Category Archives: News
-
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်ရှိ လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်၊ ထိပ်ဝပြင်ကျေးရွာအုပ်စု၊ ရုပ်ချောင်းကျေးရွာတွင် (၁၂-၄-၂၀၁၇)ရက်နေ့က လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သော အိမ်ခြေများမှ လေဘေးသင့်ပြည်သူ (၁၀၇)ဦးအတွက် ဆန်ရိက္ခာ (၄)ရက်စာကို (၁၉-၄-၂၀၁၇)ရက်နေ့က မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ ထပ်မံထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ရမ်းဗြဲမြို့နယ်၊ မကျည်းရွာတွင် မုန်းတိုင်ဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျေက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၄-၂၀၁၇) ရက်နေ့တွင်ဖြစ်ပွားသော မာရသာမုန်တိုင်းကြောင့် ရမ်းဗြဲမြို့နယ်၊ မကျည်းရွာတွင် ပိုက်ဆိပ်တဲ အလုံး (၇၀) အမိုးလန်ခြင်းအတွက် ပိုက်ဆိပ် တဲ (၁) လုံးလျှင် (၁၀၀၀၀) ကျပ် နှုန်းထောက်ပံ့ခဲ့ရာ စုစုပေါင်းထောက်ပံ့ငွေ (၇၀၀၀၀၀) ကျပ်အား (၁၉-၄-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကျေက်ဖြူခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
လေပြင်းဘေးကြိုတင်ကာကွယ်ရေးအတွက်ပြည်သူသို့ပန်ကြားလွှာလက်ကမ်းစာစောင်ဝေငှမှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ (၂၀-၄-၂၀၁၇) ရက်နေ့တွင် မော်လမြိုင်မြို့၊သာယာအေးရပ်ကွက်နှင့် သီရိမင်္ဂလာရပ်ကွက်တို့တွင်လေပြင်းဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရန်နှင့် စပ်လျဉ်း၍ ဆောင်ရန်/ ရှောင်ရန် များအား ပြည်သူများသိရှိစေရန်အတွက် အသိပညာပေးလက်ကမ်းစာစောင် များအားလိုက်လံဖြန့်ဝေပေးခဲ့ ကြောင်းသတင်းရရှိပါသည်။ Source:မွန်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)
-
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် လေပြင်းဘေးကြိုတင်ပြင်ဆင်ရေး ပြည်သူသို့ပန်ကြားချက်ဗီနိုင်းစိုက်ထူမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၄-၂၀၁၇) ရက်နေ့က လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ပြည်သူသို့ပန်ကြားချက် ဗီနိုင်းဆိုင်းဘုတ်ကို ကရင်ပြည်နယ်၊ ဘားအံမြို့ အမှတ် (၁)စံပြစျေးကြီးတွင် စိုက်ထူပေးခဲ့ပြီး လေပြင်းဘေးကြိုတင်ပြင်ဆင်ရေး ဆောင်ရန်/ရှောင်ရန် အသိပညာပေးလက်ကမ်း စာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
-
လေဘေးကြိုတင်ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ပြည်သူသို့ပန်ကြားချက် ဗီနိုင်းပိုစတာစိုက်ထူမှု သတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှတာ ဝန်ရှိသူများသည် လေဘေးကြိုတင်ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ပြည်သူသို့ပန်ကြားချက် ဗီနိုင်းပိုစတာအား (၂၀-၄-၂၀၁၇) နေ့တွင် ကလေးခရိုင်ပြည်သူဆေးရုံရှေ့၌ စိုက်ထူ ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကလေးခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
