Category Archives: News
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းမြို့၊ အမှတ်(၁)ရပ်ကွက်၊ သီတာလမ်းတွင် (၁၉-၉-၂၀၂၀)ရက်နေ့တွင် လေဘေး ဖြစ်ပွားခဲ့သောကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၁)လုံး၊ ဘေးသင့်အိမ်ထောင်စု(၁)စု အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၀,ဝဝဝ/-)ကျပ်၊ လူဦးရေ(၅)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာဖိုးထောက်ပံ့ငွေ(၁၀,၅၀ဝ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၃၀,၅ဝဝ/-)ကျပ်အား လည်းကောင်း၊ ထန်းတောစုအုပ်စု၊ ရွာဟောင်းကုန်းကျေးရွာတွင်(၂၀-၉-၂၀၂၀)ရက်နေ့၌ ဖြစ်ပွားခဲ့သောလေဘေးကြောင့် ပြိုလဲနေအိမ်(၁)လုံး၊ ဘေးသင့်အိမ်ထောင်စု(၁)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀,ဝဝဝ/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၁)အိမ် ထောင်စာ တန်ဖိုး(၃၄,၇၅၃/-)ကျပ်၊ ဘေးသင့်လူဦးရေ(၄)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး ထောက်ပံ့ငွေ(၈,၄၀ဝ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့မှုတန်ဖိုး(၁၄၃,၁၅၃/-)ကျပ်အား (၂၁-၉-၂၀၂၀) ရက်နေ့(၁၄:၀၀)နာရီအချိန်တွင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အင်္ဂပူမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၌ … Read more
-
Covid-19 ကူးစက်ရောဂါ ပျံ့နှံ့မှုများမဖြစ်ပွားစေရန်နှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပင်းတယမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၉-၂၀၂၀) ရက်နေ့၌ “ဓနု “ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယ မြို့၊ ဆင်ခေါင်းရပ်ကွက်နှင့် အနောက်ရပ်ကွက်တို့တွင် Covid-19 ဒုတိယလှိုင်းကာလအတွင်း ပြည်သူများ လိုက်နာရမည့် ကျန်းမာရေးအမူအကျင့်များ အသိပညာပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာ အသိပညာပေးခြင်းများကို Hand Speaker ဖြင့် လှည့်လည်ဟောပြောခြင်း၊ Mask နှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့အား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပင်းတယမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #shn_sep2020
-
COVID-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခရိုင်ယာဉ်ထိန်းရဲတပ်ဖွဲ့၊ လွိုင်လင်Covid-19ရောဂါကာကွယ်ရန်အကူအညီပေးရေးအဖွဲ့၊ Loi Kham Women Organization အဖွဲတို့နှင့်ပူးပေါင်း၍ (၂၁-၉-၂၀၂၀) ရက်နေ့၊ နံနက်(၀၈:ဝ၀) နာရီမှ(၁၀:၀၀) နာရီထိ လွိုင်လင်မြို့၊ မြို့မစျေးနှင့် ဗိုလ်ချုပ်လမ်းမကြီး(နာရီစင်)အနီးပတ်ဝန်းကျင်တို့၌ Covid-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန် ရှောင်ရန်များ အသိပညာပေးခြင်း၊ ပါးစပ်နှင့် နှာခေါင်းစည်း(mask)များဖြန့်ဝေခြင်း၊ Covid-19 အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာရှောင်ရန်/ဆောင်ရန်လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ပိုစတာများကပ်ခြင်း/ဖြန့်ဝေခြင်းနှင့် Vinly များကပ်ခြင်းတို့ … Read more
-
မီးဘေးသင့်ပြည်သူအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၉-၂၀၂၀) ရက်နေ့တွင် မအူပင်ခရိုင်၊ ဓနုဖြူမြို့၊ အမှတ် (၈) ရပ်ကွက်၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ(၃)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ(၁)ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၀၀၀၀၀/-)ကျပ်နှင့် ဆန်ရိက္ခာ(၇)ရက်စာဖိုး ထောက်ပံ့ငွေ(၆၃၀၀/-)ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ(၂၀၆၃၀၀/-)ကျပ်အား (၂၁-၉-၂၀၂၀)ရက်နေ့၊ (၁၆:၀၀) အချိန် တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများရှေ့မှောက်၌ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဓနုဖြူမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_fir #ayy_sep2020
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရွေဘိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၁၉-၉-၂၀၂၀) ရက်နေ့တွင် ရွေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ဘုရားပြန်ကျေးရွာအုပ်စု၊ ပြွန်ဦးကျေးရွာ၌ မီးလောင်ကျွမ်းမှု ကြောင့် ဘေးသင့်ခဲ့သော မီးဘေးသင့်အိမ်ခြေ (၁)လုံး၊ အိမ်ထောင်စု(၁) စုမှလူဦးရေ (၂)ဦး အနက် သေဆုံးသူ(၁)ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀/-)ကျပ်၊ကျန်မိသားစု(၁)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂,၁၀၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၄၀၂,၁၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး (၁)အိမ်ထောင်စာတို့အား (၂၁-၉-၂၀၂၀) ရက်နေ့၊(၁၄:၀၀)နာရီအချိန်တွင် ဝက်လက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတဆင့် ဘေးသင့်ပြည်သူထံသို့ … Read more
