Category Archives: News
-
ဧရာ၀တီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ် တွင် မြစ်ကမ်းပါးပြိုကျမှုကြောင့် ပြောင်းရွှေ့ခဲ့သည့် အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ သောင်ကြီးကျေးရွာအုပ်စု၊ သောင်ကြီး အထက်ပိုင်းကျေးရွာတွင် (၁-၁၂-၂၀၁၆)ရက်နေ့၌ မြစ်ကမ်းပါး ပြိုကျမှုကြောင့် ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် အိမ်ခြေ(၃)လုံး၊ အိမ်ထောင်စု(၃)စုမှ လူဦးရေ(၁၃)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၄)မျိုး၊ အိမ်ဆောက် ပစ္စည်းဖိုး(၆၀၀၀၀)၊ ဆန်ရိက္ခာ(၃) ရက်စာ(၁၁၇၀၀)၊ စုစုပေါင်း ရန်ပုံငွေ(၇၁၇၀၀)အား ဧရာ၀တီ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ (၆-၁၂-၂၀၁၆)ရက်နေ့တွင် ကွင်းဆင်းထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။
-
သီပေါမြို့နယ်သို့ရောက်ရှိနေသောတိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
သီပေါမြို့နယ်သို့ရောက်ရှိနေသော တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု(၃၅)စုမှ လူဦးရေ(၁၂၀)ဦး အတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး၊ အိမ်ထောင်စု(၃၅)စုစာနှင့် ဆန်ရိက္ခာ(၃)ရက်စာဖိုးငွေကျပ် (၁၀၈၀၀၀) အား ကျောက်မဲ ခရိုင်ဦးစီးမှူးရုံးမှ (၆-၁၂-၂၀၁၆) ရက်နေ့တွင်ထောက်ပံ့ပေးခဲ့ပါသည်။
-
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊အမြဲတမ်းအတွင်းဝန်မှ မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန်သံအမတ်ကြီးအား လက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊အမြဲတမ်းအတွင်းဝန် ဦးစိုးအောင်အား မြန်မာနိုင်ငံဆိုင်ရာနယ်သာလန်သံအမတ်ကြီး H.E.Mr.Wouter Jurgens ဦးဆောင်သောအဖွဲ့မှ ယနေ့မွန်းလွဲ(၂)နာရီတွင် အဆိုပါဝန်ကြီးဌာနရှိ မေခလာခန်းမ၌ လာရောက် တွေ့ဆုံကြပါသည်။ ထိုသို့တွေ့ဆုံရာ၌ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ပါးရေး၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများ၊ ရေအရင်းအမြစ်စီမံခန့်ခွဲမှုလုပ်ငန်းများတွင် နယ်သာလန်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာအကူအညီများ ပေးအပ်နိုင်ရေးကိစ္စရပ်များ၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိဆောင်ရွက်ပေးနေသော အခြေအနေများနှင့်ပတ်သက်၍ ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။
-
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်တွင် ကမ်းပြိုဘေးထောက်ပံ့ပြီးစီးမှုသတင်း
မကွေးတိုင်းဒေသကြီး၊ရေနံချောင်းမြို့နယ်၊ဝက်လွတ် ကျေးရွာအုပ်စု၊ သူဌေးကုန်းကျေးရွာတွင် (၂၉-၁၁-၂၀၁၆) ရက်နေ့၌ ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့်အိမ်ခြေ (၁)၊ အိမ်ထောင်စု (၁)၊ လူဦးရေ (၅)ဦးတို့အား အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀)၊ ဆန်ရိက္ခာဖိုး(၄၅၀၀)၊ စုစုပေါင်း(၂၄၅၀၀)ကျပ်ကို (၆-၁၂-၂၀၁၆) ရက်နေ့တွင် မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ရေနံချောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သို့ ထောက်ပံ့ငွေများ လွှဲအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။
-
မီးဘေးအတွက် ကယ်ဆယ်ရေးပစ္စည်းနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေထောက်ပံ့မှုသတင်း
Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ပလနကျေးရွာ နယ်မြေ-၄ တွင် (၅.၁၂.၂၀၁၆) ရက်နေ့ဖြစ်ပွားသော မီးဘေးကြောင့် ဘေးသင့် အိမ်ခြေ (၁) လုံး အိမ်ထောင်စု (၂) စုမှ လူဦးရေ (၉) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ အိမ်ထောင်စု (၂) စုစာအတွက် ဆန်ရိက္ခာဖိုးငွေ (၈၁၀၀/-) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀၀၀၀/-) ကျပ်တို့အား ကချင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၆.၁၂.၂၀၁၆) ရက်နေ့တွင် ကွင်းဆင်းထောက်ပံ့ပေးခဲ့ကြောင်း … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံးမှ (၆-၁၂-၂၀၁၆) ရက်နေ့တွင် ပျဥ်းမနားမြို့ ညောင်ပင်သာ ကျေးရွာ အထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူ (၇၅၀)ဦးအား သဘာဝဘေး အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
-
နောင်ချိုမြို့နယ်သို့ရောက်ရှိနေသော တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ) နောင်ချိုမြို့နယ်သို့ရောက်ရှိနေသော တိုက်ပွဲရှောင်ပြည်သူအိမ်ထောင်စု (၆၉) စုမှ လူဦးရေ (၁၈၇) အတွက် (၅-၁၂-၂၀၁၆) ရက်နေ့တွင် ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးအိမ်ထောင်စု (၆၉) စုစာနှင့် ဆန်ရိက္ခာ (၃) ရက်စာ (၁၆၈၃ဝဝ/-) ကျပ်တို့အား ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
-
မီးဘေးအတွက် ကယ်ဆယ်ရေးပစ္စည်းနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေထောက်ပံ့မှုသတင်း
Source: ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး (ကဆရ) လယ်ဝေးမြို့ သရက်ခုန်ကျေးရွာ (၃-၁၂-၂၀၁၆) ရက်နေ့တွင် ဖြစ်ပွားသော မီးဘေးအတွက် ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး(ကဆရ) မှ တာဝန်ရှိသူများသည် အိမ်ထောင်စု (၂) အိမ်ထောင်စာ ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ ရေသန့်ဆေး၊ အိမ်ဆောက်ပစ္စည်းနှင့် ဆန်ဖိုးထောက်ပံ့ငွေ (၂၀၉၉ဝဝ/-) ကျပ်တို့အား (၅-၁၂-၂၀၁၆) နေ့၌ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
-
ဧရာ၀တီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်နေ ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်းနှင့် ရန်ပုံငွေများထောက်ပံ့ မှုသတင်း
Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) ဧရာ၀တီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ အုန်းပင်ကွင်းကျေးရွာအုပ်စု၊ ရေလဲကြီးကျေးရွာတွင် (၂၅-၁၁-၂၀၁၆) ရက်နေ့မှ (၂၇-၁၁-၂၀၁၆) ရက်နေ့၌ မြစ်ကမ်းပြိုကျမှုကြောင့် ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် နေအိမ် (၆) လုံး၊ အိမ်ထောင်စု (၆) စုမှ လူဦးရေ (၂၅) ဦးအတွက် ဧရာ၀တီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၂၀၀၀၀/-)၊ ဆန်ရိက္ခာ (၃) ရက်စာ(၂၂၅၀၀/-)၊ စုစုပေါင်း ရန်ပုံငွေ (၁၄၂၅၀၀/-) တို့အား (၂-၁၂-၂၀၁၆) ရက်နေ့တွင် ကွင်းဆင်းထောက်ပံ့ခဲ့ကြောင်း … Read more









