Category Archives: News
-
မြောက်ဦးမြို့၊ အောင်တပ်ရပ်ကွက်၊ မြို့သစ်ရပ်ကွက်ရှိ မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၁-၂၀၁၇) ရက်နေ့၌ မြောက်ဦးမြို့၊ အောင်တပ်ရပ်ကွက်၊ မြို့သစ်ရပ်ကွက်တွင် ဖြစ်ပွားသော မီးဘေးသင့် အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ ဆန်ရိက္ခာ (၃) ရက်စာဖိုး (၂၇၀၀ိ/-) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုး (၅၀၀၀၀ိ/-) ကျပ်တို့အား (၁၁-၁ -၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ကျိုင်းတုံမြို့နယ်၊ ဂရုဏာ (ကျိုင်းတုံ) ရုံးတွင် DAN Mobile Application အသုံးပြုပုံအား ရှင်းလင်းပြောကြား ခြင်းနှင့် သဘာဝဘေးအသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၁-၂၀၁၇) ရက်နေ့ နံနက် (၀၉:၀၀) နာရီ (၁၂:၀၀) နာရီအချိန်ထိ ကျိုင်းတုံမြို့နယ်၊ ဂရုဏာ (ကျိုင်းတုံ) ရုံးတွင် DAN Mobile Application အသုံးပြုပုံများအားရှင်းလင်းပြောကြားခြင်းနှင့် သဘာဝဘေးအသိပညာပေး ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ပြီး ဘေး (၈) မျိုးနှင့် ပတ်သက်သည့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်သူဦးရေ (၂၀) ဦးခန့်ရှိကြောင်း သတင်းရရှိပါသည်။ Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ကြိုတင်သတိပေး DAN Mobile Application အား မိုဘိုင်း ဖုန်းဆိုင်များတွင် ထည့်သွင်းအသုံးပြုနည်းများ ဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၁-၂၀၁၇) ရက်နေ့တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဌာနဆိုင်ရာတာဝန်ရှိသူများအား DAN Mobile Application အသုံးပြုခြင်းနှင့် သဘာဝဘေးအန္တရယ်ဆိုင်ရာ အချက်အလက်များရှင်းလင်းဆွေးနွေးတင်ပြပေးခဲ့ပြီး ကျောက်မဲမြို့ပေါ်ရှိ Mobile ဖုန်းဆိုင်များတွင် DAN Mobile Application အသုံးပြုပုံနှင့် DAN Mobile Application Sticker များအား ဖြန့်ဝေခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
မီးဘေးထောက်ပံ့မှုသတင်း
(၂၁-၁-၂၀၁၇) ရက်နေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ နောင်ခရီရပ်ကွက်၌ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ မီးဘေးသင့်ခဲ့သည့် အိမ်ခြေ (၁) လုံး၊ အိမ်ထောငိစု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ လူဦးရေ (၁) ဦးအတွက် ဆန်ဖိုးငွေ (၉၀၀) ကျပ်၊ သေဆုံးသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၁၀၀၀၀၀) ကျပ်အား (၂၁-၁-၂၀၁၇) ရက်နေ့တွင် မွန်ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်း နှင့်အတူ မွန်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)မှ တာဝန်ရှိသူများသည် သွားရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။ Source:မွန်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)
-
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့ အထက (၂) ကျောင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆွေးနွေးဟောပြောပွဲ ကျင်းပပြုမှုသတင်း
ကသာခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၁၇-၁-၂၀၁၇) ရက်နေ့တွင် ကသာမြို့ အထက (၂) ကျောင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား ကျောင်းသူ (၁၇၀) ဦးတက်ရောက်ခဲ့ပါသည်။ ဆွေးနွေးပွဲ၌ ကသာခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများက သဘာဝဘေးအန္တရာယ်ဆိုင်ရာအကြောင်းအရာများနှင့်စပ်လျဉ်း၍ ဆွေးနွေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။ Source: ကသာခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
လားရှိုးမြို့ပေါ်ရပ်ကွက်များရှိ Mobile ဖုန်းဆိုင်များတွင် သဘာဝဘေးအန္တရာယ်ကြိုတင်သတိပေး DAN Mobile Application ထည့်သွင်းအသုံးပြုနည်းများ ဖြန့်ဝေပေးမှုသတင်း
လားရှိုးခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၂၀-၁-၂၀၁၇) ရက်နေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ပေါ်ရပ်ကွက်များရှိ Mobile ဖုန်းဆိုင်များ၌ သဘာဝဘေးအန္တရာယ်ကြိုတင်သတိပေး DAN Mobile Application ထည့်သွင်းအသုံးပြုနည်းများအား ဖြန့်ဝေပေးခဲ့ပြီး DAN Mobile Application Sticker များကို လူအများသွားလာသည့်နေရာများ၌ ကပ်ပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ကယားပြည်နယ်၊ ရှားတောမြို့နယ် စုပေါင်းရုံးခန်းမ၌ DAN Mobile Application နှင့် KOBO Mobile Application အသုံးပြုပုံနည်းလမ်းများ ဖြန့်ဝေပေးမှုသတင်း
ကယားပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၂၀-၁-၂၀၁၇) ရက်နေ့တွင် ရှားတောမြို့နယ်၊ စုပေါင်းရုံးခန်းမ၌ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဝင်များအား DAN Mobile Application နှင့် KOBO Mobile Application အကြောင်း မိတ်ဆက်ဆွေးနွေးခြင်း၊ Install ပြုလုပ်ပေးခြင်း၊ Stiker ဝေငှခြင်းနှင့် သဘာဝဘေးစီမံခန့်ခွဲမှုအကြောင်းအရာများနှင့်စပ်လျဉ်း၍ ဆွေးနွေးဟောပြောခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ကြိုတင်သတိပေး DAN Mobile Application အား မိုဘိုင်းဖုန်းဆိုင်များတွင် ထည့်သွင်းအသုံးပြုနည်းများဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ် ဦးစီးမှူးရုံး မှ တာဝန်ရှိသူများသည် (၁၉-၁-၂၀၁၇) ရက်နေ့တွင် ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်အတွင်း ဖုန်းဆိုင်များတွင် DAN Moblie Application နှင့် KOBO Application ကို သဘာဝဘေးနှင့်စပ်လျဉ်းသည့် ပုံမှန်သတင်းများနှင့် အရေးကြီးသတင်းများ၊ မိုးလေဝသ သတင်းများနှင့် မြန်မာနိုင်ငံ အတွင်း သဘာဝဘေးအန္တရာယ်လျော့ပါးရေး ဆောင်ရွက်ချက်သတင်းများကို အချိန်နှင့်တပြေးညီပေးပို့ခြင်း၊ ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ် နှင့်စပ်လျဉ်းသည့် ကြိုတင်သတိပေး Message ပေးပို့သည့် နည်းစနစ်၊ အရေးကြီးဖုန်းနံပါတ်များနှင့် သဘာဝဘေးပညာပေးလက်ကမ်းစာစောင် … Read more
-
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၊ ကျွန်းတိုင်းကျေးရွာ မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
(၂၁-၁-၂၀၁၇) ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၊ ကျွန်းတိုင်းကျေးရွာ၌ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ မီးဘေးသင့်ခဲ့သည့် အိမ်ခြေ (၂) လုံး အိမ်ထောင်စု (၂) စုမှ လူဦးရေ (၁၀) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၉၀၀၀ိ/-)၊ အိမ်ခြေ (၁) လုံးလျှင် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁) သိန်းစီဖြင့် အိမ်ခြေ (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂) သိန်းကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး အိမ်ထောင်စု (၂) စုစာအား (၂၂-၁-၂၀၁၇) ရက်နေ့တွင် သရက်ခရိုင်ဦးစီးမှူးရုံး … Read more
-
မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်၊ ကျဦးကျေးရွာ၌ သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၁-၂၀၁၇) ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်၊ ကျဦးကျေးရွာ၌ သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့်သတင်းများ၊ မိုးလေဝသသတင်းများ၊ အရေးပေါ်ဖုန်းနံပါတ်များ၊ လက်ကမ်းစာစောင်များ ပါဝင်သည့် DAN application အကြောင်း ရှင်းလင်းပြောကြားပြီး DAN Application ကို ဟောပြောပွဲတက်ရောက်သူုများထံ ဖြန့်ဝေပေးခဲ့ပြီး သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များနှင့် ခေါက်ဆွဲခြောက်ထုပ်များ ဝေငှပေးခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ အင်အား (၁၀၅) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ Source: သရက်ခရိုင်ဦးစီးမှူးရုံး (ကဆရ)









