ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၅-၂၀၁၇) ရက်နေ့တွင် ဒီပဲယင်းမြို့နယ် တည်တောကျေးရွာ ဖြစ်ပွားသော လေဘေးမှ အိမ်ခြေ ၃၄ အိမ်နှင့် ဘုန်းကြီးကျောင်း ၁ ကျောင်းအတွက် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ထောက်ပံ့သော family kits ၃၄ စုံ အိမ်ဆောက်ပစ္စည်းဖိုးငွေ ၁၅၄၀၀၀၀ ကရက္ကန်ကျေးရွာ အိမ်ခြေ ၂၅ အိမ်နှင့် ဘုန်ကြီးကျောင်း ၁ ကျောင်းအတွက် family kits ၂၅ စုံ အိမ်ဆောက်ပစ္စည်းဖိုးငွေ ၁၁၆၀၀၀၀ ဆူးတပ်ကျေးရွာ အိမ်ခြေ ၃ အိမ်အတွက် family kits ၃ စုံ အိမ်ဆောက်ပစ္စည်းဖိုးငွေ ၁၅၀၀၀၀ ဒိုင်နတ်ကျေးရွာ အိမ်ခြေ ၈ အိမ်နှင့် ဘုန်းကြီးကျောင်း ၁ကျောင်းအတွက် family kits ၈ စုံ အိမ်ဆောက်ပစ္စည်းဖိုးငွေ ၃၄၀၀၀၀ မရက်ကန်ကျေးရွာ အိမ်ခြေ ၁၄၆ အိမ်နှင့် ဘုန်းကြီးကျောင်း ၂ ကျောင်းအတွက် family kits ၁၄၆ စုံ အိမ်ဆောက်ပစ္စည်းဖိုးငွေ ၆၃၂၀၀၀၀ စုစုပေါင်းထောက်ပံ့မှု family kits ၂၁၆နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ ၉၅၁၀၀၀၀ အား လွှတ်တော်ကိုယ်စားလှယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဌာနဆိုင်ရာများ မြို့မိ မြို့ဖများနှင့်အတူ တိုင်းဒေသကြီးဦးစီးမှူးသည် (၈-၅-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ ကြောင်း သတင်းရရှိပါသည်။
Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)