Category Archives: News
-
ပေါက်တောမြို့နယ်၊ မြေပုံမြို့နယ်၊ ကျောက်တော်မြို့နယ်တို့တွင် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုလျော့ပါးရေးအတွက် စစ်တမ်းကောက်ယူမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် UNOCHA အဖွဲ့တို့ ပူးပေါင်းလျက် လူမှုရေးအဖွဲ့အစည်းများပါဝင်သည့် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုလျော့ပါးရေးအတွက် စစ်တမ်းကောက်ယူမှုကို ပေါက်တောမြို့နယ် (သစ်ပုတ်၊ငပြီကျွန်း၊ဆားပြင်)၊ မြေပုံမြို့နယ်(ကျီးခေါင်းတောင်၊ သင်းဂနတ်၊ ပြင်ငခူချောင်း)နှင့် ကျောက်တော်မြို့နယ် (တောင်ပေါက်၊ ပုဏ္ဏား၊ လမုတပင်) တို့တွင် (၂၆-၁-၂၀၁၇) ရက်နေ့၌ စစ်တမ်းကောက်ယူမှုများပြုလုပ်ခဲ့ကြောင်း သတင်းရှိပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၊ သပြေကုန်းရပ်ကွက်၌ မီးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၊ သပြေကုန်းရပ်ကွက်၌ (၂၂-၁-၂၀၁၇ ) ရက်နေ့တွင် ဖြစ်ပွားသော မီးဘေးသင့်အိမ်ထောင်စု (၁) စုမှ လူဦးရေ (၆) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးအား (၂၇-၁-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မောင်တောခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ထီးချိုင့်မြို့နယ်ရှိ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာခွဲအုပ်ချုပ်ရေးမှူးတို့အား သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း
(၂၆-၁-၂၀၁၇) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ကသာမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ထီးချိုင့်မြို့နယ်ရှိ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာခွဲအုပ်ချုပ်ရေးမှူး စုစုပေါင်း (၁၃၀) ဦးတို့အား သဘာဝဘေးအန္တရာယ်ဆိုင်ရာအကြောင်းအရာများနှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောမှုပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့၊ မြတ်ကံသာကျေးရွာနေပြည်သူများအား သဘာဝဘေး လျော့ပါးရေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့၊ မြတ်ကံသာကျေးရွာတွင် သဘာဝဘေးလျော့ပါးရေးအသိပညာပေးဆွေးနွေး ပွဲပြုလုပ်ခဲ့ရာ အဆိုပါဆွေးနွေးပွဲသို့ ပြည်သူလူထု (၆၀) ဦး တက်ရောက်ခဲ့ပြီး လက်ကမ်းစာစောင်များဝေငှပေးခဲ့ကြောင်း သတင်းရရှိပါသည်။
-
မူးယစ်ဆေးဝါးသုံးစွဲမှုပပျောက်ရေး၊ ထိရောက်သောပြန်လည်ထူထောင်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးမှုသတင်း
ပြည်သူ့အစိုးရအနေဖြင့် ပြည်သူ့အကျိုးကို ထိရောက်စွာဆောင်ရွက်ရမည်ြဖစ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် မူးယစ်ဆေးဖြတ်သူများ ပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်နေ ကြသည့် အဖွဲ့အစည်းများနှင့် ယနေ့ညနေ (၅း၀၀) နာရီတွင် တွေ့ဆုံဆွေးနွေးခဲ့ရာတွင် မူးယစ်ဆေးသုံးစွဲသူများ ပြန်လည်ထူထောင်ရေးနှင့် ပတ်သက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့ အားလုံးပူးပေါင်းဆောင်ရွက်ရမည့်အပြင် ပြည်သူလူထုကြားတွင် လက်တွေ့ဆောင်ရွက် လျက်ရှိပြီး အတွေ့ကြုံ ကောင်းများရရှိနေကြပြီဖြစ်သော စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူးအသင်းများ၊ စေတနာ့ဝန်ထမ်းအသင်းအဖွဲ့များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများအားလုံးနှင့်ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အောင်မြင်မှုရရှိစေ … Read more
-
မြိတ်မြို့နယ်၊ မဇောကျေးရွာအုပ်စု၊ ခုံမော်အရှေ့ကမ်းကျေးရွာတွင် သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့် အကြောင်း အရာများ ဆွေးနွေးဟောပြောမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၁-၂၀၁၇) ရက်နေ့တွင် မြိတ်မြို့နယ်၊ မဇောကျေးရွာအုပ်စု၊ ခုံမော်အရှေ့ကမ်းကျေးရွာတွင် သဘာဝ ဘေးအန္တရာယ်နှင့်ပတ်သက်သည့် အကြောင်းအရာများအား ဆွေးနွေးဟောပြောခြင်းနှင့် ဆောင်ရန် /ရှောင်ရန်များအား ဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ၊ နံရံကပ်ပိုစတာများ၊ ဆပ်ပြာမှုန့်ထုပ်များနှင့် မုန့်ထုပ်များအား ဝေငှပေးခဲ့ပါသည်။ အဆိုပါ ဟောပြောဆွေးနွေးပွဲသို့ တက်ရောက်သူ ဦးရေ (၁၀၀) ဦးခန့်ရှိကြောင်း သတင်းရရှိပါသည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
