မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းရှိ ရေပေါ်ကျွန်းလေးရွာ၊ သရက်ကုန်းရွာ၊ အချင်းပြစ်မြောက်ရွာမှ ရိုးကုန်းရွာ၊ သရက်တောရွာကျေးရွာ (၅) ရွာမှ အိိမ်ခြေ (၆၇) လုံး၊ အိမ်ထောင်စု (၇၉)စု၊ လူဦးရေ (၃၂၈) ဦးတို့ကို ကမ်းပြိုဘေးလွတ်ကင်းသော နေရာအသစ်သို့ (၂၀-၆-၂၀၁၆) ရက်တွင် ရွေ့ပြောင်းပေးပြီးဖြစ်ပါသည်။ အဆိုပါပြောင်းရွှေ့အိမ်ထောင်စုများအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးရှိ တာဝန်ရှိသူများသည် အိမ်ထောင်စု (၇၉) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုးနှင့် ဆန်ရိက္ခာဖိုးငွေကျပ် (၂၉၅,၂၀၀/-) တို့ကို (၂၇-၆-၂၀၁၆) ရက်နေ့၊ (၁၅:၃၀) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ပြီးဖြစ်ပါကြောင်း သိရှိရပါသည်။
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)