Category Archives: News
-
လေးမျက်နှာမြို့နယ်၊ ခတ္တူအခြေခံပညာအလယ်တန်းကျောင်း၌ သဘာဝဘေးလျော့ပါးရေးအသိပညာပေးဆွေးနွေးပွဲကျင်းပပြုလူပ်မှုသတင်း
(၇-၂-၂၀၁၇) ရက်နေ့တွင် ဟင်္သာတခရိုင်ရုံးဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် လေးမျက်နှာမြို့နယ်၊ ခတ္တူအခြေခံပညာအလယ်တန်းကျောင်း၌ “သဘာဝဘေးလျော့ပါးရေးအသိပညာပေးဆွေးနွေးပွဲ” ပြုလုပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူ (၂၅၃) ဦး တက်ရောက်ခဲ့ပါသည်။ ဆွေးနွေးပွဲ၌ သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
“အသစ်ပြန်လည်ရေးဆွဲမည့် MAPDRR-2016 နှင့်စပ်လျဉ်းသည့် ဒုတိယအကြိမ်မြောက်နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့အစည်းအဝေး” ကျင်းပပြုလုပ်မှုသတင်း
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် UNDP တို့ပူးပေါင်း၍ (၆-၂-၂၀၁၇) ရက်နေ့တွင် “အသစ်ပြန်လည်ရေးဆွဲမည့် MAPDRR-2016 နှင့်စပ်လျဉ်းသည့် ဒုတိယအကြိမ်မြောက်နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့အစည်းအဝေး” ကို Grand Amara Hotel၊ နေပြည်တော်၌ ကျင်းပပြုလုပ်ရာ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
-
သထုံမြို့နယ်၊ ဘင်လှိုင်ရပ်ကွက်၊ ဝါးတော(မူလွန်)ကျောင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ရှောင်ရန်/ဆောင်ရန်များအား အသိပညာပေး ဟောပြောခြင်း
(၆-၂-၂၀၁၇)ရက်နေ့ နေ့လည်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချရေးဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သထုံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့်ပူးပေါင်း၍ သထုံမြို့နယ်၊ ဘင်လှိုင်ရပ်ကွက်၊ ဝါးတော(မူလွန်)ကျောင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ရှောင်ရန်/ဆောင်ရန်များအား အသိပညာပေး ဟောပြောပေးခဲ့ရာ ကျောင်းသား/ကျောင်းသူ (၄၁၁)ဦး တက်ရောက်ခဲ့ပြီး သဘာဝဘေးပညာပေး လက်ကမ်းစာစောင်များအား ဝေငှပေးခြင်းနှင့် ဘေးမျိုးစုံပါပိုစတာများ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source : သထုံခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
သထုံမြို့နယ်၊ ဘင်လှိုင်ရပ်ကွက်၊ မရမ်းချောင်(မူလွန်)ကျောင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ရှောင်ရန်/ဆောင်ရန်များအား အသိပညာပေး ဟောပြောခြင်း
(၆-၂-၂၀၁၇)ရက်နေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချရေးဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သထုံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့်ပူးပေါင်း၍ သထုံမြို့နယ်၊ ဘင်လှိုင်ရပ်ကွက်၊ မရမ်းချောင်(မူလွန်)ကျောင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ရှောင်ရန်/ဆောင်ရန်များအား အသိပညာပေး ဟောပြောပေးခဲ့ရာ ကျောင်းသား/ကျောင်းသူ (၂၃၁)ဦး တက်ရောက်ခဲ့ပြီး သဘာဝဘေးပညာပေး လက်ကမ်းစာစောင်များအား ဝေငှပေးခြင်းနှင့် ဘေးမျိုးစုံပါပိုစတာများ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source : သထုံခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
မအူပင်မြို့နယ်၊ ငါးဖယ်အိုကျေးရွာအုပ်စု၊ ငါးဖယ်အို အထက်စုကျေးရွာ မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုများပေးအပ်မှုသတင်း
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ ငါးဖယ်အိုကျေးရွာအုပ်စု၊ ငါးဖယ်အိုအထက်စုကျေးရွာ၌ (၄-၂-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၄) ဦး မီးဘေးသင့်ခဲ့ပါသည်။ အဆိုပါဘေးသင့်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ ဆန်ရိက္ခာ (၃)ရက်စာ (၃၆၀၀) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုး(၅၀၀၀၀) ကျပ်၊ ထောက်ပံ့ငွေစုစုပေါင်း (၅၃၆၀၀) ကျပ်တိတိအား (၇-၂-၂၀၁၇) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများက မီးဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးခဲ့ကြောင်း … Read more
