Category Archives: News
-
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ တောတိုက်ရပ်ကွက်၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၁၂-၂၀၁၆) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ တောတိုက်ရပ်ကွက်၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ရပ်ကွက်အတွင်းရှိ ပြည်သူများတက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
သီပေါမြို့နယ်သို့ ထပ်တိုးရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့မှုများ ပေးအပ်မှုသတင်း
(၂၃-၁၂-၂၀၁၆) ရက်နေ့တွင် ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် သီပေါမြို့နယ်သို့ ထပ်တိုးရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၄၉) စုမှ လူဦးရေ (၂၀၃) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး အိမ်ထောင်စု (၄၉) စုစာနှင့် ဆန် (၃) ရက်စာဘိုးငွေ (၁၈၂၇၀၀) ကျပ်တိတိအား ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
သီပေါမြို့နယ်သို့ ထပ်တိုးရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့မှုများ ပေးအပ်မှုသတင်း
(၂၅-၁၂-၂၀၁၆) ရက်နေ့တွင် ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် သီပေါမြို့နယ်သို့ ထပ်တိုးရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၄၁) စုမှ လူဦးရေ (၁၉၇) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး အိမ်ထောင်စု (၄၁) စုစာနှင့် ဆန် (၃) ရက်စာဘိုးငွေ (၁၇၇၃၀၀) ကျပ်တိတိအား ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၌ သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောဆွေးနွေးပွဲ ကျင်းပပြုလုပ်မှုသတင်း
(၂၃-၁၂-၂၀၁၆) ရက်နေ့တွင် ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ ကျီကြီးကျေးရွာအုပ်စု၊ ကျီကြီးကျေးရွာ၌ သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ရာ ပြည်သူ (၁၄၈) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
DAN mobile Application နှင့် Kobo mobile application အသုံးပြုပုံများနှင့်စပ်လျဉ်းသည့် ဆင့်ပွားအသိပညာပေးခြင်း ပြုလုပ်မှုသတင်း
(၂၃-၁၂-၂၀၁၆) ရက်နေ့တွင် ဖျာပုံခရိုင်ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဖျာပုံမြို့နယ်ထွေ/အုပ်ရုံး၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာသတင်းများနှင့် သဘာဝဘေးကျရောက်ပါက ပျက်စီးဆုံးရှုံးမှုစာရင်းများအား လျင်မြန်စွာကောက်ယူနိုင်ရေးအတွက် DAN mobile Application နှင့် Kobo mobile application အသုံးပြုဆောင်ရွက်ခြင်းကို ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ INGO-NGO များ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် စေတနာ့ဝန်ထန်းလူငယ်များ စုစုပေါင်းအင်အား (၁၅၀) ဦးကို ဆင့်ပွားအသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
အရှေ့ အာရှ မိသားစုဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျား/မ တန်းတူ ညီမျှရေးဆိုင်ရာ ဝန်ကြီးများအဆင့် ညီလာခံသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်မှုသတင်း
အရှေ့အာရှ မိသားစု ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျား/မ တန်းတူညီမျှရေးဆိုင်ရာ ဝန်ကြီးများအဆင့် ညီလာခံအား ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၂၂) ရက်နေ့က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ရှန်ဂရီလာဟိုတယ်တွင် ကျင်းပခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါသည်။ အဆိုပါညီလာခံဖွင့်ပွဲအခမ်းအနားသို့ ထိုင်းနိုင်ငံဝန်ကြီးချုပ် General Prayuth Chauocha မှ အဖွင့်မိန့်ခွန်းပြောကြားကာ ဖွင့်လှစ်ပေးပြီးနောက် ထိုင်းနိုင်ငံလူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားလုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး Police General Adul Saengsingkaew နှင့် ထိုင်းနိုင်ငံပညာရေးဝန်ကြီးဌာန … Read more
