Category Archives: News
-
ထောက်ပံ့ငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် COVID_19 စီးပွားရေးကုစားမှုအစီအစဥ် (CERP)အရစားသောက် ကုန်(၅)မျိုး ဝယ်ယူရန် အိမ်ထောင်စု(၁)စုလျှင် (၄၀၀၀၀)နှုန်းဖြင့် လွယ်ဂျယ်မြို့ရှိ လီဆူ Idps စခန်းတွင် အိမ်ထောင်စု(၂၂၄)စု၊ လူဦးရေ (၁၂၉၅)ဦး၊ နှစ်ခြင်း IDPs စခန်းတွင်အိမ်ထောင်စု(၃၇)စု၊လူဦးရေ(၂၃၉)ဦး၊ RC Idps စခန်းတွင်အိမ်ထောင်စု(၆၈)စု၊ လူဦးရေ (၄၁၈)ဦး၊ ဆိုင်းဂျာ Idps စခန်းတွင် အိမ်ထောင်စု(၄၄)စု၊ လူဦးရေ(၂၇၄)ဦး၊ ညောင်နှစ်ပင် Idps စခန်းတွင် အိမ်ထောင်စု(၄၇)စု၊ လူဦးရေ(၂၉၃)ဦး၊ ထန်းည Idps … Read more
-
IDPs စခန်းများ၌(Covid-19) ရောဂါကာကွယ်ရေးနှင့်ပက်သက်ပြီး လက်ဆေးဆပ်ပြာနှင့်ထုံးအိတ်များထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် COVID-19 ကာကွယ်ရန် လူ(၁)ဦးလျှင် ဆပ်ပြာ(၁)ခဲနှုန်းဖြင့် လွယ်ဂျယ်မြို့ရှိ လီဆူ Idps စခန်းတွင်အိမ်ထောင်စု(၂၁၁)စု၊ လူဦးရေ(၁၂၁၅)ဦး၊ နှစ်ခြင်း IDPs စခန်းတွင်အိမ်ထောင်စု(၃၈)စု၊လူဦးရေ(၂၄၁)ဦး၊ RC Idps စခန်းတွင်အိမ်ထောင်စု(၆၇)စု၊လူဦးရေ(၄၁၈)ဦး၊ ဆိုင်းဂျာ Idps စခန်းတွင်အိမ်ထောင်စု(၄၄)စု၊ လူဦးရေ(၂၇၄)ဦး၊ ညောင်နှစ်ပင် Idps စခန်းတွင်အိမ်ထောင်စု(၄၈)စု၊ လူဦးရေ(၂၉၃)ဦးနှင့် ထန်းည Idps စခန်းတွင်အိမ်ထောင်စု(၂၄)စု၊ လူဦးရေ (၁၁၈)ဦး၊ စုစုပေါင်းအိမ်ထောင်စု(၄၃၂)ဦး၊ လူဦးရေ(၂၅၅၉)ဦးတို့အတွက် ဆပ်ပြာ(၂၅၅၉)ခဲ၊ ထုံး(၁၀)အိတ်တို့အား(၄-၉-၂၀၂၀) ရက်နေ့(၁၆:၀၀) နာရီအချိန်တွင် … Read more
-
Covid-19ကူးစက်ရောဂါ မဖြစ်စေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၄-၉-၂၀၂၀) ရက်နေ့တွင် လားရှိုးမြို့၊ မြို့မကျေးရွာအုပ်စု၊ မန်အိုင်ကျေးရွာနှင့် ပန်ဟုန်းကျေးရွာတို့၌ Covid-19 ကူးစက်မှု မဖြစ်ပွား စေရန်ပြည်သူများလိုက်နာရမည့် ကျန်းမာရေးအမူအကျင့်များ အသိပညာပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာအသိပညာပေးခြင်း များကို အသံချဲ့စက်များဖြင့် လှည့်လည်ဟောပြောခဲ့ပြီး Mask နှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ပေးဝေခြင်း၊ Hand Gelများဖြင့် လက်သန့်စင်ပေးခြင်းတို့အား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #shn_sep2020
-
Covid-19ကူးစက်ရောဂါ မဖြစ်စေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၉-၂၀၂၀)ရက်နေ့၌ ထားဝယ်မြို့နယ်အတွင်းရှိ ပေါက်တိုင်း ကျေးရွာ၊ ကူးတို့ကျေးရွာနှင့် အလယ်ကုန်းကျေးရွာတို့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ကူးစက်မှု ဒုတိယလှိုင်းမဖြစ်စေရန် အသိပညာပေးခြင်း၊ ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များအား အသိအညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဝေငှခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ar #tny_sep2020
-
Covid-19ကူးစက်ရောဂါ မဖြစ်စေရန် ကြိုတင်ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ် အသိပညာပေးခြင်းများ ဆောင်ရွက်မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လဟယ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၉-၂၀၂၀) ရက်နေ့၊ (၁၃:၀၀) နာရီအချိန်မှ (၁၄:၀၀) နာရီအချိန်ထိ ဆော်လော်နောက်အင်းကျေးရွာ၌ Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရေးအသိပညာပေးခြင်းနှင့် မိုးရာသီကာလ အတွင်းဖြစ်ပွားလေ့ရှိသည့် မြေပြိုဘေးနှင့် မိုးခေါင်ရေရှာဘေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ပေးဝေခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: လဟယ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #sgg_sep2020
