တောင်ကြီးမြို့ အ.ထ.က (၅) ၌ လူမှုစောင့်ရှောက်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေးနှင့် သဘာဝဘေးကာကွယ်စောင့်ရှောက်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးနှင့် လူမှုဝန်ထမ်းဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးတို့ပူးပေါင်း၍ လူမှုစောင့်ရှောက်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေးနှင့် သဘာဝဘေးကာကွယ်စောင့်ရှောက်ရေး အသိပညာပေးဟောပြောပွဲကို (၂၇-၆-၂၀၁၆)ရက်နေ့တွင် (၁၃:၀၀) နာရီမှ (၁၅:၁၅) နာရီအချိန်ထိ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ အ.ထ.က (၅) ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်အစိုးရအဖွဲ့၊ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာ အောင်သန်းမောင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ပြည်နယ်ဦးစီးမှူး(၂) ဦးမှ ရှင်းလင်းဟောပြောဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲသို့ ကျောင်းသား/သူ စုစုပေါင်း (၄၀၀) ဦး တက်ရောက်ခဲ့ပြီး သဘာဝဘေးလျော့ပါးရေး လက်ကမ်းစာစောင်များနှင့် နံရံကပ်စာစောင်များလည်း ဝေငှပေးခဲ့ကြောင်း သိရှိရပါသည်။

Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events