-
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ကဆရ) ၌ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်မွမ်းမံသင်တန်း ၁/၂၀၁၆ ဖွင့်လှစ်မှုသတင်း
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ကဆရ) ၌ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်မွမ်းမံသင်တန်း ၁/၂၀၁၆ ကို (၂၁-၁၂-၂၀၁၆) မှ (၂၃-၁၂-၂၀၁၆) နေ့အထိ ဖွင့်လှစ်ခဲ့ရာ သင်တန်းသား၊ သင်တန်းသူဦးရေစုစုပေါင်း (၃၀) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ကဆရ)
-
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်း၊ လယ်ဝေးမြို့၊ မဒေါ့ပင်ကျေးရွာအုပ်စု၊ ဂုဏ်မင်းမျှောင်ကျေးရွာမှ ရေနောက်မျောပါသေဆုံးသူ (၃) ဦးအတွက် ထောက်ပံ့ငွေများ ပေးအပ်မှုသတင်း
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်း၊ လယ်ဝေးမြို့၊ မဒေါ့ပင်ကျေးရွာအုပ်စု၊ ဂုဏ်မင်းမျှောင်ကျေးရွာတွင် ချောင်းရေကြီးမှုကြောင့် ရေနောက်မျောပါသေဆုံးခဲ့သူ (၃) ဦး၏ မိသားစုများတစ်စုစီထံသို့ သေဆုံးသူတစ်ဦးလျှင်ထောက်ပံ့ငွေ (၁) သိန်းကျပ်စီဖြင့် ထောက်ပံ့ငွေစုစုပေါင်း (၃) သိန်းကျပ်တိတိအား ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများက (၂၀-၁၂-၂၀၁၆) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ကဆရ)
-
KOBO mobile application နှင့် DAN mobile application အသုံးပြုပုံများကို ရှင်းလင်းမှုသတင်း
(၂၂-၁၂-၂၀၁၆) ရက်နေ့တွင် မွန်ပြည်နယ်၊ သထုံခရိုင်၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ခရိုင်ဦးစီးမှူးရုံး၌ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက သဘာဝဘေးနှင့်စပ်လျဉ်းသည့် ပုံမှန်သတင်းများနှင့် အရေးကြီးသတင်းများ၊ မိုးလေဝသသတင်းများနှင့် မြန်မာနိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်လျော့ပါးရေး ဆောင်ရွက်ချက်သတင်းများကို အချိန်နှင့်တပြေးညီပေးပို့ခြင်း၊ ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ကြိုတင်သတိပေး Message ပေးပို့သည့်စနစ်၊ အရေးကြီးဖုန်းနံပါတ်များနှင့် သဘာဘေး ပညာပေး/လက်ကမ်းစာစောင်များ ထည့်သွင်းထားသော KOBO mobile application နှင့် DAN mobile application အသုံးပြုပုံများကို ဌာနဆိုင်ရာဝန်ထမ်းများအား ထပ်ဆင့်ရှင်းလင်းခဲ့ကြောင်း သိရှိရပါသည်။ Source: သထုံခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
မီးဘေးဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်ခြင်းနှင့် သဘာဝဘေးနှင့်ပတ်သက်၍ ဆောင်ရန်ရှောင်ရန်များအား ဆွေးနွေးဟောပြောမှုသတင်း
ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ပန်ကန်းကျေးရွာအုပ်စု၊ မှုံပြာကျေးရွာဘုန်းကြီးကျောင်းတွင် (၂၈-၁၁-၂၀၁၆) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီမှ (၁၀:၀၀) နာရီအထိ လွိုင်ကော်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မီးသတ်ဦးစီးဌာနတို့မှ ဦးဆောင်၍ အင်အား (၉၀) ဦးတို့ဖြင့် မီးဘေးဇာတ်တိုက်လေ့ကျင့်ခန်း ပြုလုပ်ရာတွင် ကယားပြည်နယ်ဦးစီးမှူးရုံး (ကဆရ) တာဝန်ရှိသူတစ်ဦးမှ သဘာဝဘေးနှင့်ပတ်သက်၍ ဆောင်ရန်ရှောင်ရန်များအား ဆွေးနွေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။ Source: ကယားပြည်နယ်ဦးစီးမှူးရုံး(ကဆရ)









