Category Archives: News
-
Covid-19 ကူးစက်ရောဂါ၊ သဘာဝဘေးတို့နှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်း ဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၉-၂၀၂၀)ရက်နေ့၊နံနက်ပိုင်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ အခြားဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ မြို့အဝင် စစ်ဆေးရေးဂိတ်တွင် ခရီးသွားပြည်သူများအား (Covid -19) အသိပညာ ပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ Maskများဖြန့်ဝေခြင်း၊ လက်ဆေးဆပ်ပြာများဖြန့်ဝေခြင်း၊ ကျန်းမားရေး စစ်ဆေးခြင်းများ၊ ခရီးသွားရာဇဝင်ကောက်ယူခြင်းတို့ကို ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။ ဆက်လက်၍ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မိုင်းဖြတ်မြို့နယ်၊ ဝမ်ယန်းကျေးရွာတွင် ကျေးရွာပြည်သူများအားအသံချဲ့စက် အသုံးပြု၍ (Covid -19) ရောဂါနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း … Read more
-
Covid-19 ကူးစက်ရောဂါ အသိပညာပေးနှိုးဆော်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံး မှတာဝန်ရှိသူများသည် (၉.၉.၂၀၂၀)ရက် နေ့ ညနေ (၂၀:၀၀) အချိန်မှ (၂၂:၀၀) အချိန်အထိ ပခုက္ကူမြို့ပေါ်ရပ် ကွက်များဖြစ်သည့် အမှတ်(၁/၂/၃/၄/၅/ ၆/၇/၈/၉/၁၀/၁၁/၁၂/၁၃/၁၄/၁၅) ရပ်ကွက်များတွင် လှည့်လည်၍ covid 19 ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်ရှောင်ရန်အချက်များအား အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mgy_sep2020 Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့် မိုးကြိုးဘေးတို့နှင့်ပတ်သက်၍ အသိပညာပေး ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန် လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူး ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၉-၂၀၂၀)ရက်နေ့၌ မင်းဘူး(စကု)မြို့နယ်၊ ကျောင်းကုန်းကျေးရွာ၊ သနပ္ပင်စုကျေးရွာ၊ ပေါက်ငူကျေးရွာနှင့် မယ်ဘေ့ ကုန်းကျေးရွာတို့တွင် (Covid-19) ရောဂါကြိုတင်ကာကွယ် ရေးနှင့် မိုးရာသီတွင် ဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေးအန္တရာယ်များ ကြိုတင်ပြင်ဆင်ရေး အသိပညာပေးနှိုးဆော် ခြင်းများကို ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #mgy_sep2020 Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ရောဂါကူးစက်မှုမဖြစ်ပွားစေရန်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကြာအင်းဆိပ်ကြီးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၉-၂၀၂၀) ရက်နေ့၊ (၀၈:၀၀)နာရီချိန်မှ (၁၂:၀၀)နာရီချိန်ထိ ကြာအင်းဆိပ်ကြီး မြို့နယ်အတွင်းရှိ တံခွန်တိုင်ကျေးရွာ ခလယ်ကျေးရွာ ဘုရားငါးဆူးကျေးရွာများ၌ COVID-19 ကူးစက်မြန် အဆုတ်ရောင်ရောဂါ ပြန့်ပွားမှုများမရှိစေရန်အတွက် သိရှိလိုက်နာရမည့်အချက်များ မိုးရာသီကာလအတွင်း ဖြစ်ပွားတတ်သော သဘာဝ ဘေး အန္တရာယ်များနှင့် စပ်လျဉ်း၍ဆောင်ရန်/ ရှောင်ရန်အချက်များအား အသံချဲ့စက်ဖြင့် ကျေးရွာနေပြည်သူများသို့ အသိပညာပေး ပြီး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #krn_sep2020 Source: ကြာအင်းဆိပ်ကြီးမြို့နယ်ဦးစီးမှူးရုံး … Read more
-
Covid-19 ရောဂါနှင့် ပတ်သက်၍အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၉-၂၀၂၀) ရက်နေ့၊ (၀၉:၀၀) နာရီအချိန်တွင် အင်္ဂပူမြို့နယ်၊ ကံဘက်ကျေးရွာအုပ်စုရှိ သာယာကုန်းကျေးရွာ၊ ကံ ဘက်ကျေးရွာ၊ လေးအိမ်တန်းရှမ်းစုကျေးရွာ၊ ကညင်ဆိပ်ကျေးရွာတို့တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ကူးစက်ဖြစ်ပွားမှု ဒုတိယလှိုင်းမပေါ် ပေါက်စေရေး ပြည်သူသို့ပန်ကြားချက်နှင့် ဧရာဝတီတိုင်းဒေသကြီး Covid -19 ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ထုတ်ပြန်ပြီးဖြစ်သည့် တားမြစ်မိန့်နှင့် ညွှန်ကြားချက်များ အားလည်းကောင်း၊ ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအသိပညာများအား အများ ပြည်သူများ … Read more