-
COVID-19 ကူးစက်ရောဂါပျံ့နှံ့မှုများမဖြစ်ပွားစေရန်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနနှင့်ပူးပေါင်း၍ (၂၁-၉-၂၀၂၀)ရက်နေ့၊ (၀၉း၀၀)နာရီအချိန်မှစတင်၍ အင်္ဂပူမြို့နယ်၊ ပန်းတင်အုပ်စု၊ ပန်းတင်ကျေးရွာ၊ ကွင်းလှကျေးရွာ၊ ကံဆည်ကျေးရွာ၊ ကွမ်းသီးတောကျေးရွာ၊ ရေလဲအောက်စုကျေးရွာ၊ ရေလဲအထက်စုကျေးရွာ၊ သင်ပန်းကုန်းကျေးရွာ၊ အချုပ်ကြီးကုန်း ကျေးရွာ၊ ပျဉ်ဆောင်ကျေးရွာနှင့် ရိုးကြီးကုန်းကျေးရွာတို့တွင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှထုတ်ပြန်ထားသော Covid-19 ရောဂါကူးစက်ပြန့်ပွားများမဖြစ်ပွားစေရန် ပြည်သူသို့ပန်ကြားချက်များ၊ ဧရာဝတီတိုင်းဒေသကြီး Covid-19 ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီမှထုတ်ပြန်ပြီးဖြစ်သည့် တားမြစ်အမိန့် ညွှန်ကြားချက်များနှင့် ရာသီအလိုက် ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများကို ကွင်းဆင်းလှည့်လည်၍ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more
-
COVID-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၉-၂၀၂၀) ရက်နေ့တွင် မအူပင်ခရိုင်၊ ပန်းတနော်မြို့ပေါ်ရှိ မြို့သစ်ရပ်ကွက်အတွင်း (Covid-19) အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍ အများပြည်သူများသိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးကြေညာချက်များနှင့် မိုးကြိုးဘေး၊ လေဘေး၊ ရေဘေးနှင့်စပ်လျဉ်း၍ ဦးစီးဌာနမှထုတ်ပြန်ထားသည့် လက်ကမ်းစာစောင်များပါ ဆောင်ရန်/ရှောင်ရန်များအား အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_sep2020 Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19ကူးစက်ရောဂါ မဖြစ်စေရန် ကြိုတင်ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ် အသိပညာပေးခြင်းများ ဆောင်ရွက်မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၉-၂၀၂၀) ရက်နေ့၊(၁၀:၀၀)နာရီအချိန်မှ (၁၅:၀၀) နာရီအချိန်ထိ မွန်ပြည်နယ် သထုံခရိုင် ပေါင်မြို့နယ်၊ နတ်မှော်ကျေးရွာနှင့် မှော်ဘီကျေးရွာတို့တွင် Covid-19 ရောဂါကူးစက် ပျံ့နှံ့မှုများမဖြစ်ပွားစေရေး နှင့် မိုးရာသီကာလအတွင်းဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေးနှင့် မြေပြိုဘေး အန္တရာယ်များ ကြိုတင်ပြင်ဆင်ရေး အသိပညာပေးဟောပြောခြင်းအားအသံချဲ့စက်များဖြင့် လည်းကောင်း၊ ရေဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးပြည်သူသို့ အသိပေးနှိုးဆော်ခြင်းအား Handspeaker များဖြင့်လည်းကောင်း အသိပေးနှိုးဆော်ကြေငြာခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar … Read more
-
COVID-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၉-၂၀၂၀) ရက်နေ့တွင် ညောင်တုန်းမြို့နယ်၊ ချောင်းကြီးကျေးရွာအုပ်စုနှင့် ဂန်ချောင်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ (၅) ရွာ၌ Covid-19 ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး၊ ပြည်သူများ နေအိမ်ပြင်ပသို့ သွားလာပါက နှာခေါင်းစည်း (Mask) တပ်ဆင်ရေး၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာဆောင်ရန်ရှောင်ရန်များ အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်နှင့် ပိုစတာများ ဖြန့်ဝေခြင်း၊ နှာခေါင်းစည်း mask ဝေငှပေးခြင်းတို့ကို … Read more
-
ရေဘေးသင့်ပြည်သူအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၉-၂၀၂၀) ရက်နေ့၊ (၀၉:၃ဝ) နာရီအချိန်၌ သရက်ချောင်းမြို့နယ်၊ ကနက်သီရိကျေးရွာတွင် ဖြစ်ပွားခဲ့သော ရေဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီး နေအိမ်(၅)အိမ်အတွက် အိမ်ဆောက်ပစ္စည်း ဖိုးထောက်ပံ့ငွေ (၂၅၀၀၀၀/-)ကျပ်နှင့် လူဦးရေ (၂၁) ဦးအတွက် ဆန်ရိက္ခါဖိုးထောက်ပံ့ငွေ (၄၄၁၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ ငွေ (၂၉၄၁၀၀/-)ကျပ်အား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ကြက်ခြေနီမှ တာဝန်ရှိသူများနှင့်အတူ (၂၁-၉-၂၀၂၀)ရက်နေ့ (၁၁:၃၀)အချိန်တွင်သွားရောက် ထောက်ပံ့ခဲ့ပြီး၊ရေဘေးအသိပညာပေးလက်ကမ်းစာစောင်များလည််း ဖြန့်ဝေခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ Source: သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) … Read more