စစ်တွေမြို့နယ် ဂန့်ဂေါ်ကျွန်းကျေးရွာအုပ်စု သက္ကေပြင်ရွာမကျေးရွာ မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှု သတင်း
စစ်တွေမြို့နယ်၊ ဂန့်ဂေါ်ကျွန်းကျေးရွာအုပ်စု သက္ကေပြင်ကျေးရွာတွင် ( ၂၀ – ၁ – ၂၀၁၇ ) ရက်နေ့၌ မီးလောင်မှုကြောင့် မီးဘေးသင့်အိမ်ခြေ(၃)လုံးမှ အိမ်ထောင်စု( ၃ )စု လူဦးရေစုစုပေါင်း(၁၆)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး၊ ဆန်ရိက္ခာ(၃) ရက်စာဖိုး(၁၄,၄၀၀/-)ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုး(၁၅၀,၀၀၀/-)ကျပ်တို့အား ရခိုင်ပြည်နယ်ဦးစီးမှူးရုံးတာဝန်ရှိသူများမှ (၂၆-၁-၂၀၁၇)ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ )
-
ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့အတွင်းရှိ မိုဘိုင်းဖုန်းဆိုင်များတွင် သဘာဝဘေး ပညာပေးလက်ကမ်းစာစောင်များ ထည့်သွင်းထားသော DAN Mobile Application နှင့် DAN Mobile Application Sticker များအား ရှင်းလင်းပြောကြားမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၂၆-၁-၂၀၁၇) ရက်နေ့တွင် ကျိုင်းတုံမြို့မိုဘိုင်းဖုန်းဆိုင်များနှင့် လူစည်ကားသည့်နေရာများ ၌ ပြည်ထောင်စုဝန်ကြီး၏ ရက် (၁၀၀) အလွန်ဆောင်ရွက်မည့် စီမံကိန်းများတွင် တစ်ခုအပါအဝင် ဖြစ်သည့် သဘာဝဘေးနှင့်စပ်လျဉ်းသည့် ပုံမှန်သတင်းများနှင့် အရေးကြီး သတင်းများ၊ မိုးလေဝသသတင်းများနှင့် မြန်မာနိုင်ငံအတွင်း သဘာဝဘေးအန္တရာယ် လျော့ပါးရေး ဆောင်ရွက် ချက်သတင်းများကို အချိန်နှင့်တစ်ပြေးညီပေးပို့ခြင်း၊ ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်နှင့် စပ်လျဉ်းသည့် ကြိုတင်သတိပေး Message ပေးပို့သည့်နည်းစနစ်၊ အရေးကြီးဖုန်းနံပါတ်များနှင့် သဘာဝဘေး ပညာပေးလက်ကမ်းစာစောင် များထည့်သွင်းထားသော DAN Mobile Application နှင့် … Read more
-
ကျုံပျော်မြို့နယ်၊ သံလျှက်စွန်းကျေးရွာအုပ်စု၊ ငါးပြေမရိုးကျေးရွာ၌ သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၁-၂၀၁၇) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ သံလျှက်စွန်းကျေးရွာအုပ်စု၊ငါးပြေမရိုးကျေးရွာ၌ သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့ရာ ပြည်သူ (၁၆၀) ဦး တက်ရောက်ခဲ့ပါသည်။ ဟောပြောပွဲတက်ရောက်လာသည့်ပြည်သူများအတွက် ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများက မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး၊ ငလျင်ဘေး၊ ဆူနာမီဘေး၊ မြေပြိုဘေး၊ မိုကြိုးဘေးအသိပညာပေးလက်ကမ်းစာစောင်များနှင့် ပိုစတာများ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
လားရှိုးခရိုင်ဦးစီးမှူးရုံး(ကဆရ)မှ အမှတ်စဉ်(၁/၂၀၁၇) ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ လုပ်ငန်း စွမ်းဆောင်ရည်သင်တန်းတွင် DAN Mobile Application သုံးစွဲနည်းများ ဟောပြောပို့ချမှုသတင်း
(၂၅-၁-၂၀၁၇) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လားရှိုးခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အမှတ်စဉ်(၁/၂၀၁၇) ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေး မှူးများလုပ်ငန်းစွမ်းဆောင်ရည် သင်တန်းဖွင့်ပွဲအခမ်းအနားတွင် သင်တန်းသား (၈၇) ဦးအား ဌာန၏လုပ်ငန်းဆောင်ရွက်ချက်နှင့် DAN Mobile Application သုံးစွဲနည်းများ ဟောပြောပို့ချ ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: လားရှိုးခရိုင်ဦးစီးမှူးရုံး(ကဆရ)









