လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊အမြဲတမ်းအတွင်းဝန်မှ မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန်သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊အမြဲတမ်းအတွင်းဝန် ဦးစိုးအောင်အား မြန်မာနိုင်ငံဆိုင်ရာနယ်သာလန်သံအမတ်ကြီး H.E.Mr.Wouter Jurgens ဦးဆောင်သောအဖွဲ့မှ ယနေ့မွန်းလွဲ(၂)နာရီတွင် အဆိုပါဝန်ကြီးဌာနရှိ မေခလာခန်းမ၌ လာရောက် တွေ့ဆုံကြပါသည်။

ထိုသို့တွေ့ဆုံရာ၌ သဘာဝဘေးအန္တရာယ်ကြောင့်   ထိခိုက်ဆုံးရှုံးနိုင်‌ခြေလျော့ပါးရေး၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများ၊‌ ရေအရင်းအမြစ်စီမံခန့်ခွဲမှုလုပ်ငန်းများတွင် နယ်သာလန်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အ‌ခြေအနေများ၊ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာအကူအညီများ ပေးအပ်နိုင်ရေးကိစ္စရပ်များ၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိဆောင်ရွက်ပေးနေသော အ‌ခြေအနေများနှင့်ပတ်သက်၍ ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

Sign Up

Upcoming Events