Category Archives: News
-
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းရှိ အိမ်ထောင်စုများအတွက် ထောက်ပံ့ပေးမှုသတင်း
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းရှိ ရေပေါ်ကျွန်းလေးရွာ၊ သရက်ကုန်းရွာ၊ အချင်းပြစ်မြောက်ရွာမှ ရိုးကုန်းရွာ၊ သရက်တောရွာကျေးရွာ (၅) ရွာမှ အိိမ်ခြေ (၆၇) လုံး၊ အိမ်ထောင်စု (၇၉)စု၊ လူဦးရေ (၃၂၈) ဦးတို့ကို ကမ်းပြိုဘေးလွတ်ကင်းသော နေရာအသစ်သို့ (၂၀-၆-၂၀၁၆) ရက်တွင် ရွေ့ပြောင်းပေးပြီးဖြစ်ပါသည်။ အဆိုပါပြောင်းရွှေ့အိမ်ထောင်စုများအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးရှိ တာဝန်ရှိသူများသည် အိမ်ထောင်စု (၇၉) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုးနှင့် ဆန်ရိက္ခာဖိုးငွေကျပ် (၂၉၅,၂၀၀/-) တို့ကို (၂၇-၆-၂၀၁၆) ရက်နေ့၊ (၁၅:၃၀) … Read more
-
စစ်တွေမြို့၊ အနောက်စံပြဘုန်းကြီးကျောင်း၌ မုန်တိုင်းသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်း ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးရှိ တာဝန်ရှိသူများသည် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ အနောက်စံပြဘုန်းကြီးကျောင်း၌ (၂၈-၆-၂၀၁၆) ရက်နေ့၊ နံနက် (၇:၀၀) နာရီမှ (၉:၀၀) နာရီအချိန်ထိ လူအင်အား (၅၁၉) ဦးဖြင့် မုန်တိုင်းသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်း ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနတို့ ပူးပေါင်း၍သဘာ၀ဘေးဆိုင်ရာ သတိပေးချက်ထုတ်ပြန်မှု အကြိုလေ့ကျင့်ခန်းဆောင်ရွက်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနတို့ပူးပေါင်း၍ သဘာ၀ဘေးဆိုင်ရာ သတိပေးချက်ထုတ်ပြန်မှုအကြိုလေ့ကျင့်ခန်းအား (၂၈-၆-၂၀၁၆)ရက်နေ့ နံနက် (၁၀:၀၀)နာရီမှ (၁၂:၃၀)အထိ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ အစည်းအဝေခန်းမသစ်တွင် ပြုလုပ်ခဲ့ကြောင်းသတင်းရရှိပါသည်။
-
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် Norwegian Refugee Council Myanmar တို့ နားလည်မှုစာချွှန်လွှာလက်မှတ်ရေးထိုးမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် Norwegian Refugee Council Myanmar တို့ပူးပေါင်း၍ မြန်မာနိုင်ငံရှိ သဘာ၀ဘေးအန္တရာယ်ကြုံနေရသော လူမှုအသိုက်အဝန်းများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကယ်ဆယ်ရေး၊ ပြန်လည်နေရာချထားရေးနှင့် အစောပိုင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် (၂၈-၆-၂၀၁၆)ရက်နေ့နံနက်ပိုင်းတွင် နားလည်မှုစာချွှန်လွှာ လက်မှတ်ရေးထိုးခဲ့ကြောင်း သတင်းရရှိပါသည်။
-
တောင်ကြီးမြို့ အ.ထ.က (၅) ၌ လူမှုစောင့်ရှောက်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေးနှင့် သဘာဝဘေးကာကွယ်စောင့်ရှောက်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးနှင့် လူမှုဝန်ထမ်းဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးတို့ပူးပေါင်း၍ လူမှုစောင့်ရှောက်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေးနှင့် သဘာဝဘေးကာကွယ်စောင့်ရှောက်ရေး အသိပညာပေးဟောပြောပွဲကို (၂၇-၆-၂၀၁၆)ရက်နေ့တွင် (၁၃:၀၀) နာရီမှ (၁၅:၁၅) နာရီအချိန်ထိ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ အ.ထ.က (၅) ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်အစိုးရအဖွဲ့၊ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာ အောင်သန်းမောင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ပြည်နယ်ဦးစီးမှူး(၂) ဦးမှ ရှင်းလင်းဟောပြောဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲသို့ ကျောင်းသား/သူ စုစုပေါင်း (၄၀၀) ဦး တက်ရောက်ခဲ့ပြီး သဘာဝဘေးလျော့ပါးရေး လက်ကမ်းစာစောင်များနှင့် နံရံကပ်စာစောင်များလည်း ဝေငှပေးခဲ့ကြောင်း … Read more
-
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာနမှဦးဆောင်၍ သဘာ၀ဘေး စီမံခန့်ခွဲမှုလုပ်ငန်းများတွင် အာကာသနည်းပညာ အသုံးချဆောင်ရွက်နိုင်ရေး အကြံပြု အစည်းအဝေးကျင်းပပြုလုပ်မှုသတင်း
