Category Archives: News
-
လေဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ထီးချိုင်းမြို့နယ်၊ ဖက်တဲကျေးရွာ၌ (၂၅-၃-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားသော လေဘေးကြောင့် ပြိုကျအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၁) အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀,၀၀၀) ကျပ်တို့အား (၁၁-၄-၂၀၁၇) ရက်နေ့၌ ထီးချိုင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကသာခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
လေပြင်းဘေးကြိုတင်ကာကွယ်ရေးအတွက် ပြည်သူသို့ပန်ကြားလွှာစာစောင်များ ဖြန့်ဝေပေးမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၄-၂၀၁၇) ရက်နေ့တွင် မွန်ပြည်နယ်၊ သထုံမြို့အတွင်း လိပ်အင်းရပ်ကွက်နှင့် ကျောက်လုံးကြီးလှေဆိပ်တို့ရှိ ပြည်သူ (၂၀၀) တို့အား လေပြင်းဘေးကြိုတင်ကာကွယ်ရေးအတွက် ပြည်သူသို့ ပန်ကြားလွှာစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: သထုံခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရီမြို့၊ ဇလောင်းကျေးရွာ (တောင်) နှင့် ဇလောင်းကျေးရွာ (မြောက်) များသို့ သောက်သုံးရေများ ဖြန့်ဝေမှုသတင်း
(၁၂-၄-၂၀၁၇) ရက်နေ့တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ဥတ္တရသီရိမြို့၊ ဇလောင်းကျေးရွာ (တောင်) နှင့် ဇလောင်းကျေးရွာ (မြောက်) များသို့ သောက်ရေသန့်ဂါလံ (၂၁၀၀) အား သွားရောက်ပေးဝေခဲ့ကြောင်း သိရှိရပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ကဆရ)
-
စက်လှေနစ်မြုပ်သေဆုံးသူများအတွက် ထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်း ဒေသကြီးဦးစီးမှူးမှ တာဝန်ရှိသူများသည် (၇-၄-၂၀၁၇) ရက်နေ့ည ငွေကြယ်ပွင့်ရေယာဉ်နစ်မြုပ်မှုတွင် သေဆုံးသူများအတွက် ထောက်ပံ့ငွေ ပေးအပ်ပွဲအခမ်းအနားကို ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ (၁၂-၄-၂၀၁၇) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြ်ီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ပုသိမ်နှင့့် ငပုတောမြို့နယ်တို့မှ လွှတ်တော်ကိုယ်စားလှယ်များ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့့်ဌာနဆိုင်ရာ များနှင့် သေဆုံးသူများ၏ မိသားစုဝင်များ အရပ်ဖက်လူမှုရေးအဖွဲ့အစည်းများ တက်ရောက်ခဲ့ကြပါသည်။ စက်လှေနစ်မြုပ်မှုကြောင့့် အသက်ရှင်ကျန်ရစ်သူ (၃၀) ဦးအတွက် တစ်ဦးလျှင် (၅၀၀၀၀/-) နှုန်းဖြင့် ငွေကျပ် (၁၅) သိန်းနှင့် … Read more
-
လေဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကလေးခရိုင်၊ ကလေးဝမြို့နယ်အတွင်း၌ (၂၅-၃-၂၀၁၇) ရက်နေ့တွင် တိုက်ခတ်ခဲ့ကြောင့် လေဘေးကြောင့် လူနေအိမ် (၄၃) လုံးအမိုးလန်ပျက်စီးခဲ့ပါသည်။ အဆိုပါ အမိုးလန်နေအိမ် (၄၃) လုံးအတွက် တစ်အိမ်ထောင်လျှင် (၂၀,၀၀၀) နှုန်းဖြင့် စုစုပေါင်း (၈၆၀,၀၀၀) ကျပ်တို့အား (၁၁-၄-၂၀၁၇) ရက်နေ့တွင် ကလေးဝမြို့နယ်ထွေအုပ်ရုံးမှ ဒုမြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကလေးခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ဘားအံမြို့နယ်အတွင်း မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးမှုသတင်း
