KOBO mobile application နှင့် DAN mobile application အသုံးပြုပုံများကို ရှင်းလင်းမှုသတင်း

23_pic01 23_pic02

(၂၂-၁၂-၂၀၁၆) ရက်နေ့တွင် မွန်ပြည်နယ်၊ သထုံခရိုင်၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ခရိုင်ဦးစီးမှူးရုံး၌ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက သဘာဝဘေးနှင့်စပ်လျဉ်းသည့် ပုံမှန်သတင်းများနှင့် အရေးကြီးသတင်းများ၊ မိုးလေဝသသတင်းများနှင့် မြန်မာနိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်လျော့ပါးရေး ဆောင်ရွက်ချက်သတင်းများကို အချိန်နှင့်တပြေးညီပေးပို့ခြင်း၊ ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ကြိုတင်သတိပေး Message ပေးပို့သည့်စနစ်၊ အရေးကြီးဖုန်းနံပါတ်များနှင့် သဘာဘေး ပညာပေး/လက်ကမ်းစာစောင်များ ထည့်သွင်းထားသော KOBO mobile application နှင့် DAN mobile application အသုံးပြုပုံများကို ဌာနဆိုင်ရာဝန်ထမ်းများအား ထပ်ဆင့်ရှင်းလင်းခဲ့ကြောင်း သိရှိရပါသည်။

Source: သထုံခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events