Category Archives: News
-
မောင်းတောမြို့နယ်အတွင်းရှိ ကျေးရွာများသို့ သွားရောက်ထောက်ပံ့မှုသတင်း
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးနှင့်အဖွဲ့ဝင်များ၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အဖွဲ့ဝင်များ လိုက်ပါ၍ မောင်းတောမြို့နယ်အတွင်းရှိ တိုင်းရင်းသားကျေးရွာ (၅) ရွာမှ အိမ်ထောင်စု (၃၁၈) စုအတွက် ဆန်၊ ဆီ၊ ပဲနှင့် ဆားတို့ကို (၁၀-၁၂-၂၀၁၆) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။
-
ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ မဂူကျေးရွာအုပ်စု၊ ပိုးလောင်းရွာမကျေးရွာတွင် (၇-၁၂-၂၀၁၆) ရက်နေ့၌ ဖြစ်ပွားခဲ့သောမီးဘေးသင့် အိမ်ထောင်စု (၁) စု အတွက် ကယ်ဆယ်ရေးစ္စည်း (၉) မျိုး၊ အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် (၅၀၀၀၀)၊ လူဦးရေ (၂) ဦးအတွက် (၃) ရက်စာ ဆန်ရိက္ခာတန်ဖိုးငွေကျပ် (၁၈၀၀)၊ စုစုပေါင်းငွေကျပ် (၅၁၈၀၀) တို့အား (၉-၁၂-၂၀၁၆) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအား ပြည်တွင်း/ပြည်ပအဖွဲ့အစည်းများမှ လာရောက်တွေ့ဆုံ
နေပြည်တော်၊ ဒီဇင်ဘာ ၉ ရက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအားယနေ့နံနက် (၉)နာရီတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ လူကုန်ကူးမှုစောင့်ကြည့်ရေးနှင့် တိုက်ဖျက်ရေးရုံးမှ H.E. Ms. Susan Coppedgeနှင့် အဖွဲ့သည် မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံအမတ်ကြီး H.E. Mr. ScotMarcielလိုက်ပါလျက်အဆိုပါဝန်ကြီးရုံးမေခလာခန်းမတွင် လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဆောင်ရွက်နေသောလူကုန်ကူးခံရသူများအား ပြန်လည်ခေါ်ယူရေးလုပ်ငန်းများ၊ ယာယီစောင့်ရှောက်ရေးဌာနများတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ယူစောင့်ရှောက်မှုများ၊ မိသားစုနှင့်ပြန်လည်ပေါင်းစည်းရေးနှင့် နောက်ဆက်တွဲစောင့်ရှောက်မှု အစီအစဉ်များကိုအစိုးရမဟုတ်သောမိတ်ဘက်နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ ဖြစ်ရပ်စီမံခန့်ခွဲသူ (Case Manager)များ (၄၂)မြို့နယ်တွင် ဖြန့်ခွဲထားရှိမှုအခြေအနေများ၊ … Read more
-
မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးရှိ တာဝန်ရှိသူများသည် မင်းပြားမြို့၊ ဦးစိုးတင့်ရပ်ကွက်တွင် (၂၅-၁၁-၂၀၁၆)ရက်နေ့ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် သေဆုံးသူ (၄)ဦးအတွက် ငွေကျပ် (၄၀၀,၀၀၀)အား (၈-၁၂-၂၀၁၆) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ကော့သောင်းမြို့နယ်တွင် သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးရှိ တာဝန်ရှိသူများသည် မီးသတ်ဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ (၈.၁၂.၂၀၁၆)ရက်နေ့တွင် ကော့သောင်းမြို့နယ်၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ/မများအပါအဝင် (၈,၉,၁၀)တန်းမှ ကျောင်းသူ/သားဦးရေ (၄ဝဝ)ကျော်အား သဘာဝဘေးအသိပညာပေးခြင်း၊ နံရံကပ်ပိုစတာများပေးခြင်း၊ လက်ကမ်းစာစောင်များဖြင့်ဝေခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။
