
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၉-၂၀၂၀) ရက်နေ့၊ (၀၉:၃ဝ) နာရီအချိန်၌ သရက်ချောင်းမြို့နယ်၊ ကနက်သီရိကျေးရွာတွင် ဖြစ်ပွားခဲ့သော ရေဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီး နေအိမ်(၅)အိမ်အတွက် အိမ်ဆောက်ပစ္စည်း ဖိုးထောက်ပံ့ငွေ (၂၅၀၀၀၀/-)ကျပ်နှင့် လူဦးရေ (၂၁) ဦးအတွက် ဆန်ရိက္ခါဖိုးထောက်ပံ့ငွေ (၄၄၁၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ ငွေ (၂၉၄၁၀၀/-)ကျပ်အား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ကြက်ခြေနီမှ တာဝန်ရှိသူများနှင့်အတူ (၂၁-၉-၂၀၂၀)ရက်နေ့ (၁၁:၃၀)အချိန်တွင်သွားရောက် ထောက်ပံ့ခဲ့ပြီး၊ရေဘေးအသိပညာပေးလက်ကမ်းစာစောင်များလည််း ဖြန့်ဝေခဲ့ပါ ကြောင်း သတင်းရရှိပါသည်။
Source: သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ha_fld
#tny_sep2020