ကရင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၁၀-၄-၂၀၁၇) ရက်နေ့ (၁၉:ဝ၀) ချိန်၌ ဘားအံ မြို့နယ် ကော့သံခါကျေးရွာတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ် (၁) လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး အိမ်ထောင်စု (၁) စု ၊ လူဦးရေ (၂) ဦး တို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ Family Kit (၁) စုံ၊ အိမ်ဆောက်ပစ္စည်း ဖိုး(၂၀၀,၀၀ိ/-) နှင့် ဆန်ရိက္ခာ (၇) ရက်စာ (၄,၂၀ိ/-) ၊ စုစုပေါင်း … Read more
-
လေပြင်းဘေးကြိုတင်ကာကွယ်ရေးအတွက် ပြည်သူသို့ပန်ကြားလွှာ စာစောင်များဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၄-၂၀၁၇) ရက်နေ့၊ နံနက်ပိုင်းတွင် တောင်ကြီးမြို့ တောင်နီကျေးရွာ (၅) ရက် (၁) ကြိမ်စျေးနေ့သို့ လာရောက်ကြသော ရွာနီးချုပ်စပ်မှ ပြည်သူ (၇၀၀) ဦး အား လေပြင်းဘေးကြိုတင်ကာကွယ်ရေးအတွက် ပြည်သူသို့ ပန်ကြားလွှာစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၁-၄-၂၀၁၇) ရက်နေ့ မွန်းလွဲ (၁း၃၀) အချိန်တွင် ကျိုင်းတုံမြို့နယ်၊ အမှတ် (၁) ရပ်ကွက်၊ ယန်းခမ်းအောက်ရွာတွင် သဘာဝဘေးအသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ ကျေးရွာသူ/သား စုစုပေါင်း (၅၈) ဦးခန့်တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Souce: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ပြည်သူများအတွက် သဘာဝဘေးအထောက်အပ့ံပစ္စည်းများ အသက်ကယ်စက်လှေ၊ အသက်ကယ်အင်္ကျီနှင့်၊ အသက်ကယ်ဘောကွင်းများ ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၄-၂၀၁၇) ရက်နေ့တွင် အမ်းမြို့နယ်ပြည်သူများအတွက် သဘာဝဘေးအထောက်အပံ့ပစ္စည်းများ အသက်ကယ်စက်လှေ (၂) စီး၊ အသက်ကယ်အင်္ကျီ (၂၀) ထည်၊ အသက်ကယ်ဘောကွင်း (၂၀) ခုတို့အား (၁၂-၄-၂၀၁၇) ရက်နေ့ (၀၉းဝ၀) နာရီ၌ အမ်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ အခမ်းအနားဖြင့် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
မကွေးမြို့နယ်အတွင်း သောက်သုံးရေလှူဒါန်းမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိ သူများသည် (၁၂-၄-၂၀၁၇) ရက် နေ့ နံနက် (၁ဝ:၁၅) အချိန်တွင် ကြာကန်ကျေးရွာအုပ်စု၊ ကြာကန် ကျေးရွာနှင့် (၂) မိုင်ခန့်ဝေးကွာသော ဒေါ်ဖွားကင်း (တဲတိုက်)၊ဦးကျော်စိန် (တဲတိုက်)၊ ဦးပျိုလု (တဲတိုက်)၊ ဒေါ်နက်ပု(တဲတိုက်)၊ ဘုရားလေးဆူဘုန်ကြီးကျာင်းတိုက် အိမ်ခြေ (၁၀၀)၊ အိမ်ထောင်စု (၁၀၅)၊ လူဦးရေ (၅၀၀) တို့အတွက် သောက်သုံးရေဂါလံ (၇၂၀၀) ကို သွားရောက်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)