-
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်တွင် မီးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးကောင်းမြို့နယ်၊ ဆားမော်ကျေးရွာ၊ ဆားမှော်ကျေးရွာအုပ်စု၊ မြို့မရပ်ကွက်တွင် (၇ -၁၂ – ၂၀၁၆)ရက်နေ့၌ ဖြစ်ပွားခဲ့သော မီးဘေးသင့် အိမ်ထောင်စုအတ္ပက် ကယ်ဆယ်ရေးပစ္စည်းနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေကျပ် (၅၅၄၀၀)အား မိုးကောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာနနှင့် ပူးပေါင်း၍ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ချင်းပြည်နယ်ဦးစီးမှူးရုံးတွင် Mobile Application အသုံးပြုနည်းဆင့်ပွားသင်တန်းဖွင့်လှစ်မှု သတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံး၌ (၆-၁၂-၂၀၁၆)ရက်နေ့တွင် DAN Mobile Application နှင့် KOBO Mobile Application အသုံးပြုနည်း ဆင့်ပွားသင်တန်းဖွင့်လှစ်ခဲ့ရာ သင်တန်းသို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားရေးဦးစီးဌာနတို့မှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။
-
မောင်းတောမြို့နယ်အတွင်းရှိ ကျေးရွာများသို့ သွားရောက်ထောက်ပံ့မှုသတင်း
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်လိုက်ပါ၍ မောင်းတောမြို့နယ်အတွင်း ကျေးရွာ (၈)ရွာမှ အိမ်ခြေ (၂၇၉၇) အိမ်အတွက် အဝတ်အထည်များ၊ ဓါတ်ဆားများနှင့် ဆေးဝါးများအား (၉-၁၂-၂၀၁၆)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးတွင် Mobile Application အသုံးပြုနည်းဆင့်ပွားသင်တန်းဖွင့်လှစ်မှု သတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၌ (၉-၁၂-၂၀၁၆)ရက်နေ့ နံနက် (၁ဝဝဝ) နာရီအချိန်တွင် DAN Mobile Application နှင့် KOBO Mobile Application အသုံးပြုနည်း ဆင့်ပွားသင်တန်းဖွင့်လှစ်ခဲ့ရာ တိုင်းဒသကြီးဦးစီးမှူးမှ အဖွင့်အမှာစကားပြောကြားပြီး သင်တန်းသူ/သားများအား သင်တန်းနှင့် ပတ်သက်သည့် အချက်အလက်များအား ဦးစီးမှူးနှင့် ဒုတိယဦးစီးမှူးတို့မှ ရှင်းလင်းပြောကြားခဲ့ရာ အဆိုပါ သင်တန်းသို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှဝန်ထမ်း (၄)ဦး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်း (၅)ဦး၊ မီးသတ်ဦးစီးဌာနမှဝန်ထမ်း (၅)ဦး၊စုစုပေါင်းဝန်ထမ်း (၁၄)ဦးတို့တက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။
-
ရန်ကုန်တိုင်းဒေသကြီးတွင် မြေငလျင်ဆိုင်ရာဖိုရမ်ဗွီနိုင်းဆိုင်းဘုတ်များစိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့၏ဦးဆောင်ဖြင့် (၈-၁၀-၂၀၁၆) ရက်နေ့ကျင်းပမည့် မြေငလျင်ဆိုင်ရာဖိုရမ်ဗွီနိုင်းဆိုင်းဘုတ်များအား ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးရှေ့နှင့် ရန်ကုန်တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာန၊ လူမှုဝန်ထမ်းအတတ်သင်သိပ္ပံကျောင်းရှေ့၊ Day Care Centre ရှေ့၊ လူမှုဝန်ထမ်းဦးစီး တိုင်းဒေသကြီးဦးစီးမှူးရုံးရှေ့များတွင် (၄-၁၀-၂၀၁၆)နေ့တွင်စိုက်ထူပြီးဖြစ်ကြောင်း သတင်းရရှိပါသည်။