-
လပွတ္တာမြို့ (၃)မိုင်မြို့သစ်အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လပွတ္တာခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် လပွတ္တာမြို့၊ စားသုံးသူရေးရာဦးစီးဌာန၊ မီးသတ်ဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၆-၂-၂၀၁၇ ) ရက်နေ့တွင် (၃)မိုင်မြို့သစ်အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/ကျောင်းသူ (၂၀၀) ဦး၊ ဆရာ/ ဆရာမ (၁၀) ဦးစုစုပေါင်း (၂၁၀) ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပဆောင်ရွက်ပေးခဲ့ပြီး သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များဝေငှပေးခဲ့ကြောင်း သိရှိရပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
လပွတ္တာမြို့ အမှတ် (၄) အခြေခံပညာမူလတန်းလွန်ကျောင်းနှင့် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်မှုသတင်း
လပွတ္တာခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် လပွတ္တာမြို့၊ စားသုံးသူရေးရာဦးစီးဌာန၊ မီးသတ်ဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၃-၂-၂၀၁၇ ) ရက်နေ့တွင် အမှတ် (၄) အခြေခံပညာမူလတန်းလွန်ကျောင်းနှင့် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်ခဲ့ရာ အမှတ် (၄) အခြေခံပညာမူလတန်းလွန်ကျောင်းမှ ဆရာ/ဆရာမနှင့် ကျောင်းသား/ ကျောင်းသူစုစုပေါင်း (၁၀၈) ဦး၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ/ဆရာမနှင့် ကျောင်းသား/ ကျောင်းသူစုစုပေါင်း (၃၀၆) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ကယားပြည်နယ်ဦးစီးမှူးရုံးမှ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်၊ ရှမ်းပိုင်းရပ်ကွက် မီးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်၊ ရှမ်းပိုင်း ရပ်ကွက် (၅.၂.၂၀၁၇) ရက်နေ့ဖြစ်ပွားခဲ့သည့် မီးဘေး (၁) အိမ်ထောင်အတွက် Family Kit (၁၉)မျိုးပါ (၁)စုံ၊ လူဦးရေစုစုပေါင်း (၄) ဦးအတွက်ဆန်ရိက္ခာ (၃) ရက်စာ (၃၆ဝဝိ/-) နှင့်အိမ်ဆောက် ပစ္စည်းဖိုး(၁ဝဝဝဝဝိ/)ကို (၆.၂.၂၀၁၇) ရက်၌ဘောလခဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကိုယ်စားလှယ် ဦးညီညီအောင် (ဒုဦးစီးမှူး) မှတဆင့် ထောက်ပံ့ပြီးဖြစ်ပါ ကြောင်းသတင်းရရှိပါသည်။ Source:ကယားပြည်နယ်ဦးစီးမှူးရုံး
-
ကျိုင်းတုံမြို့နယ် ၊ အမက (၆) ကျောင်းတွင် သဘာဝဘေး အသိပညာပေးဟောပြောပွဲ ပြုလုပ်မှုသတင်း
(၆-၂-၂၀၁၇) ရက်နေ့တွင် ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ကျိုင်းတုံ မြို့နယ်၊ အမက (၆) ကျောင်းတွင် သဘာဝဘေးအသိပညာပေး ဟောပြောပွဲ ပြုလုပ်ခဲ့ရာ ဆရာ/ ဆရာမနှင့် ကျောင်းသား /သူ စုစုပေါင်း (၅၈) ဦးတက်ရောက်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲတွင် သဘာဝဘေးအသိပညာပေး လက်ကမ်း စာစောင်များဖြန့်ဝေခြင်း၊ သဘာဝဘေး လှုပ်ရှားမှု မှတ်တမ်း ဓါတ်ပုံများကပ်ပေးခြင်း၊ အသိပညာပေး ပိုစတာ ပေးခြင်း၊ ဘေး (၈) မျိုးအကြောင်း ဆောင်ရန်ရှောင်ရန်များ ဟောပြောခြင်း၊ … Read more
-
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်အတွင်းရှိ ဖုန်းဆိုင်များ၌ DAN Mobile Application ရယူအသုံးပြုပုံနည်းလမ်းများနှင့် DAN Mobile Application Sticker များဖြန့်ဝေပေးမှုသတင်း
(၇-၂-၂၀၁၇) ရက်နေ့၊ (၁၁:ဝ၀) နာရီအချိန်တွင် ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများသည် စစ်တွေမြို့နယ်အတွင်းရှိ ဖုန်းဆိုင်များ၌ DAN Mobile Application ရယူအသုံးပြုပုံနည်းလမ်းများနှင့် DAN Mobile Application Sticker များဖြန့်ဝေပေးလျက်ရှိကြောင်း သိရှိရပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)









