Covid-19 ကူးစက်ရောဂါ၊ သဘာဝဘေးတို့နှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

 
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်း ဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၉-၂၀၂၀)ရက်နေ့၊နံနက်ပိုင်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ အခြားဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ မြို့အဝင် စစ်ဆေးရေးဂိတ်တွင် ခရီးသွားပြည်သူများအား (Covid -19) အသိပညာ ပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ Maskများဖြန့်ဝေခြင်း၊ လက်ဆေးဆပ်ပြာများဖြန့်ဝေခြင်း၊ ကျန်းမားရေး စစ်ဆေးခြင်းများ၊ ခရီးသွားရာဇဝင်ကောက်ယူခြင်းတို့ကို ပူး‌ပေါင်းဆောင်ရွက်ခဲ့ပါသည်။ ဆက်လက်၍ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မိုင်းဖြတ်မြို့နယ်၊ ဝမ်ယန်းကျေးရွာတွင် ကျေးရွာပြည်သူများအားအသံချဲ့စက် အသုံးပြု၍ (Covid -19) ရောဂါနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
#ar
#shn_sep2020
 
 
Source: မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events