Category Archives: News
-
ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကြိုတင်ပြောင်းရွှေ့ခဲ့သည့် ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေနံချောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ ကျမ်းကိုင်ကျွန်းကျေးရွာအုပ်စု ကံသာကျေးရွာ၌ ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် (၁၄-၉-၂၀၂၀) ရက်နေ့တွင် ကြိုတင်ပြောင်းရွှေ့ခဲ့သည့် နေအိမ်(၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၄၀၀၀၀၀)ကျပ်၊ လူဦးရေ(၂၂)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ(၄၆၂၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၄၄၆၂၀၀)ကျပ်အား ရေနံချောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်း၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ကျေးရွာတာဝန်ရှိသူများထံ (၁၅-၉-၂၀၂၀) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #mgy_sep2020 Source: ရေနံချောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါပျံ့နှံ့မှုများမဖြစ်ပွားစေရန်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၉-၂၀၂၀) ရက်နေ့၌ မကွေးမြို့၊ မြင်သာရပ်ကွက်၊ အောင်ရတနာရပ်ကွက်တို့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ကူးစက်မှု ဒုတိယလှိုင်းမဖြစ်စေရန် အသိပညာပေးချက်များ၊ ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သည့် ဆောင်ရန်/ ရှောင်ရန်အချက်များအား အသိအညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ar #mgy_sep2020
-
Covid-19ကူးစက်ရောဂါ မဖြစ်စေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၉-၂၀၂၀) ရက်နေ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မဇ္ဇျိမလူမှုကူညီရေးအသင်းတို့နှင့်ပူးပေါင်း၍ ဝမ်လုံးကျေးရွာနှင့် ဟောင်လိတ်ရပ်ကွက်အတွင်းရှိ လူစည်ကားရာမီးပွိုင့်များတွင် (COVID-19) ရောဂါကူးစက်မှု ဒုတိယလှိုင်း မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရေး နည်းလမ်းများကိုလည်းကောင်း၊ သဘာဝဘေးနှင့် ပတ်သတ်သည့် ဆောင်ရန် / ရှောင်ရန်များကို လည်းကောင်း Hand Speaker များ၊ အသံချဲ့စက်များအသုံးပြုခြင်းဖြင့်အသိပညာပေးဆော်သြခြင်း၊ hand gel များဖြင့် လက်သန့်စင်စေခြင်း၊ … Read more
-
Covid-19ကူးစက်ရောဂါ မဖြစ်စေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟိုပုံးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၉-၂၀၂၀) ရက်နေ့တွင် ဟိုပုံးမြို့နယ်အတွင်းရှိ တောင်ရပ်ကွက် နယ်မြေ (၅/၆/၇) တို့တွင် COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာ ဆောင်ရွက်ရန်များကိုနှင့် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များအား အသိပညာပေး ဆော်ဩခြင်း၊ maskနှင့် သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဟိုပုံးမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #shn_sep2020
-
COVID-19 ကူးစက်ရောဂါနှင့် မိုးရာသီကာလတွင်ဖြစ်ပွားတတ်သည့် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ထန်းကုန်းကျေးရွာ၊ ရေဖြူကင်းကျေးရွာ၊ နတ်စဉ်ကုန်းကျေးရွာ၊ မြင်းစုကျေးရွာ၊ ဝါးတီးရွာသစ်၊ ဝက်ဖြူကုန်းကျေးရွာနှင့် ညောင်ပင်ကြီးကျေးရွာများတွင် (၁၄-၉-၂၀၂၀) ရက်နေ့၌ COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်စေရေးနှင့် မိုးရာသီကာလအတွင်း ဖြစ်ပွားတတ်သည့် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များအား အသိပညာပေး ဆော်ဩခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: တောင်ငူခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #bgo_sep2020
