လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံး မှတာဝန်ရှိသူများသည် (၉.၉.၂၀၂၀)ရက် နေ့ ညနေ (၂၀:၀၀) အချိန်မှ (၂၂:၀၀) အချိန်အထိ ပခုက္ကူမြို့ပေါ်ရပ် ကွက်များဖြစ်သည့် အမှတ်(၁/၂/၃/၄/၅/ ၆/၇/၈/၉/၁၀/၁၁/၁၂/၁၃/၁၄/၁၅) ရပ်ကွက်များတွင် လှည့်လည်၍ covid 19 ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်ရှောင်ရန်အချက်များအား အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#mgy_sep2020
Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)