Category Archives: News
-
လျှပ်တစ်ပြက်ရေကြီးခြင်းမှကြိုတင်ပြင်ဆင်နိုင်စေရန်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၅-၂၀၁၇) ရက်နေ့တွင် ရမည်းသင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ညှိနှိုင်းလျက် ဆက္ထိုးပေါက်ကျေးရွာနှင့် အောင်ချမ်းသာကျေးရွာတို့တွင် လျှပ်တစ်ပြက်ရေကြီးခြင်းမှ ကြိုတင်ပြင်ဆင်နိုင်စေရန်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းကို ကျေးရွာသူ/သားများနှင့်အတူ မြို့နယ် ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ မြို့နယ်ဆရာဝန်နှင့် ပြည်သူ့ကျန်းမာရေးအဖွဲ့အစည်းများ စုစုပေါင်းလူဦးရေ (၄၀၀)ကျော်ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၅-၂၀၁၇ ) နေ့ (၀၉းဝ၀ ) နာရီတွင် မော်လူးကျေးရွာအုပ်ချုပ်ရေးမှူးရုံးအစည်းအဝေးခန်းမ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ယင်းဟောပြောပွဲတွင် အင်းတော်မြို့နယ်၊ မော်လူးကျေးရွာအုပ်စုရှိ ကျေးရွာအထောက်အကူပြုကော်မတီဝင်များ၊ ရွာခွဲအုပ်ချုပ်ရေးမှူးများ၊ မီးသတ်တပ်ဖွဲ့ဝင် အရံမီးသတ်တပ်ဖွဲ့ဝင်များ၊ NLD ပါတီမှ တာဝန်ရှိသူများ စုစုပေါင်း အင်အား (၆၀) ဦးခန့်တက်ရောက်ခဲ့ပါသည်။ ထို့ပြင် သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့်လက်ကမ်းစာစောင်များ အမှတ်တရလက်ဆောင် ပစ္စည်းများ ဝေငှပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကသာခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
စစ်တွေမြို့နယ်အတွင်း လူစည်ကားရာနေရာများ၌ မုတ်သုန်အကြိုကာလ သဘာဝဘေးအန္တရာယ်အသိပညာပေးဆိုင်းဘုတ်များ စိုက်ထူမှုသတင်း
ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၄/၅-၅-၂၀၁၇) ရက်နေ့များတွင် စစ်တွေမြို့နယ်အတွင်း လူစည်ကားရာနေရာများ၌ မုတ်သုန်အကြိုကာလ သဘာဝဘေးအန္တရာယ်အသိပညာပေးဆိုင်းဘုတ်များ စိုက်ထူခဲ့ကြောင်း သိရှိရပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ ပြည်သူသို့ပြန်ကြားချက်ပိုစတာ စိုက်ထူပြီးစီးမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မောင်တော ခရိုင်ဦးစီးမှူးရုံးမှ (၄-၅-၂၀၁၇) ရက်နေ့တွင် လေပြင်းဘေးကြို တင်ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ ပြည်သူသို ့ပြန်ကြားချက်ပိုစတာအား မောင်တောမြို႔မစျေးကြီးရှေ့လူစည်ကားသည့်နေရာများ၌ စိုက်ထူခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မောင်တောခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
မော်လမြိုင်မြို့၊ ဇေယျာသီရိရပ်ကွက်၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ပြုလုပ်မှုနှင့် လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးသတိပေးဆိုင်းဘုတ်ဗီနိုင်းအား စိုက်ထူမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၅-၂၀၁၇) ရက်နေ့၊ ၀၉း၃ဝနာရီအချိန်တွင် မော်လမြိုင်မြို့၊ ဇေယျာသီရိရပ်ကွက်၌ ရပ်ကွက်နေပြည်သူ (၂၅၀) ဦးအား သဘာဝဘေးအသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးသတိပေးဆိုင်းဘုတ်ဗီနိုင်းအားစိုက်ထူခဲ့ကြောင်း သိရှိရပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ ဗီနိုင်းများစိုက်ထူရန်အတွက် ကွင်းဆင်းဆောင်ရွက်နေမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၅-၂၀၁၇) ရက်နေ့တွင် မုတ်သုန်အကြိုကာလအတွင်း သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ဗီနီုင်းများအား စစ်တွေမြို့လောကနန္ဒာဘုရားရှေ့၊ ဦးဥတ္တမခန်းမရှေ့မြို့မစျေး၊ အဝေးပြေးကားဝင်းစသည့် အဆိုပါ (၄) နေရာ၌ စိုက်ထူနိုင်ရန် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်ခဲ့သည့်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
(၂၂-၄-၂၀၁၇) ရက်နေ့တွင် ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်၌ လေပြင်းတိုက်ခတ်မှုကြောင့် မြောက်ပိုင်းရပ်ကွက်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းအိမ်ရာ (၄) ခန်းတွဲ အမိုးလန်ခဲ့ရာ အဆိုပါအိမ်ထောင်စု (၄) စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၅)မျိုး(၄)အိမ်ထောင်စာနှင့် ဆန်ရိက္ခာဖိုး (၈၄၀၀) ကျပ်ကိုလည်းကောင်း၊ မယ်စဲ့ကျေးရွာအုပ်စု၊ ဝမ်ကန်ကျေးရွာ အမိုးလန်ခဲ့သည့် အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၆)မျိုး (၁)အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုး (၆၃၀၀) ကျပ်တို့ကိုလည်းကောင်း ကယားပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၄-၅-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ … Read more
-
စစ်တွေမြို့နယ်အတွင်း မုတ်သုန်အကြိုကာလ သဘာဝဘေးအန္တရာယ်အသိ်ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးမှုသတင်း
(၅-၅-၂၀၁၇) ရက်နေ့တွင် ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် စစ်တွေမြို့နယ်အတွင်း မုတ်သုန်အကြိုကာလ သဘာဝဘေးအန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်များအား ဒေသခံပြည်သူများထံသို့ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ရေဘေးကြိုတင်ပြင်ဆင်ရေးဇာတ်တိုက်လေ့ကျင့်မည့်နေရာသို့ကွင်းဆင်းဆောင်ရွက်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေဘေးဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်ရန် တပ်ကုန်းမြို့၊ သံပုရာကုန်းကျေးရွာသို့ (၄-၅-၂၀၁၇) နေ့တွင် သွားရောက်၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး (ကဆရ)