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၊ ချောင်းငယ်အုပ်ချုပ်ရေးမှူး၊ ချောင်းကြီးအုပ်ချုပ်ရေးမှူးတို့နှင့်အတူ (၁၄-၉-၂၀၂၀) ရက်နေ့၊ (၁၈:၀၀) နာရီမှ (၂၁:၃၀) နာရီထိ တနင်္သာရီမြို့၊ ချောင်းငယ်ရပ်ကွက်၊ ချောင်းကြီးရပ်ကွက်နှင့် တံတားထိပ်၌ Covid-19 အသိပညာပေးခြင်း၊ ပိုစတာများဖြန့်ဝေခြင်း၊ လက်ကမ်းစာစောင်များနှင့် mask များဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #tny_sep2020 Source: တနင်္သာရီမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ရောဂါ အသိပညာပေးဆိုင်းဘုတ်စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ထန်းတပင်မြို့နယ်အတွင်း COVID-19 ရောဂါကူးစက်မှု ဒုတိယလှိုင်းမဖြစ်စေရန်နှင့် ပြည်သူများအကြား COVID-19 ရောဂါနှင့်ပတ်သက်၍ အသိပညာပိုမိုတိုးပွားစေရန်အတွက် (၁၄-၉-၂၀၂၀) ရက်နေ့တွင် ထန်းတပင်မြို့နယ်၊ သီရိရတနာရပ်ကွက်တွင် စိုက်ထူထားသော သဘာဝဘေး အသိပညာပေး ဗီနိုင်းအစား COVID-19 ရောဂါ အသိပညာပေးဗီနိုင်းဖြင့် လဲလှယ်စိုက်ထူပေးခဲ့ပါကြောင်းသတင်းရရှိပါသည်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ တရားဝင်ထုတ်ပြန်ထားသော အသိပေးကြေ ငြာချက် များကို လိုက်နာခြင်းအားဖြင့် ပြည်သူတစ်ဦးမှတစ်ဦး၊ တစ်အိမ်မှတစ်အိမ်၊ ရပ်ကွက်တစ်ခုမှတစ်ခု ထိုမှတစ်ဆင့် တိုင်းဒေသကြီး/ ပြည်နယ်တစ်ခုမှတစ်ခု ရောဂါကူးစက်ပြန့်ပွားမှုများ မဖြစ်ပွားစေရန် … Read more
-
COVID-19 ရောဂါ အသိပညာပေးဆိုင်းဘုတ်စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ရေတာရှည်မြို့နယ်အတွင်း COVID-19 ရောဂါကူးစက် မှု ဒုတိယလှိုင်းမဖြစ်စေရန်နှင့် ပြည်သူများအကြား COVID-19 ရောဂါနှင့်ပတ်သက်၍ အသိပညာပိုမိုတိုးပွားစေရန်အတွက် (၁၄-၉-၂၀၂၀) ရက်နေ့တွင် ရေတာရှည်မြို့နယ်၊ အမှတ်(၃) ရပ်ကွက်၊ အ.ထ.က (၁) ကျောင်းရှေ့တွင် စိုက်ထူထားသော သဘာဝဘေး အသိပညာပေး ဗီနိုင်းအစား COVID-19 ရောဂါ အသိပညာပေးဗီနိုင်းဖြင့် လဲလှယ်စိုက်ထူပေးခဲ့ပါသည်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ တရားဝင်ထုတ်ပြန်ထားသော အသိပေးကြေ ငြာချက် များကို လိုက်နာခြင်းအားဖြင့် ပြည်သူတစ်ဦးမှတစ်ဦး၊ တစ်အိမ်မှတစ်အိမ်၊ ရပ်ကွက်တစ်ခုမှတစ်ခု … Read more
-
ဒဏ်ရာရပြည်သူအတွက်ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နမ္မတူမြို့နယ်၊ မန်စံကျေးရွာအုပ်စု၊ မန်စံကျေးရွာ၌ (၁၃-၉-၂၀၂၀) ရက်နေ့၊ (၁၇:၅၀) နာရီအချိန်တွင် နွားမွေးမြူရေးခြံတံခါးအတွင်း ကျွဲရိုင်းဗူးဖြင့် ပြုလုပ်ထားသည့် လက်လုပ်မိုင်းအား နွား(၁)ကောင်နင်းမိရာမှ မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ဦးကူးမား(ခ)ဦးကိုပီး အသက်(၄၅)နှစ်သည် ဘယ်ခြေထောက်၊ ညာနောက်ကျောနှင့် ညာနထင်မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့၍ မန်စံတိုက်နယ်ဆေးရုံမှ လားရှိုးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသခဲ့ရပြီး အဆိုပါဒဏ်ရာရပြည်သူ(၁)ဦးအတွက် ထောက်ပံ့ငွေ(၅၀၀၀၀/-)ကျပ်အား (၁၄-၉-၂၀၂၀) ရက်နေ့တွင် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_otr #shn_sep2020 Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19ကူးစက်ရောဂါ မဖြစ်စေရေးအတွက် အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၉-၂၀၂၀) ရက်နေ့တွင် (၁၉:၀၀) နာရီမှ (၂၂:၀၀) အချိန်ထိ ရေစကြိုမြို့ပေါ်ရှိ အမှတ် (၅/၆/၇/၈) ရပ်ကွက်များသို့ COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာ ဆောင်ရွက်ရန်များကို လော်စပီကာဖြင့် အသိပညာပေး ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mgy_sep2020









