Category Archives: News
-
မိုးကြိုးဘေးအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၅-၂၀၁၇) ရက်နေ့တွင် ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ လယ်မကျေးရွာ၌ မိုးကြိုးစက်ကွင်းမိ၍သေဆုံးသူ (၄) ဦးအတွက် (၁၂၀၀၀၀၀/-) ကျပ် ဒဏ်ရာရ၍ ဆေးကုသမှုခံယူနေသူ (၁) ဦးအတွက် (၅၀၀၀၀/-) ကျပ်၊ စုစုပေါင်း (၁၂၅၀၀၀၀/-) ကျပ်တို့အား ပေါက်မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးခန်းမ၌ မိုးကြိုးစက်ကွင်းမိ၍ သေဆုံးသူတို့၏ ကျန်ရစ်သူမိသားစုများထံသို့ (၈-၅-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ပေးပြီးဖြစ်ကြောင်း သတင်းရရှိပါသည်။ Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ပျဉ်းမနားမြို့နယ်၊ ကူတို့ဆိပ်ကျေးရွာအုပ်စု ကူတို့ဆိပ်ရွာရှိ ပြည်သူများအတွက် သောက်သုံးရေများဖြန့်ဝေပေးမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၅-၂၀၁၇) ရက်နေ့တွင် ပျဉ်းမနားမြို့နယ် ကူတို့ဆိပ်ကျေးရွာအုပ်စု ကူတို့ဆိပ်ရွာရှိ အိမ်ခြေ (၃၆၀) အိမ်ထောင်စု (၂၆၇) လူဦးရေ (၁၂၉၇) ဦးအတွက် သောက်သုံးရေဂါလံ (၄၈၀၀) အား ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး (ကဆရ)
-
လေဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၅-၂၀၁၇) ရက်နေ့၌ ဖြစ်ပွားသော လေဘေးကြောင့် လယ်ဝေးမြို့၊ ကူသပိတ်အုပ်စု ရွှေအုန်းပင်ကျေးရွာဘုန်းတော်ကြီးကျောင်း ကျောင်းဆောက်ပစ္စည်းဖိုးငွေ (၁) သိန်းအား (၈-၅-၂၀၁၇) ရက်နေ့တွင် သွား ရောက်ထောက်ပံပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး (ကဆရ)
-
ဒီပဲယင်းမြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၅-၂၀၁၇) ရက်နေ့တွင် ဒီပဲယင်းမြို့နယ် တည်တောကျေးရွာ ဖြစ်ပွားသော လေဘေးမှ အိမ်ခြေ ၃၄ အိမ်နှင့် ဘုန်းကြီးကျောင်း ၁ ကျောင်းအတွက် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ထောက်ပံ့သော family kits ၃၄ စုံ အိမ်ဆောက်ပစ္စည်းဖိုးငွေ ၁၅၄၀၀၀၀ ကရက္ကန်ကျေးရွာ အိမ်ခြေ ၂၅ အိမ်နှင့် ဘုန်ကြီးကျောင်း ၁ ကျောင်းအတွက် family kits ၂၅ စုံ အိမ်ဆောက်ပစ္စည်းဖိုးငွေ ၁၁၆၀၀၀၀ ဆူးတပ်ကျေးရွာ အိမ်ခြေ ၃ … Read more
-
လေဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၅-၂၀၁၇) ရက်နေ့၌ ဖြစ်ပွားသော လေဘေးကြောင့် လယ်ဝေးမြို့၊ ပတ္တာကျေးရွာ၌ ပြိုလဲအိမ် (၂) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၂) အိမ်စာ၊ အမိုးလန်အိမ် (၃) အိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၃) အိမ်စာ၊ ဆန်နှင့်အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွေ (၅၀၉၉၀၀/-) ကျပ်၊ ဘုန်းတော်ကြီးကျောင်းအတွက် (၉၀၀၀၀/-) ကျပ်အား (၈-၅-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး (ကဆရ)
-
လေဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၅-၂၀၁၇) ရက်နေ့၌ ဖြစ်ပွားသော လေဘေးကြောင့် လယ်ဝေးမြို့၊ အောင်သာကျေးရွာနှင့် ယက်ကန်းစင်ကျေးရွာတို့၌ ဆန်ဖိုးနှင့်အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၈၂၈၂၀၀/-) ကျပ်အား လယ်ဝေးမြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး (ကဆရ)
-
လေဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၅-၂၀၁၇) ရက်နေ့၌ ဖြစ်ပွားသော လေဘေးကြောင့် လယ်ဝေးမြို့၊ အမှတ် (၃) ရပ်ကွက် ဗုဒ္ဓရက္စိတဘုန်းတော်ကြီးကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုး ကျပ် (၁) သိန်းအား (၈-၅-၂၀၁၇) ရက်နေ့တွင် သွားရောက် ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး (ကဆရ)
-
မိုးကြိုးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၅-၂၀၁၇) ရက်နေ့တွင် လယ်ဝေးမြို့၊ ရေအိုးစင် ကျေးရွာ၌ မိုးကြိုးဘေးကြောင့် သေဆုံးသူ၏ မိသားစုဝင်အား ထောက်ပံ့ငွေ (၃) သိန်းကျပ်အား (၈-၅-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြာင်း သတင်း ရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး (ကဆရ)
-
လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ပြည်သူသို့ပန်ကြားချက်လက်ကမ်းစာစောင်များဖြန့်ဝေပေးမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် (၈-၅-၂၀၁၇) ရက်နေ့တွင် လေပြင်းဘေးကြိုတင်ပြင်ဆင် ရေးနှင့်စပ်လျဉ်း၍ပြည်သူသို့ပန်ကြားချက် လက်ကမ်းစာစောင်များအား ကျောက်ဖြူမြို့ပေါ်ရှိ ရပ်ကွက်များ၌ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ဇလွန်မြို့နယ် ကူတို့ဆိပ်ကျေးရွာအုပ်စု ကူတို့ဆိပ်ကျေးရွာ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ဟင်္သာတခရိုင် ဇလွန်မြို့နယ် ကူတို့ဆိပ်ကျေးရွာအုပ်စု ကူတို့ဆိပ်ကျေးရွာတွင် (၅-၅-၂၀၁၇)နေ့နှင့် (၇-၅-၂၀၁၇)နေ့တွင် ဖြစ်ပွားသော ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့ခဲ့သည့် အိမ်ခြေ (၃၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၃၁၀၀၀၀၀/-) လူဦးရေ(၁၀၈)ဦးအတွက် ဆန်ရိက္ခာရန်ပုံငွေ (၂၂၆၈၀၀/-) အိမ်ထောင်စု(၃၁)စုအတွက် တန်ဖိုး(၂၅၂၀၃၀/-)ရှိကဆရပစ္စည်း(၄)မျိုး (၃၁)အိမ်ထောင်စုစာ စုစုပေါင်းတန်ဖိုး (၃၅၇၈၈၃၀/-)ကို ဟင်္သာတခရိုင်ကယ်ဆယ်ရေးရုံးမှ တာဝန်ရှိသူများသည် (၈-၅-၂၀၁၇)နေ့တွင် ဇလွန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ကူတို့ဆိပ်ကျေးရွာသို့ သွားရောက်၍ ပြည်သူများလက်ဝယ် အရောက်ထောက်ပ့ံခဲ့ ကြောင်းသတင်းရရှိပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ)









