Category Archives: News
-
သထုံမြို့နယ်၊ ဒူးရင်းဆပ်ကျေးရွာ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထာရေးဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၈-၂၀၁၆) ရက်နေ့တွင် သထုံမြို့နယ်၊ ဒူးရင်းဆပ်ကျေးရွာ၌ ရေကြီး၍ ပြောင်းရွှေ့ခဲ့ရသည့် ဘေးသင့်အိမ်ထောင်စု (၄၀)စုမှ လူဦးရေ စုစုပေါင်း (၁၈၅) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ် (၃)ရက်စာ(၁၆၆၅၀၀)ကျပ်နှင့်ငါးသေတ္တာဖိုးထောက်ပံ့ငွေကျပ် (၃၆၀၀၀)၊ စုစုပေါင်း တန်ဖိုး (၂၀၂၅၀၀)ကျပ် တိတိကို တပ်ဦးကျောင်း ဓမ္မာရုံနှင့် ရွာလယ်ဓမ္မာရုံ တို့တွင် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
-
မြင်းခြံမြို့ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
(၃.၈.၂၀၁၆) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးသည် ဒုတိယညွှန်ကြားရေး မှူးချုပ်ခရီးစဉ်တွင် လိုက်ပါလျက် မြင်းခြံမြို့ ရေဘေးသင့်သူအိမ်ထောင်စု (၂,၂၁၇) မှ လူဦးရေ (၈,၉၅၀) ဦး အတွက် ဆန် (၂၇၉ ) အိတ် (၁၇) ပြည်၊ ခေါက်ဆွဲထုပ် (၁၇,၈၀၀) ထုပ်၊ ငါးသေတ္တာ (၆,၆၅၁) ဘူးတို့ကို လွှတ်တော် ကုယ်စားလှယ်များနှင့် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရှိရပါသည်။ Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)
-
မကွေးတိုင်းဒေသကြီး၊ ကံမမြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
မကွေးတိုင်းဒေသကြီး၊ ကံမမြို့နယ်အတွင်း (၁-၈-၂၀၁၆) ရက်နေ့မှ (၃-၈-၂၀၁၆) ရက်နေ့ထိ ရေကြီး၍ ပြောင်းရွှေ့ခဲ့ရသည့် ဘေးသင့်အိမ်ထောင်စု (၁၀၃၂) စုမှ လူဦးရေ (၄၀၃၈) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ် (၃,၆၃၄,၂၀၀) နှင့် ငါးသေတ္တာဖိုးထောက်ပံ့ငွေကျပ် (၉၂၈,၈၀၀) စုစုပေါင်းထောက်ပံ့ငွေကျပ် (၄,၅၆၃,၀၀၀) တိတိကို သရက်ခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူတစ်ဦးက (၄-၈-၂၀၁၆) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: သရက်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
မော်လိုက်မြို့အတွင်း ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
(၃-၈-၂၀၁၆) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ချင်းတွင်းမြစ်ရေမြင့်တက်မှုကြောင့် (၂၈-၇-၂၀၁၆) ရက်နေ့မှ (၃၀-၇-၂၀၁၆) ရက်နေ့အထိ ပြောင်းရွှေ့နေထိုင်ကြသည့် မော်လိုက်မြို့ပေါ် ရပ်ကွက် (၂) ရပ်ကွက်နှင့် ကျေးရွာ (၁၆) ရွာရှိ ရေဘေးသင့်အိမ် ထောင်စု (၃၅၈) စု၊ လူဦးရေ (၁,၈၀၀) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁,၆၂၀,၀၀၀/-) ကျပ်အား မော်လိုက်မြို့နယ်အထွေထွေ အုပ်ချူပ်ရေးဦးစီးဌာနမှတဆင့် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အတွင်းရှိ ကျေးရွာ (၁၅) မှ ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုအခြေအနေသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းထိန်ကျော်နှင့်အဖွဲ့သည် (၄-၈-၂၀၁၆) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အတွင်းရှိ ကျေးရွာ (၁၅) မှ ရေဘေးသင့်အိမ်ထောင်စု (၃၂၃) စုမှ လူဦးရေ (၁၁၅၉) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေနှင့် ငါးသေတ္တာဖိုးထောက်ပံ့ငွေ စုစုပေါင်း (၁,၃၃၃,၈၀၀) ကျပ်တိတိအား ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
