Covid-19 ကူးစက်ရောဂါနှင့် မိုးရာသီကာလသို့ ကာလတွင်ဖြစ်ပေါ်လေ့ရှိသည့် ရေဘေး၊ မြေပြိုဘေးနှင့် မိုးကြိုးဘေးစသည့် သဘာဝဘေးအန္တရာယ်နှင့်ပက်သက်၍ ဆောင်ရန်‌/ ရှောင်ရန် အချက်များအား အများပြည်သူသို့ အသိပညာပေးဆောသင်ရွက်မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၇-၂၀၂၀) ရက်နေ့တွင် ရေဖြူမြို့နယ်အတွင်းရှိ ကျောက်ကညာကျေးရွာတွင် လော်စပီကာတို့ဖြင့် Covid-19 လတ်တလောအသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပက်သက်၍ လိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် မိုးရာသီကာလသို့ ရောက်ရှိလာပြီဖြစ်သည့်အတွက် ရေဘေး၊ မြေပြိုဘေးနှင့် မိုးကြိုးဘေးစသည့် သဘာဝဘေးအန္တရာယ်နှင့်ပက်သက်၍ ဆောင်ရန်‌/ရှောင်ရန်အချက်များအား ပြည်သူသို့အသိပညာပေးပန်ကြားချက်များအား လှည့်လည်ကြေညာခြင်းများ ဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များဝေငှခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

#ar
#tny_jul2020

Sign Up

Upcoming Events