-
Covid-19 ကူးစက်ရောဂါ အသိပညာပေးနှိုးဆော်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပေါက်မြို့နယ်ဦးစီးမှူးရုံးမှ (၁၀-၉-၂၀၂၀)ရက်နေ့တွင်ပေါက်မြို့နယ်၊ သံပရာအိုင့်ကျးရွာအုပ်စု၊ သံပရာအိုင့်ကျေးရွာ၊ ရေယာဉ်(မ)ကျေးရွာနှင့် ရေယာဉ်(တ)ယာကြီးကျေးရွာတို့တွင် Covid-19 ကူးစက်ရောဂါကြိုတင်ကာကွယ်ရေးနှင့် ဆောင်ရန်ရှောင်ရန်များကို အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့ပါသည်။ #ar #mgy_sep2020 Source: ပေါက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါ အသိပညာပေးနှိုးဆော်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၉-၂၀၂၀)ရက်နေ့ (၀၈း၃၀)နာရီမှ(၁၀း၃၀)နာရီအချိန်ထိ ဂန့်ဂေါမြို့နယ်၊ ဇီးပြားကျေးရွာနှင့် လုံခြုံကျေးရွာများသို့ Covid-19ရောဂါ ဒုတိယလှိုင်းမဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ရေးနှင့် မိုးရာသီတွင်ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ်များကြိုတင်ပြင်ဆင်ရေး အသိပညာပေးနှိုးဆော်ခြင်းများ လော်စပီကာများအသုံးပြု၍ ဆော်ဩခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mgy_sep2020 Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ရောဂါကူးစက်မှု ဒုတိယလှိုင်းမဖြစ်ပွားစေရန်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၉-၂၀၂၀) ရက်နေ့၌ မကွေးမြို့၊ အောင်မင်္ဂလာရပ်ကွက်၊ အောင်ချမ်းသာရပ်ကွက် (ရန်ကျော်ရပ်၊ ရန်မျိုးလုံရပ်၊ ရန်ကင်းရပ်၊ ရန်မျိုးနိုင်ရပ်) တို့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ကူးစက်မှုဒုတိယလှိုင်းမဖြစ်ပွား စေရန် အသိပညာပေးချက်များ၊ ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သည့် ဆောင်ရန်/ ရှောင်ရန်အချက်များ အား အသိအညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_sep2020 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ ကျောင်းကုန်းကျေးရွာတွင် (၈-၉-၂၀၂၀)ရက်နေ့၌ ဖြစ်ပွားခဲ့သော ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမည်ကို စိုးရိမ်မှုကြောင့် ကြိုတင်ပြောင်းရွှေ့အိမ်ခြေ(၃)လုံး၊ အိမ်ထောင်စု(၃)စုတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး(၃၀၀,၀၀၀ိ/-)၊ လူဦးရေ(၁၂)ဦးအတွက် ဆန်ရိက္ခါ(၇)ရက်စာ (၂၅,၂၀၀ိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၃၂၅,၂၀၀ိ/-)အား (၁၀-၉-၂၀၂၀)ရက်နေ့၊ (၁၀:၀၀)အချိန်တွင် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #mgy_sep2020 Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid19 ကူးစက်ရောဂါနှင့် သဘာဝဘေး အသိပညာပေးဆောင်ရွက်မှု
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၉-၂၀၂၀) ရက်နေ့တွင် ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ဗောဓိကုန်းကျေးရွာ၊ လေးကြီး ကျေးရွာ၊ တာကောက်ကျေးရွာ၊ အင်ငါးခွကျေးရွာ၊သိုက်ကျင်းမကျေးရွာနှင့် သဖန်းချိုကျေးရွာတို့၌ (Covid-19) အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍ အများပြည်သူများသိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးကြေညာချက်များနှင့် မိုးကြိုးဘေး၊ လေဘေး၊ ရေဘေးနှင့်စပ်လျဉ်း၍ ဦးစီးဌာနမှထုတ်ပြန်ထားသည့် လက်ကမ်းစာစောင်များပါ ဆောင်ရန်/ရှောင်ရန်များအား အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #bgo_sep2020 Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)