သဘာ၀ဘေးစီမံခန့်ခွဲမှုလုပ်ငန်းများတွင် အာကာသနည်းပညာကို ပိုမိုအသုံးချ ဆောင်ရွက် နိုင်စေရန်၊ ဌာနအဖွဲ့အစည်းအသီးသီးအနေဖြင့် အာကာသနည်းပညာအသုံးပြု၍ သဘာ၀ဘေး လျော့ပါးရေးလုပ်ငန်းများတွင် ပိုမိုချိတ်ဆက်ပူးပေါင်းဆောင်ရွက်လာနိုင်စေရန်နှင့် နည်းပညာ ဆိုင်ရာလိုအပ်ချက်များကို ဖော်ထုတ်ဆွေးနွေးနိုင်ရန် ရည်ရွယ်၍ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာနနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဘေဂျင်းမြို့အခြေစိုက် United Nations Platform for Space-based Information for Disaster Management and Emergency Response(UN-SPIDER) တို့ပူးပေါင်း၍ သဘာ၀ဘေးစီမံခန့်ခွဲမှုလုပ်ငန်းများတွင် အာကာသနည်းပညာအသုံးချဆောင်ရွက်နိုင်ရေး အကြံပြုအစည်းအဝေးကို ယနေ့နံနက် (၀၉:၃၀) တွင် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ … Read more
-
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းအမှတ်စဉ်(၃/၂၀၁၆)ဖွင့်လှစ်ပို့ချမှုသတင်း
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဘုရင့်နောင်ခန်းမ၌ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်း အမှတ်စဉ်(၃/၂၀၁၆) ကို (၂၇-၆-၂၀၁၆) ရက်နေ့တွင် ဖွင့်လှစ်ခဲ့ရာ မွန်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ ပြည်နယ်ဦးစီးမှူး ဦးသောင်းရွှေ (ညွှန်ကြားရေးမှူး) နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးဇော်လင်းတို့မှ သင်တန်းဆိုင်ရာ အချက်အလက်များနှင့် သင်တန်းအဖွင့်အမှာစကားပြောကြားခဲ့ကြောင်း သိရှိရပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
အလုပ်အကိုင်အခွင့်အလမ်းရရှိစေရေး သက်မွေးပညာသင်တန်းများ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိ
၁။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် (၂၆-၆-၂၀၁၆) ရက်နေ့၊ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်ရှိ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးဌာနက ဆောင်ရွက်လျက်ရှိသော ရန်ကုန်မြို့တော်စည်ပင်သာယာရေးနယ်နမိတ်အတွင်းမှ အခြေအနေမဲ့များ စောင့်ရှောက်ရေးစခန်း (နာနတ်တော) သို့ သွားရောက်၍ လမ်းပေါ်တွင် အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေ သည့် တောင်းရမ်းစားသောက်သူများ၊ အခြေအနေမဲ့များ၊ လေလွင့်ကလေးငယ်များ၊ လမ်းပေါ်နေသူများ လျော့နည်းပပျောက်ရေး ဆောင်ရွက်မှုများအား သွားရောက်ကြည့်ရှု့ပြီး စောင့်ရှောက်ထားရှိသော ကလေးသူငယ် (၃၃) ဦးနှင့် ချစ်ခင်ရင်းနှီးစွာတွေ့ဆုံ၍ ၎င်းတို့၏ ခံစားချက်များအားသိရှိပြီး လိုအပ်သော … Read more
-
ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ်၊ ထီတမောင်းကျေးရွာမှ မိုးကြိုးထိမှန်သေဆုံးသူ၏ ကျန်ရစ်သူမိသားစုအတွက် ထောက်ပံ့ငွေများ ပေးအပ်မှုသတင်း
(၂၄-၆-၂၀၁၆) ရက်နေ့၊ (၁၆:ဝ၀) နာရီအချိန်တွင် ဆီဆိုင်မြို့နယ်၊ ထီတမောင်းကျေးရွာနေ မနန်းပွန် (ဘ) ဦးမန် အသက် (၁၇) နှစ်သည် မိုးကြိုးထိမှန်သေဆုံးသွားရာ ကျန်ရစ်သူမိသားစုအတွက် ကူညီထောက်ပံ့ငွေကျပ် (၁၀၀၀၀၀) (ကျပ်တစ်သိန်းတိတိ) အား (၂၆-၆-၂၀၁၆) ရက်နေ့၊ (၁၁:၃၀) နာရီအချိန်တွင် ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူတစ်ဦးက သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
မကွေးတိုင်းဒေသကြီး၊ သရက်မြို့ အထက (၂) ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
သရက်ခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၂၄-၆-၂၀၁၆) ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ သရက်မြို့ အထက (၂) ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရာ ဆရာ ဆရာမများနှင့် ကျောင်းသား/သူ စုစုပေါင်း (၄၀၀) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ Source: သရက်ခရိုင်ဦးစီးမှူးရုံး (ကဆရ)









