Category Archives: News
-
သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ချရေးနေ့ လူထုလှုပ်ရှားမှုများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပျော်ဘွယ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၂၀၂၀ပြည့်နှစ် အပြည်ပြည်ဆိုင်ရာသဘာ၀ဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင် ခြေလျှာ့ချရေးနေ့အထိမ်းအမှတ်ကို ဂုဏ်ပြုသောအားဖြင့် (၁၃-၁၀-၂၀၂၀) ရက်နေ့၌ ပျော်ဘွယ်မြို့၊ မြို့ဝင်ဂိတ် နှင့် ပျော်ဘွယ် စျေးကြီး တို့တွင် mask နှင့် လက်ဆေးဆပ်ပြာခဲများအား ဝေငှခြင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပျော်ဘွယ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_otr #mdy_oct2020
-
အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် Mask များ ဝေငှမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ (၁၃-၁၀-၂၀၂၀) ရက်နေ့တွင် တနင်္သာရီမြို့နယ်ရှိ မြို့အဝင်စစ်ဆေးရေးဂိတ်၌ အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ဦးစီးဌာန Logo ပါ Mask များကို ဝေငှပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #tny_oct2020 Source: တနင်္သာရီမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၁၀-၂၀၂၀)ရက်နေ့၌ ကျောက်မဲမြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွားမှုကြောင့် ကျောက်မဲမြို့နယ်၊ နောင်ရှင်ကျေး ရွာအုပ်စု (ကောင်းခမ်း၊ ကုန်းဟတ်၊ကုန်းစုံ၊ ဆမ်းပူးကျေးရွာ)၊ ပန်စံ(ဝိုး)ကျေးရွာ အုပ်စု(ဟုန်းလိုင်းကျေးရွာ)၊ ခန့်ခဲကျေးရွာအုပ်စု(ဟိုနမ့်၊ ကောင်းအိုက်ကျေးရွာ)တို့မှ ခဲရှင်ဘုန်းတော်ကြီးကျောင်းနှင့် ဟိုနမ့်ဘုန်းတော်ကြီးကျောင်းသို့ ထမ်မံရောက်ရှိလာသော အိမ်ထောင်စု(၉၆)စု၊ လူဦးရေ (၄၉၃)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာ ဖိုးငွေ(၁,၀၃၅,၃၀၀/-)ကျပ်အား (၁၃-၁၀-၂၀၂၀)ရက် (၀၉:၃၀)နာရီအချိန်တွင် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်၊ ကျောက်မဲမြို့နယ်အုပ်ချုပ်ရေးမှူးတို့အား လွှဲပြောင်းပေးအပ်ခဲ့ပြီး ကျောက်မဲမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ ပရဟိတလူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်း ချိတ်ဆက်၍ … Read more
-
သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ချရေးနေ့ လူထုလှုပ်ရှားမှုများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖားကန့်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၂၀၂၀ပြည့်နှစ် အပြည်ပြည်ဆိုင်ရာသဘာ၀ဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင် ခြေလျှာ့ချရေးနေ့အထိမ်းအမှတ်ကို ဂုဏ်ပြုသောအားဖြင့် (၁၃-၁၀-၂၀၂၀) ရက်နေ့၊ (၀၉း၃၀) နာရီအချိန်မှ (၁၉:၃၀) နာရီအချိန် အထိ မော်၀မ်းရပ်ကွက်ရှိ စည်ပင်သာယာစျေးနှင့် မော်၀မ်းလမ်းဆုံတို့တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဌာန Logo ပါ Mask များကို ပြည်သူလူထုများအား ဝေငှပေးဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဖားကန့်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_otr #kcn_oct2020
-
Covid-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေး ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မူဆယ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြန်/ဆက်ဦးစီးဌာနနှင့် ပူးပေါင်း၍ (၁၃-၁၀-၂၀၂၀)ရက်နေ့တွင် မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့၊ ရပ်ကွက်(၁)နှင့်ရပ်ကွက်(၂)ရှိ ပြည်သူများသို့ Covid-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ လိုက်နာရမည့် ကျန်းမာရေးအမူအကျင့်များနှင့် သဘာဝဘေးဆိုင်ရာအသိပညာပေးခြင်းများကို ဆောင်ရွက်ခြင်း၊ Mask နှင့်အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ ဗွီနိုင်းပိုစတာကပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_oct2020 