COVID-19 ကူးစက်ရောဂါပျံ့နှံ့မှုများမဖြစ်ပွားစေရန်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနနှင့်ပူးပေါင်း၍  (၂၁-၉-၂၀၂၀)ရက်နေ့၊ (၀၉း၀၀)နာရီအချိန်မှစတင်၍ အင်္ဂပူမြို့နယ်၊ ပန်းတင်အုပ်စု၊ ပန်းတင်ကျေးရွာ၊ ကွင်းလှကျေးရွာ၊ ကံဆည်ကျေးရွာ၊ ကွမ်းသီးတောကျေးရွာ၊ ရေလဲအောက်စုကျေးရွာ၊ ရေလဲအထက်စုကျေးရွာ၊ သင်ပန်းကုန်းကျေးရွာ၊ အချုပ်ကြီးကုန်း ကျေးရွာ၊ ပျဉ်ဆောင်ကျေးရွာနှင့် ရိုးကြီးကုန်းကျေးရွာတို့တွင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှထုတ်ပြန်ထားသော Covid-19 ရောဂါကူးစက်ပြန့်ပွားများမဖြစ်ပွားစေရန် ပြည်သူသို့ပန်ကြားချက်များ၊ ဧရာဝတီတိုင်းဒေသကြီး Covid-19 ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီမှထုတ်ပြန်ပြီးဖြစ်သည့် တားမြစ်အမိန့် ညွှန်ကြားချက်များနှင့် ရာသီအလိုက် ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများကို ကွင်းဆင်းလှည့်လည်၍ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#ayy_sep2020

Source: အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events