Category Archives: News
-
ရှမ်းပြည်နယ်၊ ဟိုပုံးမြို့ရှိ မိုဘိုင်းဖုန်းဆိုင်များတွင် သဘာဝဘေးအန္တရာယ်ကြိုတင်သတိပေး DAN Mobile Application ထည့်သွင်းအသုံးပြုပုံနည်းလမ်းများ ဖြန့်ဝေပေးမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၁-၂၀၁၇) ရက်နေ့တွင် ရှမ်းပြည်နယ်၊ ဟိုပုံးမြို့ရှိ မိုဘိုင်းဖုန်းဆိုင်များနှင့် လူစည်ကားသည့် နေရာများ၌ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ရက် (၁၀၀) အလွန်ဆောင်ရွက်မည့် စီမံကိန်းများတွင် တစ်ခုအပါအဝင်ဖြစ်သည့် သဘာဝဘေးနှင့်စပ်လျဉ်းသည့် ပုံမှန်သတင်းများနှင့် အရေးကြီးသတင်းများ၊ မိုးလေဝသသတင်းများနှင့် မြန်မာနိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆောင်ရွက်ချက်သတင်းများကို အချိန်နှင့်တစ်ပြေးညီပေးပို့ခြင်း၊ ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်နှင့် စပ်လျဉ်းသည့် ကြိုတင်သတိပေး Message ပေးပို့သည့်နည်းစနစ်၊ အရေးကြီးဖုန်းနံပါတ်များနှင့် သဘာဝဘေးပညာပေး လက်ကမ်းစာစောင်များထည့်သွင်းထားသော DAN Mobile Application နှင့် DAN … Read more
-
မီးဘေးထောက်ပံ့မှုသတင်း
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ အင်းမကျေးရွာ အုပ်စု၊ တနော်ကျေးရွာတွင် (၁၁-၁-၂၀၁၇) ရက်နေ့၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးလောင်ကျွမ်းခဲ့သည့် နေအိမ်(၁)လုံး၊ မီးဘေးသင့် အိမ်ထောင်စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး(၂၀၀၀၀ိ/-)၊ ဆန်ရိက္ခာ (၃) ရက်စာ (၁၈၀၀ိ/-)၊ သေဆုံးကလေး (၁) ဦးအတွက် ထောက်ပံ့ငွေ (၁၀၀၀၀၀ိ/-)၊ စုစုပေါင်းငွေ (၁၂၁၈၀၀ိ/-) ကျပ်အား (၁၈-၁-၂၀၁) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဦးစီးဌာန၊ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး တာဝန်ရှိသ ူများမှ ကွင်းဆင်း ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more
-
“ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးသူငယ်များကို လစဥ်ငွေကြေးအထောက်အပံ့ပေးမည်”
နေပြည်တော် ဇန်နဝါရီ (၁၈)ရက် လူသားဘဝဖွံ့ဖြိုးတိုးတက်မှု၏ အခြေခံအုတ်မြစ်မှာ ပဋိသန္ဓေတည်သည်မှ မွေးဖွားပြီး (၂)နှစ်သားအထိ ဘဝအစပထမရက် (၁၀၀၀)ဖြစ်ပါသည်။ ထိုလူသားဘဝပထမရက်(၁၀၀၀)တွင် အာဟာရပြည့်ပြည့်ဝဝဖြင့် ခန္ဓာကိုယ် ကြီးထွား၍ ဦးနှောက်ဖွံ့ဖြိုးခွင့်ရရှိပါက အနာဂါတ် ကျန််းမာရေး၊ လူမှုရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတို့အတွက် ကောင်းမွန်သော အာမခံချက်တစ်ခုရရှိမည်ဖြစ်ပါသည်။ ထိုသို့ကလေးငယ်တစ်ဦးချင်းစီ၏ ဖွံ့ဖြိုးတိုးတက်မှုရရှိပါက ဖွံ့ဖြိုးတိုးတက်သော တိုင်းပြည်ကို တည်ဆောက်နိုင်မည် ဖြစ်ပါသည်။ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများရှိ အမျိုးသမီးများကို ကိုယ်ဝန်စရှိသည်မှ ကလေးအသက်(၂)နှစ်ပြည့်သည်အထိ ငွေကြေးအထောက်အပံ့ပေးရေးအစီအစဉ်များ အကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေး … Read more
-
စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် သဘာဝဘေးအန္တရာယ်လျော့ပါးရေး ဆွေးနွေးဟောပြောမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၁-၂၀၁၇)ရက်နေ့က မြောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်များသို့သွားရောက်၍ သဘာဝဘေးအန္တရာယ်လျော့ပါးရေးအတွက်ဆွေးနွေးဟောပြောခဲ့ရာ ရပ်ရွာနေပြည်သူများ (၄၀)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်အတွင်းရောက်ရှိလာသော စစ်ဘေးရှောင်ပြည်သူ များအား ထောက်ပံ့ပေးမှုသတင်း
မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် မြင်းဝန်မင်းကြီးတိုက် ဇယန်းကြီးကျောင်းသို့ ရောက်ရှိနေသည့် ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ဆန်မြို့စစ်ဘေးရှောင်ပြည်သူ (၁၀၅) ဦး ၊ အိမ်ထောင်စု (၃၅) စုအတွက် ကယ်ဆယ် ရေးပစ္စည်း (၉) မျိုး၊ Family Kits နှင့် Hygiene Kits များအား (၁၈-၁-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။ Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
တွေ့ဆုံဆွေးနွေးမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးရှိ ပြည်နယ်မှူးထံသို့ LWF(Lutheran World Federation)မှ David H.Mueller(Country Repersentative) သည် IDP Camp များနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ညွှန်ကြားချက်ဖြင့် (NFI)ပစ္စည်းများ ဖြန့်ဝေရေးကိစ္စနှင့်ပတ်သက်၍ (၁၉-၁-၂၀၁၇)ရက်နေ့ နံနက်(၀၈း၂၅)နာရီတွင် လာရောက်တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသတင်းရရှိပါသည်။
-
သဘာဝဘေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခြင်းနှင့် DAN Mobile Application အကြောင်း ရှင်းလင်းပြောကြားမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၁-၂၀၁၇) ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်၊ လက်ပံဆိပ်ကျေးရွာတွင် သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့်သတင်းများ၊ မိုးလေဝသသတင်းများ၊ အရေးပေါ်ဖုန်းနံပါတ်များ၊ ပညာပေးကဏ္ဍ လက်ကမ်း စာစောင်များပါဝင်သည့် DAN Mobile Application အကြောင်း ရှင်းလင်းပြောကြား၍ လက်ကမ်း စာစောင်များနှင့် ခေါက်ဆွဲခြောက်ထုပ်များဝေငှပေးခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သူဦးရေ (၁၁၀) ဦးရှိကြောင်း သတင်းရရှိပါသည်။ Source: သရက်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခြင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် Action Aid၊ Plan International နှင့် Future World Organization တို့ နှင့်ပူးပေါင်း၍ (၁၈-၁-၂၀၁၇) ရက်နေ့၊ (၁၀:၀၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်း ခရိုင်အတွင်းရှိ အထက (၁) လမ်းမတော်မှ ကျောင်းသား/ကျောင်းသူ (၃၀၃) ဦးတို့အား သဘာဝဘေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်သို့ရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့မှုသတင်း
ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်သို့ရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၆၁) စုမှ လူဦးရေ (၁၅ဝ) ကျော်အတွက် Isamic Reliedworld Wide IRW အဖွဲ့အစည်းနှင့် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူတို့ ပူးပေါင်းပြီး ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်၊ ငါးသေတ္တာ၊ အနွေးထည်နှင့် စောင် စုစုပေါင်းတန်ဖိုးငွေ (၂၄၀၉၅၀၀/-) အား (၁၈-၁-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ရှမ်းပြည်နယ်၊ ရွှေညောင်မြို့တွင် သဘာဝဘေးအန္တရာယ်ကြိုတင်သတိပေး DAN Mobile Application အား မိုဘိုင်းဖုန်းဆိုင်များတွင် ထည့်သွင်းအသုံးပြုနည်းများ ဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၁-၂၀၁၇) ရက်နေ့တွင် ရှမ်းပြည်နယ်၊ ရွှေညောင်မြို့ရှိ မိုဘိုင်းဖုန်းဆိုင်များနှင့် လူစည်ကားသည့်နေရာများ၌ ပြည်ထောင်စုဝန်ကြီး၏ ရက် (၁၀၀) အလွန်ဆောင်ရွက်မည့် စီမံကိန်းများတွင် တစ်ခုအပါအဝင်ဖြစ်သည့် သဘာဝဘေးနှင့်စပ်လျဉ်းသည့် ပုံမှန် သတင်းများနှင့် အရေးကြီးသတင်းများ၊ မိုးလေဝသသတင်းများနှင့်မြန်မာနိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်လျော့ပါးရေး ဆောင်ရွက်ချက် သတင်းများကို အချိန်နှင့်တစ်ပြေးညီပေးပို့ခြင်း၊ ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ကြိုတင်သတိပေး Message ပေးပို့သည့် နည်းစနစ်၊ အရေးကြီးဖုန်းနံပါတ်များနှင့် သဘာဝဘေး ပညာပေးလက်ကမ်းစာစောင်များထည့်သွင်းထားသော DAN Mobile Application နှင့် … Read more









