ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကလေးခရိုင်၊ ကလေးဝမြို့နယ်အတွင်း၌ (၂၅-၃-၂၀၁၇) ရက်နေ့တွင် တိုက်ခတ်ခဲ့ကြောင့် လေဘေးကြောင့် လူနေအိမ် (၄၃) လုံးအမိုးလန်ပျက်စီးခဲ့ပါသည်။ အဆိုပါ အမိုးလန်နေအိမ် (၄၃) လုံးအတွက် တစ်အိမ်ထောင်လျှင် (၂၀,၀၀၀) နှုန်းဖြင့် စုစုပေါင်း (၈၆၀,၀၀၀) ကျပ်တို့အား (၁၁-၄-၂၀၁၇) ရက်နေ့တွင် ကလေးဝမြို့နယ်ထွေအုပ်ရုံးမှ ဒုမြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကလေးခရိုင်ဦးစီးမှူးရုံး (ကဆရ)