Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
ဧရာ၀တီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ အုန်းပင်ကွင်းကျေးရွာအုပ်စု၊ ရေလဲကြီးကျေးရွာတွင် (၂၅-၁၁-၂၀၁၆) ရက်နေ့မှ (၂၇-၁၁-၂၀၁၆) ရက်နေ့၌ မြစ်ကမ်းပြိုကျမှုကြောင့် ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် နေအိမ် (၆) လုံး၊ အိမ်ထောင်စု (၆) စုမှ လူဦးရေ (၂၅) ဦးအတွက် ဧရာ၀တီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၂၀၀၀၀/-)၊ ဆန်ရိက္ခာ (၃) ရက်စာ(၂၂၅၀၀/-)၊ စုစုပေါင်း ရန်ပုံငွေ (၁၄၂၅၀၀/-) တို့အား (၂-၁၂-၂၀၁၆) ရက်နေ့တွင် ကွင်းဆင်းထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။