လေပြင်းဘေးကြိုတင်ကာကွယ်ရေးအတွက်ပြည်သူသို့ပန်ကြားလွှာလက်ကမ်းစာစောင်ဝေငှမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၄-၂၀၁၇) ရက်နေ့တွင် လေပြင်းဘေးအန္တရာယ် ကြိုတင်ပြင် ဆင်ရန်နှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်များအား ပြည်သူများသိရှိစေရန်အတွက် အသိပညာပေးလက်ကမ်းစာစောင်များအား မော်လိုက်မြို့နယ်၏ ဆိပ်ကမ်း၊ ကားဂိမ် များနှင့် စျေးဆိုင်များရှိပြည်သူများထံသို့လိုက်လံ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိ ပါသည်။ Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့တွင် လေပြင်းဘေးကြိုတင်ပြင်ဆင်ရေး ပြည်သူသို့ပန်ကြားချက် ဗီနိုင်းစိုက်ထူမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လေပြင်းဘေး ကြိုတင်ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ပြည်သူသို့ ပန်ကြားချက် ဗီနိုင်းဆိုင်းဘုတ်ကို (၂၀-၄-၂၀၁၇) ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့ သီရိခေမာစျေးအနီး အထက်ကျောင်းရှေ့တွင် စိုက်ထူပေးခဲ့ကြောင်း သတင်းရရှိပါသည်။
-
မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်အတွင်းရှိ ဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်၊ သံဆည်ကျေးရွာနှင့် ငမကျေးရွာတို့တွင် (၁၈-၄-၂၀၁၇)ရက်နေ့ က မာရသာမုန်တိုင်းဒဏ်ကြောင့် အမိုးလန်သွားသော အိမ်ခြေ (၉၇)လုံး အတွက် ကယ်ဆယ်ရေးပစ္စည်း (၄)မျိုးနှင့် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၆၀၀၀၀)ကျပ်ကို (၂၀-၄-၂၀၁၇)ရက်နေ့က စေတုတ္တရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လွှဲပြောင်းထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်တွင် လေပြင်းဘေးကြိုတင် ကာကွယ်ရေးဗီနိုင်း များစိုက်ထူခြင်း နှင့် ရေသန့်ကဒ်များလှူဒါန်းထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်အတွင်း လေပြင်း ဘေးကြိုတင်ကာကွယ်ရေး ပြည်သူသို့ပြန်ကြားချက် ဗီနိုင်းများစိုက်ထူခြင်း၊ သောက်သုံး ရေလိုအပ်ချက်တင်ပြတောင်းခံထားသည့် နံ့သာမြိုင်ကျေးရွာတောင်ပေါ်ဘုန်းကြီး ကျောင်းသို့သွားရောက်၍ ကွင်းဆင်းလေ့လာခြင်း၊ လတ်တလော သောက်သုံးရေအဆင် ပြေစေရေး ရေသန့်ကဒ်များလှူဒါန်းခြင်းများကို (၁၉.၄.၂၀၁၇) ရက်နေ့တွင် သွားရောက် လှူဒါန်းထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်အတွင်း လေးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၄-၂၀၁၇) ရက်နေ့၊ (၁၃း၃၀) အချိန်တွင် မော်လမြိုင်ကျွန်မြို့နယ်၊ ရေတွင်းကုန်းကျေးရွာအုပ်စု၊ လေးဂွကြီးကျေးရွာနှင့် ဘင်္ဂလားကြီးကျေးရွာတွင် (၁၆-၄-၂၀၁၇) ရက်နေ့က ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ပြည်သူ အိမ်ခြေ(၃၁)လုံး၊ အိမ်ထောင်စု(၃၁)စု၊ ဘေးသင့် လူဦးရေ (၁၂၀) ဦးတို့အား အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွွေ(၃၁၀၀၀၀၀/ိ)၊ လုံးဝပျက်စီး(၁၆)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုးနှင့် အမိုးလန်အိမ်ခြေ (၁၅)လုံးအတွက် ကယ်ဆယ်ရေးပစ္စည် (၄)မျိုး၊ လူဦးရေ(၁၂၀)ဦးအတွက် ဆန်ရိက္ခာဖိုး(၂၅၂၀၀၀ိ/)l ငွေကျပ်စုစုပေါင်း (၃၃၅၂၀၀၀ိ/) အား လေဘေးသင့် ပြည်သူများထံသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်၊ မော်လမြိုင်ကျွန်းမြို့နယ် … Read more