-
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ်၊ ဒိုးနွယ်ကျေးရွာဘုန်းကြီးကျောင်း၌ သဘာဝဘေးအမျိုးမျိုးနှင့် ရှာဖွေကယ်ဆယ်ရေးဆင့်ပွားသင်တန်း ဖွင့်လှစ်မှုသတင်း
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ်၊ ဒိုးနွယ်ကျေးရွာဘုန်းကြီးကျောင်း၌ မြို့နယ်စီမံခန့်ခွဲမှုကော်မတီမှ (၄-၈-၂၀၁၆) ရက်နေ့မှ (၆-၈-၂၀၁၆) ရက်နေ့ထိဖွင့်လှစ်သည့် သဘာဝဘေးအမျိုးမျိုးနှင့် ရှာဖွေကယ်ဆယ်ရေးဆင့်ပွားသင်တန်းတွင် မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူတစ်ဦးက သဘာဝဘေးအန္တရာယ်ဆိုင်ရာအကြောင်းအရာများနှင့်စပ်လျဉ်း၍ ပို့ချခဲ့ပါသည်။ သင်တန်းသို့ ကျေးရွာ (၆) ရွာမှ သင်တန်းသား/သူ (၆၀) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ဧရာ၀တီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်အတွင်း ဧရာ၀တီမြစ်ရေမြင့်တက်မှုကြောင့် ကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့နေထိုင်ခဲ့သည့် ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
ဧရာ၀တီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်အတွင်း (၁-၈-၂၀၁၆) ရက်နေ့မှ (၂-၈-၂၀၁၆) ရက်နေ့အထိ ဧရာ၀တီမြစ်ရေမြင့်တက်မှုကြောင့် ကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့နေထိုင်ခဲ့သည့် အိမ်ထောင်စု (၁၂၁) စုမှ လူဦးရေ (၄၉၂) ဦးအတွက် ဆန်ရိက္ခာ(၃)ရက်စာ (၁၅အိတ် ၉ပြည်) တန်ဖိုး(၄၀၂၀၀၀ိ/-)၊ ရေသန့်(၆)ဘူးပါ ကဒ်(၁၂၁)ကဒ် တန်ဖိုး(၉၀၇၅၀ိ/-)၊ စုစုပေါင်းတန်ဖိုး (၄၉၂၇၅၀ိ/-) အား ဧရာ၀တီတိုင်းဒေသကြီးဦးစီးမှူး ဦးသန်စိုး(ညွှန်ကြားရေးမှူး)မှ (၄-၈-၂၀၁၆) ရက်နေ့တွင် ေရေဘေးသင့်ပြည်သူများ၏ လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သိရှိရပါသည်။ Source: ဧရာ၀တီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ် ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ် ရေဘေးသင့်အိမ်ထောင်စု (၁၆၀၃) စုမှ လူဦးရေ (၅၉၇၉) ဦးအတွက် ဆန်ရိက္ခာဖိုးနှင့် ငါးသေတ္တာဖိုးငွေကျပ် (၅၃၈၁၁၀၀) တိတိအား မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တိုင်းဒေသကြီးဦးစီးမှူးက (၄-၈-၂၀၁၆) ရက်နေ့၊ (၁၆:၀၀) နာရီအချိန်တွင် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ် ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ် ရေဘေးသင့်အိမ်ထောင်စု (၅၉၅) စုမှ လူဦးရေ (၂၂၀၉) ဦးအတွက် ဆန်ရိက္ခာဖိုးနှင့် ငါးသေတ္တာဖိုးငွေကျပ် (၂၅၂၃၆၀၀) တိတိအား မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တိုင်းဒေသကြီးဦးစီးမှူးက (၄-၈-၂၀၁၆) ရက်နေ့၊ (၁၅:၀၀) နာရီအချိန်တွင် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)