Source: မူဆယ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ချရေးနေ့ အကြိုလူထုလှုပ်ရှားမှုဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်တံခါးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အပြည်ပြည်ဆိုင်ရာသဘာဝဘေး အန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် (၁၃-၁၀-၂၀၂၀)ရက်နေ့၊ နံနက်(၁ဝး၃၀)နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့၊ မြို့နယ်အထွေထွေအုပ်ချူပ်ရေးဦးစီးဌာန၌ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးစာရေးများနှင့် မြို့မစျေးအတွင်းရှိ ပြည်သူများအား lDDRR LOGO အမှတ်တံဆိပ်ပါ Mask (100)ခု နှင့် Surgical Mask (514)ခု အားဝေငှပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကျောက်တံခါးမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_otr #bgo_oct2020
-
“အပြည်ပြည်ဆိုင်ရာ သဘာဝဘေး အန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့” ကို ဂုဏ်ပြုသောအားဖြင့် Mask များ ဝေငှမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၁၀-၂၀၂၀)ရက်နေ့တွင် ကျရောက်သည့် “အပြည်ပြည်ဆိုင်ရာ သဘာဝဘေး အန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့”ကို ဂုဏ်ပြုသောအားဖြင့် IDDRR Logo ပါ Mask (၂၀၀)ခုနှင့် Surgical Mask (၁၀၀၀)ခုတို့ကို မြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့၊ စွမ်းအားသစ် ကျန်းမာရေးစောင့်ရှောက်မှုအသင်းတို့နှင့်ပူးပေါင်း၍ ပြည်သူများအား ဝေငှခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #bgo_oct2020 Source: တောင်ငူခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် လူထုလှုပ်ရှားဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၁၀-၂၀၂၀) ရက်နေ့၊ (၁၆:၃၀) နာရီအချိန်မှ (၁၇:၃၀) နာရီအချိန်ထိ မင်းဘူးမြို့၊ အဝိုင်းပတ်၌ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ချရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် လူထုလှုပ်ရှားမှုဆောင်ရွက်ရာ ဦးစီးဌာနမှ ဌာန Logo ပါ Mask များဝေငှခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mgy_oct2020 Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲမှုကြောင့် မီးလောင်ဒဏ်ရာရရှိသူများအနက် ထပ်မံသေဆုံးခဲ့သူ၏ မိသားစုထံ ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်တုန်းမြို့နယ်၊ ကညင်ကောက်ကြီးကျေးရွာအုပ်စု၊ ရွာသစ်ကုန်းကျေးရွာ ရန်ကုန်-ပုသိမ်ကားလမ်းမဘေးရှိ ညောင်တုန်းမြို့အမှတ်(၂)ရေနံနှင့်သဘာဝဓာတ်ငွေ့စက်ရုံမှ ညောင်တုန်း-ကန်ကြီးထောင့် သွယ်တန်းထားသော ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲမှုကြောင့် မီးလောင်ဒဏ်ရာရရှိသူများအနက်မှ ထပ်မံသေဆုံးသူ (၁) ဦးအတွက် ထောက်ပံငွေ (၃၀၀၀၀၀/-) ကျပ်တိတိအား (၁၃-၁၀-၂၀၂၀) ရက်နေ့၊ (၁၅:၀၀) နာရီအချိန်တွင် သေဆုံးသူ၏မိသားစုထံ လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_otr #ayy_oct2020 Source: ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် လူထုလှုပ်ရှားမှုများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၁၀-၂၀၂၀)ရက်နေ့၊ (၁၁:၀၀)နာရီအချိန်တွင် ကချင်ပြည်နယ်၊ ခရိုင်/ မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ UNDP၊UNOCHA၊CSOများနှင့် ပူးပေါင်း၍ မြစ်ကြီးနားမြို့လူထုအခြေပြုဗဟိုဌာန (Community Center ) ရှေ့၌ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် အဖြစ် အင်္ကျီများ၊ Mask များ၊ လက်ဆေးရည်များ၊ Face shieldများ၊ သဘဝဘေးအသိပညာပေး လက်ကမ်းစာများဝေငှခြင်း၊ ပိုစတာများပြသခြင်း၊ ကျန်းမာရေးနှင့်အားကစားဝနကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 နှင့်ပတ်သက်သည့် အသိပညာ ဗဟုသုတများအား ဝေငှခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: … Read more









