဘေးလွတ်ရာ ယာယီခိုလှုံရာစခန်းများသို့ ပြောင်းရွှေ့ပေးခဲ့ရပါသည်။ အဆိုပါ ရေဘေးသင့်ပြည်သူများအား အားပေးစကားပြောကြားခြင်း၊ စားနပ်ရိက္ခာများ၊ ဆန်ရိက္ခာဖိုးငွေများနှင့် COVID-19 ရောဂါကာကွယ်ရေးပစ္စည်း များ ထောက်ပံ့ခြင်းတို့ကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး သွားရောက် ဆောင်ရွက်ခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးနှင့်အတူ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန … Read more
-
Covid-19 ကူးစက်ရောဂါနှင့် မိုးရာသီကာလသို့ ကာလတွင်ဖြစ်ပေါ်လေ့ရှိသည့် ရေဘေး၊ မြေပြိုဘေးနှင့် မိုးကြိုးဘေးစသည့် သဘာဝဘေးအန္တရာယ်နှင့်ပက်သက်၍ ဆောင်ရန်/ ရှောင်ရန် အချက်များအား အများပြည်သူသို့ အသိပညာပေးဆောသင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၇-၂၀၂၀) ရက်နေ့တွင် ရေဖြူမြို့နယ်အတွင်းရှိ ကျောက်ကညာကျေးရွာတွင် လော်စပီကာတို့ဖြင့် Covid-19 လတ်တလောအသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပက်သက်၍ လိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် မိုးရာသီကာလသို့ ရောက်ရှိလာပြီဖြစ်သည့်အတွက် ရေဘေး၊ မြေပြိုဘေးနှင့် မိုးကြိုးဘေးစသည့် သဘာဝဘေးအန္တရာယ်နှင့်ပက်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များအား ပြည်သူသို့အသိပညာပေးပန်ကြားချက်များအား လှည့်လည်ကြေညာခြင်းများ ဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များဝေငှခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ar #tny_jul2020
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၉-၇-၂၀၂၀)ရက်နေ့၊ (၁၉:၃၀)နာရီအချိန်မှစ၍ ချောင်းခွကျေးရွာအုပ်စု၊ ချောင်းခွကျေးရွာ၊ အရိုးတောင်ကုန်းကျေးရွာ၊ ကညွှတ်ကုန်းကျေးရွာ၊ ထောက်ကြံကွင်းကျေးရွာ၊ တောဇာကုန်းကျေးရွာ၊ ညောင်ကုန်းကျေးရွာ၊ မရိုးကုန်းကျေးရွာတို့၌ COVID-19 ရောဂါနှင့်စပ်လျဉ်း၍ ဒုတိယလှိုင်း ကူးစက်မှုမဖြစ်ပွားစေရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ဆောင်ရန်/ရှောင်ရန်အချက်များ၊ ရာသီအလိုက်ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ်များ နှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို လှည့်လည်အသိပညာပေး နှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_jul2020 Source: အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် မိုးရာသီကာလအတွင်း ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၇-၂၀၂၀) ရက်နေ့၊ (၁၀:၀၀) နာရီအချိန်မှ (၁၄:၀၀) နာရီအချိန်အထိ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ်၊ အစင်ကျေးရွာ၊ ဓမင်းဆိပ်ကြီးကျေးရွာနှင့် ဓမင်းဆိပ်လေးကျေးရွာတို့တွင် COVID-19 ရောဂါ ကူးစက်ပြန့်နှံ့မှု မဖြစ်ပွားစေရေးနှင့် မိုးရာသီကာလအတွင်း ဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေး၊ မြေပြိုဘေးအန္တရာယ်များ ကြိုတင်ပြင်ဆင်ရေး အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းများဆောင်ရွက်ခဲ့ပြီး မုန်တိုင်းဘေးပိုစတာအား အုပ်ချုပ်ရေး မှူးကို ပေးအပ်ခြင်းများအား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် ရေဘေးနှင့် မိုးကြိုးဘေး အန္တရာယ်ဆိုင်ရာ ဆောင်ရန်/ ရှောင်ရန်အချက်များအား အသိပညာပေးခြင်းများ ဆောင်ရွက်မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိ သူများသည် (၂၉-၇-၂၀၂၀) ရက်နေ့၊ (၁၀:၀၀) အချိန်မှ (၁၅:၀၀) အချိန်အထိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် မိုးရာသီကာလအတွင်း ဖြစ်ပွားတတ်သည့် ရေဘေးအန္တရာယ်နှင့် မိုးကြိုးဘေး အန္တရာယ်ဆိုင်ရာ ဆောင်ရန်/ ရှောင်ရန်အချက်များနှင့် ပတ်သက်၍ ပုဗ္ဗသီရိမြို့နယ်၊ ပုဇွန်ဆိပ် ကျေးရွာအုပ်စု၊ ပုဇွန်ဆိပ်ကျေးရွာ၊ ကန်စွန်းအင်းကျေးရွာ၊ ကံသာကျေးရွာ၊ သံပုရာကုန်းကျေးရွာ၊ သူဌေးကုန်းကျေးရွာ၊ ကျွန်းကုန်ကျေးရွာများအတွင်းရှိ … Read more
-
ကမ်းပြိုဘေးသင့်ပြည်သူအတွက် ထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ မအူအောက်ဆိပ် ကျေးရွာအုပ်စု၊ မအူငယ်ကျေးရွာတွင်(၂၈-၇-၂၀၂၀) ရက်နေ့၊ (၁၀:၃၀) အချိန်၌ ချင်းတွင်းမြစ်ရေတိုက်စားကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခြင်းများ ဆောင်ရွက်ခဲ့ကြရာ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့လူနေအိမ် (၁) လုံး၊ အိမ်ထောင်စု(၁)စု၊ လူဦးရေ(၃)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၁၀၀,၀၀ဝ)ကျပ်၊ ဆန်ရိက္ခာဖိုးငွေ(၆,၃၀ဝ)၊ စုစုပေါင်းတန်ဖိုးငွေ (၁၀၆,၃၀ဝ) ကျပ်အား (၂၉-၇-၂၀၂၀) ရက်နေ့၊ (၁၄:၀၀)အချိန်တွင် ရေစကြိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံး၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူနှင့်အတူ ကျေးရွာအုပ်ချုပ်ရေးမှူးလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_rbe … Read more