-
မကွေး၊ ရန်ကုန်နှင့် ပဲခူးတိုင်းဒေသကြီးတို့ရှိ မသန်စွမ်းသူများအား COVID – 19 စီးပွားရေး ထိခိုက်မှု သက်သာရေးအစီအစဉ်အရ ငွေကြေးထောက်ပံ့ရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး လွှဲပြောင်းပေးအပ်မှုသတင်း
စက်တင်ဘာလ ၊ ၄ ၊ နေပြည်တော် မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ထောက်ပံ့မှု တစ်ကြိမ် မရရှိသေးသော မသန်စွမ်းသူများအား နိုင်ငံတော်အစိုးရ၏ COVID – 19 စီးပွားရေး ထိခိုက်မှု သက်သာရေးစီမံချက် (CERP) အရ ငွေကြေးလွှဲပြောင်းထောက်ပံ့ခြင်းကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး၌ အွန်လိုင်းစနစ်ဖြင့် ဆောင်ရွက်ခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့် ညွှန်ကြားရေးမှူးချုပ်များက ပါဝင်ဆောင်ရွက်ကြပြီး မကွေးတိုင်းဒေသကြီး လူမှုရေးဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး … Read more
-
ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် COVID_19 စီးပွားရေးကုစားမှုအစီအစဥ် (CERP)အရ စားသောက်ကုန် (၅)မျိုး ဝယ်ယူရန် အိမ်ထောင်စု(၁)စုလျှင် (၄၀၀၀၀/-)နှုန်းဖြင့် မံစီမြို့နယ်၊ မိုင်းခေါင်ကျေးရွာရှိနှစ်ခြင်း Idps စခန်းတွင် အိမ်ထောင်စု(၃၈၆)စု၊ လူဦးရေ (၁၇၀၇)ဦးနှင့် ကက်သလစ် Idps စခန်းတွင် အိမ်ထောင်စု(၁၅၄)စု၊ လူဦးရေ(၇၃၂)ဦး၊ စုစုပေါင်းအိမ်ထောင်စု (၅၄၀)စု၊ လူဦးရေ (၂၄၃၉)ဦး၊ တို့အား စုစုပေါင်းထောက်ပံ့ငွေ (၂၁,၆၀၀,၀၀၀/-)ကျပ်ကို (၄-၉-၂၀၂၀)ရက်နေ့ (၁၄:၀၀) နာရီအချိန်တွင် ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more
-
Covid-19 ကူးစက်မှုမဖြစ်ပွားစေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးဆောင်ရွက်မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၉-၂၀၂၀) ရက်နေ့တွင် ကျေးရွာရပ်မိ/ရပ်ဖများနှင့်ပူးပေါင်းပြီး မော်လိုက်မြို့နယ်၊ လောင်းကောင်းကျေးရွာ၊ ညောင်ဝန်းကျေးရွာ၊ ညောင်သပြေကျေးရွာ စသည့်ကျေးရွာတို့တွင် Covid-19 ကူးစက်ရောဂါကူးစက်မှု ဒုတိယလှိုင်းမဖြစ်ပေါ်စေရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား အသိပညာပေးလှည့်လည်နှိုးဆော်ခဲ့ပြီး သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #sgg_sep2020
-
ကမ်းပြိုဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၉-၂၀၂၀) ရက်နေ့၊ (၁၀:၀၀) နာရီအချိန်၌ ရေစကြိုမြို့နယ်၊ မအူအောက်ဆိပ်ကျေးရွာအုပ်စု၊ မအူငယ် ကျေးရွာတွင် ချင်းတွင်းမြစ်ရေ တိုက်စားကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ခြင်းများ ဆောင်ရွက်ခဲ့ကြရာ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့လူနေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စု၊ လူဦးရေ (၅) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀ဝိ/-) ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၀,၅၀ဝိ/-)၊ စုစုပေါင်း (၁၁၀၅၀ဝိ/-) ကျပ်အား (၄-၉-၂၀၂၀) ရက်နေ့၊ (၁၅:၀၀) … Read more
-
စားနပ်ရိက္ခာများထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မောင်တောခရိုင်၊ တောင်ပြို(လက်ဝဲ)မြို့နယ်အတွင်းရှိ နံ့သာတောင်ပရဟိတဘုန်းကြီးကျောင်း၌ ပညာသင်ကြားနေသည့် ကျောင်းသား/ သူ(၃၅၂)ဦးအတွက် စားနပ်ရိက္ခာ(၁)လစာ ဆန်(၁၁၀)အိတ်၊ ဆီ(၁၃၂)ပိဿာ၊ ဆား(၂၆.၄)ပိဿာနှင့် ပဲ(၅၂၈)ပိဿာတို့အား (၄-၉-၂၀၂၀)နေ့တွင် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_otr #rke_sep2020 Source: မောင်တောခရိုင်ဦးစီးမှူးရုံး (ဘစမ)









